Home သတင်း လက်ရှိ နိုင်ငံ‌ရေးအ‌ပေါ် အချက် (၅)ချက်ပါ ‌ကြေညာချက် PSDP ထုတ်ပြန်

လက်ရှိ နိုင်ငံ‌ရေးအ‌ပေါ် အချက် (၅)ချက်ပါ ‌ကြေညာချက် PSDP ထုတ်ပြန်

1934

ဇွန် ၁၉ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

လက်ရှိဖြစ်‌ပေါ်‌နေသည့် မြန်မာ့နိုင်ငံ‌ရေးအ‌ပေါ် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် အ‌ခြေစိုက်လျှက်ရှိသည့် ကရင်နိုင်ငံ‌ရေး ပါတီကြီးတစ်ခုဖြစ်‌သော ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)က အချက် (၅)ချက်ပါ သ‌ဘောထား ‌ကြေညာချက် တစ်‌စောင်ကို ဇွန် ၁၆ရက်‌နေ့က ထုတ်ပြန်လိုက်သည်။

၎င်းထုတ်ပြန်ချက်အရ ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြင်လိုသည့်အချက်များကို အ‌ခြေခံဥပ‌ဒေ ‌လေ့လာသုံးသပ်‌ရေး‌ကော်မတီ သို့ PSDP မှ ထပ်‌လောင်းအကြံပြုခြင်း၊ PR စနစ်ကျင့်သုံးပါက သမာသမတ်ကျ‌သော ‌ရွေး‌ကောက်ပွဲတစ်ရပ် ဖြစ်‌ပေါ်ရန် ခက်ခဲခြင်း၊ ဖက်ဒရယ်ပြည်‌ထောင်စုစနစ် တည်‌ဆောင်နိုင်မှသာ ငြိမ်းချမ်း‌ရေးအမှန်ရရှိမည်ဟု ယုံကြည်ခြင်း၊ သမ္မတ ဦးသိန်းစိန်၏ ‌နောက်သက်တမ်းအတွက် ‌ပြောဆို‌သော ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)စကားမှာ ကရင်လူ ထုတရပ်လုံး၏ ဆန္ဒကိုယူသင့်ခြင်းနှင့် မူးယစ်‌ဆေးဝါး အန္တရာယ်ကို အစိုးရမှ ပြတ်ပြတ်သားသား ‌ဆောင်ရွက်‌ပေး‌စေလို ခြင်း စသည့်အချက်များ ‌ဖော်ပြထားသည်။

ထုတ်ပြန်ချက်နှင့် ပတ်သက်၍ PSDP အတွင်း‌ရေးမှူး စဘီဂျင်ဦးက “အခုထုတ်ပြန်လိုက်တဲ့ အချက်‌တွေဟာ လက်ရှိဖြစ် ‌ပေါ်‌နေတဲ့ နိုင်ငံ‌ရေး အခင်းအကျင်း‌တွေနဲ့ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ သ‌ဘောထား‌တွေကို အများသိရှိရ‌အောင်ဆို တဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဇွန်လ ၁၆ရက်‌နေ့က ဖားအံမြို့တွင် ကျင်းပသည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ၏ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ နှင့် ဗဟို‌ကော်မတီတို့၏ ပုံမှန် ပူးတွဲညှိနှိုင်းအစည်းအ‌ဝေးအပြီးတွင် ယင်း‌ကြေညာချက်ကို ထုတ်ပြန်‌တောင်းဆိုလိုက် ခြင်းလည်း ဖြစ်သည်။

PSDP ထုတ်ပြန်ချက်အ‌ပေါ် မြန်မာ့နိုင်ငံ‌ရေး ‌လေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ‌စောကပီက “ဒီထုတ်ပြန်တဲ့အချက် ‌တွေကို ‌ထောက်ခံတယ်။ အထူးသဖြင့် အဲဒီအချက်‌တွေထဲက ဦးသိန်းစိန် ‌နောက်သက်တမ်း သမ္မတဖြစ်‌ရေးအချက်ပါ။ တကယ်ဆိုရင် ကရင်အမျိုးသားကိုယ်စားပြုအဖွဲ့အစည်းတစ်ခုရဲ့ ‌ခေါင်း‌ဆောင်အ‌နေနဲ့ လက်လွတ်စပယ် မ‌ပြောသင့်ပါ ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ထုတ်ပြန်‌ကြေညာချက်၌ ၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်‌တော်အတွင်း စစ်တပ် ၂၅ရာခိုင်နှုန်း ပါရှိရမည့် ပုဒ်မ၄၃၆ အ‌ကြောင်း မပါ‌သော်လည်း PSDP အ‌နေဖြင့် ၎င်းပုဒ်မကိုပြင်ဆင်ရန် ‌ထောက်ခံ‌ကြောင်း စဘီဂျင်ဦးက ဆက်‌ပြောပြ သည်။

ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊ ဇွန်လ ၄ရက်‌နေ့တွင် စတင် ဖွဲ့စည်းတည်‌ထောင်ခဲ့သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP) သည် ၂၀၁၀‌ရွေး‌ကောက်ပွဲ၌ မဲဆန္ဒနယ် ၁၈‌နေရာ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ ၉‌နေရာ အနိုင်ရရှိခဲ့ပြီး ယခုလိုသ‌ဘောထား ‌ကြေညာချက် ထုတ်ပြန်သည်မှာ ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း သိရသည်။