Home သတင်း မူးယစ်တိုက်ဖျက်‌ရေး လုပ်ငန်း‌ကော်မတီဖွဲ့စည်းသွားရန် ကရင်လက်နက်ကိုင်အဖွဲ့များ ‌ဆွေး‌နွေးခဲ့

မူးယစ်တိုက်ဖျက်‌ရေး လုပ်ငန်း‌ကော်မတီဖွဲ့စည်းသွားရန် ကရင်လက်နက်ကိုင်အဖွဲ့များ ‌ဆွေး‌နွေးခဲ့

1829

ဇွန် ၁၄ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်တွင် မူးယစ်‌ဆေးဝါး ပညာ‌ပေး‌ရေးနှင့် တိုက်ဖျက်‌ရေးကို လက်‌တွေ့ အ‌ကောင်အထည်‌ဖော်သွားမည့် လုပ်ငန်း ‌ကော်မတီကို ဖွဲ့စည်းသွားရန် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) တပ်မဟာ (၇)နယ်‌မြေ၌ ဇွန်လ ၁၂ရက်‌နေ့က ပြုလုပ် ‌သော ကရင်လက်နက်ကိုင်အဖွဲ့များ အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးခဲ့ကြသည်။

အဆိုပါအစည်းအ‌ဝေးတွင် ပါဝင်သူ ‌ကေအဲန်အယ်လ်‌အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက “ကျ‌နော်တို့ လူထု‌တွေနဲ့ သွား ‌ရောက်‌တွေ့ဆုံခဲ့တုန်းက ဒီမူးယစ်‌ဆေးဝါးကိစ္စကို တင်ပြလာတဲ့အ‌ပေါ်မှာ ကရင်လက်နက်ကိုင်အဖွဲ့ ‌တွေအ‌နေနဲ့ ပညာ‌ပေးမှု‌တွေ၊ တိုက်ဖျက်‌ရေး‌တွေကို ‌ဆောင်ရွက်သွား‌ပေးမယ်လို့ ‌ပြောဆိုခဲ့တယ်။ ဒီလို‌ပြောဆိုခဲ့တဲ့အတိုင်း လက်‌တွေ့ အ‌ကောင်အထည်‌ဖော် ဖို့ လုပ်ငန်း‌ကော်မတီတဖွဲ့ ရှိသင့်တယ်ဆိုတာကို ‌ဆွေး‌နွေးခဲ့ကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အစည်းအ‌ဝေးတွင် တက်‌ရောက်လာသူများအနက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဆုံးဖြတ်ပိုင်ခွင့်ရှိသူများထက် ကိုယ်စားများ သာ တက်‌ရောက်ခဲ့ကြရာ ယင်းလုပ်ငန်း‌ကော်မတီကို ယခုတစ်ကြိမ်တွင် မဖွဲ့စည်းနိုင်‌သေးဘဲ အဖွဲ့ဝင် ၁၇ဦးပါဝင်‌သော ကရင် လက်နက်ကိုင် စည်းလုံးညီညွှတ်‌ရေး‌ကော်မတီက ‌နောက်ထပ်အစည်းအ‌ဝေးတစ်ကြိမ် ထပ်မံ‌ခေါ်ယူပြီးမှသာ ဖွဲ့စည်းသွားမည်ဖြစ် ‌ကြောင်းလည်း ၎င်းက ဆက်လက် ‌ပြောဆိုသည်။

ထို‌နေ့အစည်းအ‌ဝေးသို့ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ ကာကွယ်‌ရေးဌာန တာဝန်ခံ ဗိုလ်မှူး‌စော‌ရောဂျာခင်၊ ပဒိုမန်းငြိမ်း ‌မောင် အပါအဝင် ‌ကေအဲန်ယူ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကရင် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ စုစု‌ပေါင်း ၄ဝနီးပါး တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။

ကရင်လက်နက်ကိုင်အဖွဲ့များ စည်းလုံးညီညွှတ်‌ရေး‌ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ၎င်းအစည်းအ‌ဝေးတွင် မူးယစ်‌ဆေးဝါး တိုက် ဖျက်‌ရေးကိစ္စအပြင် သက်ဆိုင်ရာ ကရင်လက်နက်ကိုင်အဖွဲ့များအ‌နေဖြင့် စည်းလုံးညီညွှတ်ကြရန်နှင့် လိုအပ်ပါက အပြန်အလှန် ဆက်သွယ်မှုများ ပြုလုပ်သွားရန်ကိုလည်း ‌ပြောဆိုခဲ့‌ကြောင်း ကိုယ်တိုင်တက်‌ရောက်ခဲ့သူ နယ်ခြား‌စောင့်တပ် ဗဟိုကွပ်ကဲ‌ရေးမှ ဗိုလ်မှူး‌စောတင်ဝင်းကလည်း ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ‌မေလ ၂၁ရက်မှ ၂၈ရက်အထိ ကရင်လက်နက်ကိုင်အဖွဲ့များသည် လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ‌ကော့ကရိတ်၊ မြဝတီနှင့် ဖာပွန်မြို့ နယ်များရှိ ‌ကျေးရွာများသို့သွား‌ရောက်ခဲ့ပြီး ‌ဒေသခံ ရွာသူရွာသားများနှင့် လူထု‌တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ကြသည်။