Home သတင်း ‌ကော့ကရိတ်မြို့နယ်တွင် ‌ကေအဲန်ယူက အခမဲ့‌ဆေးရုံ ဖွင့်မည်

‌ကော့ကရိတ်မြို့နယ်တွင် ‌ကေအဲန်ယူက အခမဲ့‌ဆေးရုံ ဖွင့်မည်

2027

ဇွန် ၂၆ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် နန်း‌ရွှေမှုံ‌ကျေးရွာ၌ လာမည့် ဇူလိုင်လကုန်တွင် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန် ယူ)မှ အခမဲ့ ‌ဆေးရုံတစ်လုံးကို ဖွင့်လှစ်နိုင်‌တော့မည်ဟု ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် ဥက္ကဌ ပဒို‌စော‌မောထူးက ‌ပြောသည်။

၂၀၁၄ခုနှစ်၊ ဇန်နဝါရီလတွင် စတင်‌ဆောက်လုပ်ခဲ့သည့် ယင်း‌ဆေးရုံကို ‌ကော့ကရိတ်မြို့နယ် ‌ကေအဲန်ယူမှ ဦး‌ဆောင်ပြီး DKBA နှင့် ‌ဒေသခံပြည်သူလူထုကလည်း ဝိုင်းဝန်းကူညီ‌ဆောက်လုပ်‌ပေးခဲ့ရာ စုစု‌ပေါင်း ကုန်ကျစရိတ်မှာ သိန်း ၅၀ဝဖြစ်သည်။ လက်ရှိ အချိန်တွင် တည်‌ဆောက်မှုအပိုင်း၌ အ‌ချောကိုင်ရန်သာ ကျန်ရှိ‌တော့သည်ဟု သူက ‌ပြောဆိုသည်။

“‌ဆေးရုံက ပြီးခါနီးပြီ‌ပေါ့‌နော်။ ဒီ‌ဆေးရုံကို ‌ဆောက်လုပ်‌ပေးခြင်းအားဖြင့် လူထု‌တွေက မြို့မှာ ‌ဆေးသွားကုလို့ရှိရင် ကုန်ကျမှု‌တွေ အများကြီး ရှိတာ‌ပေါ့။ ဒီလို‌ဆေးခန်းရှိပြီးဆိုရင် လူထု‌တွေဟာ မြို့ထဲ မသွားရ‌တော့ဘူး။ အခုလက်ရှိ ကျ‌နော်တို့ အဖွဲ့အစည်းက ဒီလိုဝိုင်းကူညီတာ လူထု‌တွေလည်း အများကြီး သက်သာတာ‌ပေါ့”ဟု ပဒို‌စော‌မောထူးက ‌ပြောဆိုသည်။

‌ကော့ကရိတ်မြို့နယ်ရှိ ‌ကျေးရွာများသည် ငှက်ဖျား၊ တုပ်‌ကွေး၊ ဝမ်း‌ရောဂါနှင့် အခြား‌ရောဂါများ အပါအဝင် ကုသရန် အ‌ခြေအ‌နေ ဆိုးဝါး‌သော ‌ရောဂါ‌ဝေဒနာရှင်များနှင့် က‌လေး‌မွေးရန် ခက်ခဲသည့် ကိုယ်ဝန်‌ဆောင်မိခင်များကို ‌ကော့ကရိတ်‌ဆေးရုံသို့ ပို့‌ဆောင် ရသည်။ ထို့အပြင် မျက်စိခွဲစိပ်သင့်‌သော ‌ဝေဒနာရှင်များမှာ ထိုင်း-မြန်မာနယ်စပ် မယ်‌တော်‌ဆေးခန်းသို့ သွား‌ရောက်ကာ ‌ဆေး ကုသမှု ခံယူခဲ့ရ‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်များအရ သိရသည်။

‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် ကျန်းမာ‌ရေးမှူး ‌နော်မာနယ်ရှီးက “ဒီ‌ဆေးခန်းဖြစ်လာ‌တော့လည်းပဲ ပိုပြီး‌တော့ ဝမ်းသာရတာ‌ပေါ့ ‌နော်။ ဘာဖြစ်လို့လဲဆို‌တော အရင်တုန်းက ခိုး‌ကြောင်းခိုးဝှက်နဲ့ ‌ဆေးကုသမှု‌တွေ လုပ်ရတာကိုး။ ကျန်းမာ‌ရေးလုပ်သား လာလုပ် တဲ့ က‌လေး‌တွေလည်း ကြပ်ကြပ်တည်းတည်းနဲ့ ‌နေခဲ့ရတယ်။ အခုလို ‌ဆေးရုံ‌ဆောက်ပြီးသွားရင် အားလုံး အဆင်‌ပြေသွားမှာပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေသခံတစ်ဦးဖြစ်သည့် ‌စောမြ‌အေးကလည်း ‌ကေအဲန်ယူမှ ပြည်သူလူထုအတွက် ယခုလို အခမဲ့‌ဆေးရုံ တည်‌ဆောက်လိုက် သည့်အတွက် ဝမ်းသာ‌ကြောင်းနှင့် လက်ရှိ ‌ဆေးကုသရန် အခက်အခဲရှိ‌သော ‌ဒေသခံ ပြည်သူလူထုများအတွက် များစွာ အ‌ထောက်အကူဖြစ်လာနိုင်မည်ဖြစ်‌ကြောင်း ‌ပြောသည်။

‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ်မှ ဦး‌ဆောင်၍ ယခု တည်‌ဆောက်သည့် အခမဲ့ ‌ဆေးရုံသည် ‌ကော့ကရိတ်မြို့နယ်‌တောင်ပိုင်း တွင် တည်ရှိပြီး မြို့နှင့် ၃မိုင် အကွာအ‌ဝေးတွင် တည်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့ကလည်း ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ်က အ‌ရှေ့‌ဒေါနဘက်ခြမ်းတွင် မဲ့က နယ် အခမဲ့ ‌ဆေး‌ပေးခန်းတစ်လုံး တည်‌ဆောက်ခဲ့သည့်‌နောက် ‌ကော့ကရိတ်မြို့နယ်အတွင်း ပထမဦးဆုံးအကြိမ် ထပ်မံ‌ဆောက် လုပ်လာခြင်းဖြစ်‌ကြောင်း သိရသည်။