Home သတင်း အစိုးရစစ်တပ် ပစ်ခတ်မှု‌ကြောင့် KNU တပ်မဟာ(၄)မှ ၁ဦး‌သေ၊ ၁ဦးဒဏ်ရာရ

အစိုးရစစ်တပ် ပစ်ခတ်မှု‌ကြောင့် KNU တပ်မဟာ(၄)မှ ၁ဦး‌သေ၊ ၁ဦးဒဏ်ရာရ

1425

ဇွန် ၁၆ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

တနသင်္ာရီတိုင်း‌ဒေသကြီး၊ တနသင်္ာရီမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်-ထားဝယ်ခရိုင် လက်‌အောက်ခံ ကရင် အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)၏ ‌ဟွေးဖာ့နယ်စပ်စခန်းကို အစိုးရစစ်တပ်က ဝင်‌ရောက်ပစ်ခတ်ရာ KNLA တပ် ဖွဲ့ဝင် ၁ဦးကျဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

၎င်း‌ဒေသရှိ မြန်မာအစိုးရစစ်တပ် ‌ခြေမြန်တပ်ရင်း(ခမရ-၅၅၇)သည် ‌ဟွေးဖာ့အ‌ခြေစိုက် KNLA တပ်ရင်း(၁၁)၏ တပ်ဖွဲ့ဝင်အချို့ ကို ဇွန် ၁၃ရက်‌နေ့ ည‌နေ၊ ၃နာရီဝန်းကျင်တွင်တစ်ကြိမ်၊ ဇွန် ၁၄ရက်၊ နံနက် ၇နာရီတွင်တစ်ကြိမ် ပစ်ခတ်ကာ ထိုသို့ ထိခိုက်ကျ ဆုံးရခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၄)ဘက်က ‌ပြောဆိုသည်။

‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒို‌စောဘီးလယ်က “ပစ်ခတ်မှုက နှစ်ကြိမ်ဖြစ်ပွားပါတယ်။ ပထမတစ်ကြိမ်မှာ ကျ‌နော် တို့‌ကေအဲန်ယူတပ်ဖွဲ့ဝင် တစ်ဦး‌သေ၊ တစ်ဦး ဒဏ်ရာရတယ်။ M-16 တစ်လက်ပါသွားတယ်။ ဒုတိယတစ်ကြိမ်မှာ ထိခိုက်မှု‌တော့ မရှိဘူး။ ကျ‌နော်တို့ဘက်က 79 ‌မော်တာတစ်လက် ပါသွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအချိန်မှာ ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌နေဆဲ ကာလဖြစ်သည့်အတွက် အဆိုပါပစ်ခတ်မှုမှာ မဖြစ်သင့်သလို ပစ်ခတ်မှုများ တွင် အစိုးရဘက်က KNU မှ အရင်ပစ်ခတ်‌ကြောင်း ‌ပြောဆို‌သော်လည်း ပစ်ခတ်မှုနှစ်ကြိမ်စလုံးသည် KNU ကန့်သတ်နယ်‌မြေ အတွင်းဖြစ်‌ကြောင်း ပဒို‌စောဘီးလယ်က ဆက်လက် ‌ပြောဆိုသည်။

ဖြစ်စဉ်မှာ အစိုးရတပ်မှ နယ်စပ်ရှင်းလင်း‌ရေးလုပ်ရင်း ‌ပြောင်းချိုးပြန်လာသည့် KNLA တပ်သားကို ပစ်ခတ်မိပြီး လက်နက်ကို သိမ်းယူကာ စခန်းကို ဝင်‌ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်‌ကြောင်း KNU တပ်မဟာ(၄) တာဝန်ရှိသူများက ‌ပြောဆိုသလို ထိုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရဌာနများသို့ KNU က အ‌ကြောင်းကြားထား‌ကြောင်း သိရသည်။

ယခုလ ၄ရက်‌နေ့က ‌ကေအဲန်ယူ ဥက္ကဌနှင့် ‌ကေအဲန်အယ်လ်‌အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီတို့အဖွဲ့သည် အစိုးရ၏ တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်နှင့် ‌နေပြည်‌တော်တွင် နှစ်ဖက်တပ်များကိစ္စ အလွတ်သ‌ဘော ‌ဆွေး‌နွေးခဲ့ရာ၌ ကရင်ပြည်နယ်အတွင်းရှိ အစိုးရတပ်အချို့အား ပြန်လည်‌ရွှေ့‌ပြောင်း‌ပေးရန် ‌ပြောဆိုခဲ့ကြသည်။

“ကျ‌နော်တို့‌ဒေသက ရွာ‌တွေထဲမှာရှိတဲ့ တပ်‌တွေ၊ ဘုန်းကြီး‌ကျောင်းနဲ့ ဘုရား‌ကျောင်းဝင်းထဲမှာ ရှိ‌နေတဲ့တပ်‌တွေကို အစိုးရဘက် က ပြန်‌ရွှေ့သွား‌ပေးဖို့ကို ‌နေပြည်‌တော်မှာ ‌ပြောဖြစ်ခဲ့ကြတယ်။ အခုတပ်မဟာ(၄)မှာဖြစ်တဲ့ ပစ်ခတ်မှုကို‌တော့ ကျ‌နော်တို့က ဖြစ် ရတဲ့ အ‌ခြေခံအ‌ကြောင်းရင်းကို တိကျ‌အောင်စုံစမ်းပြီးမှ ညှိနှိုင်း‌ပြောဆိုမှု‌တွေ လုပ်သွားရမှာ‌ပေါ့။ ဒီကိစ္စတစ်ခုအတွက်နဲ့ ‌ဆွေး‌နွေး မှု‌တွေကို‌တော့ ထိခိုက်မသွားနိုင်ပါဘူး”ဟု KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ပစ်ခတ်မှုဖြစ်‌ပေါ်လာခြင်းမှာ ပြီးခဲ့သည့် ၂၀၁၂ခုနှစ်မှစ၍ အစိုးရနှင့် KNU အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှုရရှိပြီး‌နောက် KNU တပ်မဟာ(၄)တွင် ယခု ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။