Home တွေ့ဆုံမေးမြန်းခန်း ‌တွေ့ဆုံ‌မေးမြန်းချက်

‌တွေ့ဆုံ‌မေးမြန်းချက်

2155

ကြားဖြတ်‌ရွေး‌ကောက်ပွဲထက် PR က ပိုအ‌ရေးကြီး‌နေ

ကရင်ပြည်နယ် အ‌ခြေစိုက် Kayin Democratic Party-KDP ကို ၂၀၁၁ခုနှစ်၊ နိုဝင်ဘာတွင် တည်‌ထောင်ခဲ့ပြီး ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလတွင် တရားဝင် နိုင်ငံ‌ရေးပါတီအ‌နေဖြင့် မြန်မာအစိုးရမှ ခွင့်ပြုထား‌သော ကရင်ပါတီတစ်ခု ဖြစ်သည်။ ၂၀၁၄ခုနှစ်၊ နှစ် ကုန်ပိုင်း၌ ပြုလုပ်မည်ဟု ‌ကြေညာထားသည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် လစ်လပ်‌နေသည့် လှိုင်းဘွဲ မဲဆန္ဒနယ်၌ ဝင်‌ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားခဲ့‌သော်လည်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ဖျက်သိမ်းလိုက်ခြင်းအ‌ပေါ် ပါတီဥက္ကဌ ‌စောရဲ ဝင်းနိုင်၏ အမြင်သ‌ဘောထားကို ‌ကေအိုင်စီသတင်း‌ထောက် ‌စောညွှန့်‌သောင်းက ‌တွေ့ဆုံ‌မေးမြန်းခဲ့သည်။

‌မေး။ ။ နိုင်ငံ‌တော်က ဒီနှစ်ကုန်ပိုင်းမှာ လုပ်မယ်ဆိုတဲ့ ကြားဖြတ်‌ရွေး‌ကောက်ပွဲကို ဖျက်သိမ်းလိုက်တဲ့အ‌ပေါ် ဘာ‌ကြောင့်လို့ ယူဆပါသလဲ။
‌ဖြေ။ ။ ဘာ‌ကြောင့် ဖျက်သိမ်းရလဲဆိုတာ‌တော့ သူတို့က PR ကို ကျင့်သုံးဖို့ အတည်ပြုဖို့ လုပ်‌နေတာ‌လေ။ လာမယ့် ၂၀၁၅ အမှီလုပ်ဖို့ သူတို့ကြိုးစား‌နေပါတယ်။ ဒီ၂၀၁၄ ကြားဖြတ်‌ရွေး‌ကောက်ပွဲလုပ်ဖို့‌တော့ သူတို့ စိတ်မဝင်စားဘူး။ အဓိက သူတို့ တာစူ ‌နေတာက‌တော့ ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ PR ကျင့်သုံးဖို့အ‌ရေးပါပဲ။ ဒါ‌ကြောင့် သူတို့ ဖျက်သိမ်းလိုက်တယ်လို့ ယူဆတယ်။

‌မေး။ ။ ဒီဖျက်သိမ်းလိုက်တဲ့ ကြားဖြတ်‌ရွေး‌ကောက်ပွဲက ဘယ်‌လောက်အ‌ရေးကြီးလဲလို့ ယူဆပါသလဲ။
‌ဖြေ။ ။ ‌နေရာအစုံမှာ‌တော့ မ‌ပြောတတ်ဘူး။ ဒါ‌ပေမယ့် လစ်လပ်တဲ့‌နေရာ‌တွေမှာ‌တော့ သိပ်ပြီးအ‌ရေးကြီးတယ်။ ဘာဖြစ်လို့ လဲဆို‌တော့ အဲဒီလစ်လပ်တဲ့‌နေရာ‌တွေမှာ ပြည်သူ‌တွေရဲ့အသံဟာ လွှတ်‌တော်မှာ မ‌ရောက်လာ‌တော့ဘူး။ အဲဒီ‌နေရာ‌တွေမှာ လူ့ အခွင့်အ‌ရေး ဘယ်‌လောက်ချိုး‌ဖေါက်ခံရသလဲဆိုတာ ဘယ်သူမှ မသိဘူး။ အဲဒီမှာ ဖြစ်ပွားတဲ့ ပြဿနာ‌တွေ အများကြီးဖြစ်‌နေ တယ်။ လွှတ်‌တော်မှာလည်း ဘယ်သူမှ မတင်‌ပေးဖြစ်ဘူး။ ဒါ‌ကြောင့် အ‌ရေးကြီးပါတယ်။

‌မေး။ ။ ၂၀၁၄ ကြားဖြတ်ဝင်ဖို့ KDP အ‌နေနဲ့ ဘာ‌တွေပြင်ဆင်မှု‌တွေ လုပ်‌ဆောင်တာရှိခဲ့ပါသလဲ။
‌ဖြေ။ ။ ကရင်ပြည်နယ်မှာ အဲဒီလစ်လပ်‌နေတဲ့‌နေရာက အရင်ဆိုရင် ကျ‌နော်တို့ KDP ဥက္ကဌ ‌စောရှားထွန့်‌ဖေါင်ရဲ့ ‌နေရာပဲ။ ပြီး ‌တော့ ဝင်ပြိုင်ဖြစ်ခဲ့ရင် ကျ‌နော်တို့ပါတီကပဲ နိုင်မှာပဲ ‌သေချာတယ်။ ကျ‌နော်တို့က အဲဒီ‌နေရာမှာ လူထု‌တွေကို စည်းရုံးခဲ့ပြီးတာ ကြာပြီးဖြစ်တယ်။ ပြည်သူလူထု‌တွေလည်း ကျ‌နော်တို့ကို ‌ထောက်ခံခဲ့ပြီးသားပဲ။ ကျ‌နော်တို့က ဒီလိုပြင်ဆင်မှုလုပ်ထားပြီးမှ ပျက် သွားတယ်ဆို‌တော့ အဲဒီ‌နေရာမှာရှိတဲ့ လူထု‌တွေရဲ့ ခံစားချက်‌တွေကို တင်ပြခွင့်မရှိ‌တော့ဘူး ဖြစ်‌နေတာ‌ပေါ့။

‌မေး။ ။ ကြားဖြတ်‌ရွေး‌ကောက်ပွဲကို ‌ကော်မရှင်က ဖျက်သိမ်းလိုက်‌တော့ KDP အတွက် ဘာ‌တွေ ထိခိုက်မှုများ ရှိသွားသလဲ။
‌ဖြေ။ ။ ကျ‌နော်တို့အတွက်အ‌တော့ သိပ်မထိခိုက်ပါဘူး။ ပြည်သူလူထု‌တွေကပဲ ထိခိုက်မှုများတယ်။ သူတို့ တင်ပြချင်တဲ့အရာ ‌တွေ ‌ပြောချင်တဲ့ဟာ‌တွေ မတင်ပြရ‌တော့ဘူး‌ပေါ့။ ကျ‌နော်တို့ပါတီအ‌နေ‌တော့ ၂၀၁၅မှာလည်း ရှိ‌နေ‌သေးတာပါပဲ။ ပါတီအ‌နေနဲ့ ‌တော့ သိပ်မထိခိုက်ပါဘူး။

‌မေး။ ။ ဒီလိုကြားဖြတ်‌ရွေး‌ကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့အ‌ပေါ်မှာ အစိုးရကို အဓိက ဘာ‌တွေ ‌ထောက်ပြ‌ပြောဆိုချင်ပါသလဲ။
‌ဖြေ။ ။ ပြည်သူ့အသံ‌တွေကို အတတ်နိုင်ဆုံး အများဆုံး လွှမ်းမိုးနိုင်‌အောင် လုပ်‌စေချင်ပါတယ်။ နိုင်ငံ‌တော်ကလည်း ‌နောက် ‌နောင်ဆိုရင် ဘယ်အရာပဲဖြစ်ဖြစ် ကတိ‌ပေးပြီးသား‌တွေကို ကတိတည်ဖို့‌တော့ လိုတယ်။ လစ်ဟာသွားတဲ့‌နေရာ‌တွေမှာ ရှိ‌နေကြ တဲ့ ပြည်သူ‌တွေအတွက် ဘယ်‌လောက်နစ်နာမှုရှိသလဲဆိုတာ နိုင်ငံ‌တော်က မသိ‌ပေမယ့် ကျ‌နော်တို့က‌တော့ သိ‌နေပါတယ်။

‌မေး။ ။ လက်ရှိသွား‌နေတဲ့ အစိုးရရဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ပေါ်မှာ ဘယ်လိုသုံးသပ်မိပါသလဲ။
‌ဖြေ။ ။ ဘယ်လိုသုံးသပ်မိလဲဆို‌တော့ နိုင်ငံ‌တော်အ‌နေနဲ့လည်း အခက်အခဲ အများကြီးရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဘက်မှာလည်း ကွဲပြားမှု‌တွေ အများကြီး ရှိ‌နေပါ‌သေးတယ်။ ‌အောင်မြင်မှုရရှိဖို့အတွက်က‌တော့ အချိန်အများကြီး လိုအပ် ‌သေးတယ်လို့‌တော့ မြင်တယ်။ ဒီကြားမှာ Framework (နိုင်ငံ‌ရေးမူ‌ဘောင်)ဟာ ခိုင်မာဖို့ အ‌ရေးကြီးတယ်‌ပေါ့။ ဘယ်အစိုးရပဲ တက်လာ၊ တက်လာ ဒီ framework အ‌ပေါ်မှာ လုပ်သွားဖို့ပဲ လိုတယ်။ framework မခိုင်မာရင်‌တော့ ‌နောင်တက်လာမယ့် အစိုးရလက်ထဲမှာ ငြိမ်းချမ်း‌ရေးဟာ ‌ပျောက်ပျက်သွားမှာပဲ။

‌မေး။ ။ ‌စော‌စောက ‌ပြောသွားတဲ့အထဲမှာ အစိုးရက ကြားဖြတ်‌ရွေး‌ကောက်ပွဲထက် PR ကို အဓိက တာစူ‌နေတယ်ဆို‌တော့ ဒီစနစ်က‌ရော နိုင်ငံ‌ရေးပါတီ‌တွေနဲ့ မဲဆန္ဒရှင် ပြည်သူလူထုအတွက် ဘယ်‌လောက်ထိ အ‌ရေးပါ‌နေတယ်လို့ ထင်ပါသလဲ။
‌ဖြေ။ ။ ဒီစနစ်က‌တော့ ဒီမိုက‌ရေစီကို အသားကျပြီးသားဖြစ်တဲ့ နိုင်ငံ‌တွေမှာ‌တော့ ပြဿနာမရှိပါဘူး။ အသားမကျ‌သေးတဲ့ မြန်မာနိုင်ငံအ‌နေနဲ့ PR စနစ်ကို ကျင့်သုံးရင် နိုင်ငံ‌ရေးပါတီ‌တွေမှာ ရှုတ်‌ထွေးမှု‌တွေ အများကြီး ဖြစ်‌ပေါ်လာနိုင်ပါတယ်။ မဲဆန္ဒရှင် ‌တွေလည်း မဲ‌ပေးတဲ့အခါမှာ နားလည်မှု‌တွေ လွဲမှားသွားနိုင်သလို ပြဿနာ ဖြစ်‌ပေါ်နိုင်ပါတယ်။

‌မေး။ ။ ဒီကြားဖြတ်‌ရွေး‌ကောက်ပွဲနဲ့ ပတ်သက်ပြီး ‌နောက်ထပ် ဘာ‌တွေ ‌ပြောကြားချင်ပါသလဲ။
‌ဖြေ။ ။ လာမယ့် ၂၀၁၄ ကြားဖြတ်‌ရွေး‌ကောက်ပွဲမှာ နိုင်ငံ‌တော်က ကျင်းပဖို့ ကတိ‌ပေးပြီး‌တော့မှ နိုင်ငံ‌တော်ကပဲ ပြန်ဖျက် လိုက်တယ်။ မြန်မာနိုင်ငံဟာ သိက္ခာရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်‌စေချင်ပါတယ်။ ဒီလို ဖျက်သိမ်းလိုက်‌တော့ ပြည်သူ‌တွေ နစ်နာမှုရှိ ‌နေပါတယ်ဆိုတာ‌တော့ နိုင်ငံ‌တော်ကို ‌ပြောကြားချင်ပါတယ်။

KDP ဥက္ကဌ ‌စောရဲဝင်းနိုင်သည် ကရင်ပြည်နယ်၊ ဖားအံမြို့ အ.ထ.က(၁)‌ကျောင်း၌ ၁၉၈၇ခုနှစ်တွင် အထက်တန်း‌ကျောင်းကို ‌အောင်မြင်ခဲ့သည်။ ၁၉၉၄ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပ‌ဒေဘွဲ့ကို ရရှိပြီး‌နောက် ‌ရှေ့‌နေအဖြစ် ၄နှစ် အမှုလိုက်ခဲ့သည်။ ထို့ ‌နောက် စီးပွား‌ရေး ပြန်လည်လုပ်ကိုင်ခဲ့ပြီး ၂၀၁၁ခုနှစ်တွင် နိုင်ငံ‌ရေးပါတီသို့ ဝင်‌ရောက်လုပ်ကိုင်ခဲ့သူဖြစ်သည်။