Home သတင်း အစိုးရနှင့် ကရင်လက်နက်ကိုင်အဖွဲ့ မြဝတီ၌ ပစ်ခတ်မှုဆက်ဖြစ်

အစိုးရနှင့် ကရင်လက်နက်ကိုင်အဖွဲ့ မြဝတီ၌ ပစ်ခတ်မှုဆက်ဖြစ်

1987

စက်တင်ဘာ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့ပြင်ရှိ ‌အောင်‌မြေ‌ရွှေဘို ရပ်ကွက်တွင် ယ‌နေ့ ၁၁နာရီခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုတစ်ခု အချိန်ပိုင်းဖြစ်ပွားခဲ့သည် ဟု မြို့ခံလူထု၏ ‌ပြောပြချက်များအရ သိရသည်။

မြို့ခံ အမျိုးသမီးတစ်ဦးက “တိုက်ပွဲဖြစ်တာက ‌အောင်‌မြေ‌ရွှေဘိုရပ်ကွက်နားက မ‌ချော‌လေးကုန်းမှာတဲ့။ အဲဒီမှာက စစ်တပ်‌ကော၊ ဘီဂျီအက်ဖ်‌ကော ရှိတယ်‌လေ။ အခု‌တော့ ငြိမ်သွားပြီ။ ဒါ‌ပေမဲ့ စစ်တပ်က မြို့ပြင်ထွက်မဲ့လမ်းကို ‌နေ့လည်ပိုင်းက ခန ပိတ်ထားခဲ့ ‌သေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မည်သည့်လက်နက်ကိုင်အဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားသည်ကို အတိအကျ မသိရ‌သေး‌သော်လည်း ယင်းသို့လုံခြုံ‌ရေး မ‌ကောင်း သည့်အတွက် မြဝတီမြို့ခံလူထုမှာ ထိတ်လန့်‌နေကြပြီး ‌ဈေးဆိုင်များပိတ်ကာ၊ ‌ကျောင်းသူ‌ကျောင်းသားများကို ‌ကျောင်းများမှ ပြန် လွှတ်‌ပေးလိုက်ပြီဖြစ်‌ကြောင်း ၎င်းမြို့ခံက ဆက်‌ပြောသည်။

အလားတူ ယ‌နေ့မနက် ၅နာရီခန့်က ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေ တပ်မဟာ(၆)ရှိ ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်အချို့ကို အစိုးရတပ်မှ စစ်‌ကြောင်း အလုံးအရင်းနှင့် ပိတ်ဆို့တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု ဒီ‌ကေဘီ‌အေ သတင်းရပ်ကွက်အရ သိရသည်။ ယမန်‌နေ့က လည်း မွန်ပြည်နယ် ကျိုက်မ‌ရောမြို့နယ်အတွင်း ဒီ‌ကေဘီ‌အေမှ ဗိုလ်ကြီး‌ကော်ကြီး ဦး‌ဆောင်‌သောတပ်ဖွဲ့သည် အစိုးရတပ် (တပ် အမှတ်မသိ)နှင့် ယမန်‌နေ့မနက် ၁ဝနာရီမှ မွန်းလွဲ ၃နာရီအထိ တို်က်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲ‌ကြောင့် အစိုးရဘက်က ၁၃ဦး ဒဏ်ရာရ၊ ၄ဦးကျဆုံးကာ အထမ်းသမား ၂ဦးကို ဒီ‌ကေဘီ‌အေ ဖမ်းဆီးလိုက်ပြီး အစိုးရတပ်၏ လက်နက် ၁၅လက်ကိုပါ သိမ်း ဆည်းလိုက်‌ကြောင်း သိရသည်။

ထို့အပြင် မြဝတီရှိ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီမှ ဗိုလ်မှူးကြီးတိုင်းဂါး၏ ရုံးကိုလည်း အစိုးရစစ်တပ်မှ ဝင်‌ရောက်သိမ်း ဆည်းလိုက်သည်ဟု ကြားသိရ‌သော်လည်း အတည်ပြုရန်အတွက် ဆက်သွယ်မရ‌သေး‌ပေ။ မြဝတီမြို့တွင် စက်တင်ဘာ ၁၈ရက် ‌နေ့က အစိုးရတပ်၏ ပစ်ခတ်မှု‌ကြောင့် ဒီ‌ကေဘီ‌အေမှ ဗိုလ်လင်းနိုင် ‌သေဆုံးသွားကာ တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

၎င်း‌နောက် အစိုးရတပ်နှင့် ဒီ‌ကေဘီ‌အေ၊ ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့များ သ‌ဘောထားတင်းမာမှုများ ဖြစ်ပွားခဲ့ပြီး‌နောက်ပိုင်း ယမန်‌နေ့က ‌ကော့ကရိတ်မှ မြဝတီသို့ အစိုးရစစ်ကား ၆စီးခန့်တက်လာသည်ကို လက်နက်ကြီးနှင့်လှမ်း၍ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ ‌သေးသည်။

ယ‌နေ့ မွန်းလွဲ ၂နာရီအချိန်တွင် ရရှိသည့်သတင်းအရ အစိုးရတပ်ကားနှစ်စီးမှာ မြဝတီမြို့အထွက် Morning Star စား‌သောက် ဆိုင်‌ရှေ့ လမ်းမကိုပိတ်ဆို့ရပ်ထားပြီး မြို့တွင်းမှကားများကို မြို့ပြင်ထွက်ခွင့်မ‌ပေးဘဲ ‌ခေတ္တ ပိတ်ပင်တားဆီးထားရာက ယခု ပြန် ဖွင့်‌ပေးလိုက်ပြီဖြစ်‌ကြောင်း မြို့ခံလူထုက ‌ပြောသည်။