Home သတင်း ပုဒ်မ ၄၃၆ကို ပြင်ဆင်ရန် ဖွဲ့စည်းပုံပြင်ဆင်‌ရေး‌ကော်မတီ ဆုံးဖြတ်

ပုဒ်မ ၄၃၆ကို ပြင်ဆင်ရန် ဖွဲ့စည်းပုံပြင်ဆင်‌ရေး‌ကော်မတီ ဆုံးဖြတ်

1667

ဇွန် ၁၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတွင် ပါရှိသည့် ပုဒ်မ ၄၃၆ကို ပြင်ဆင်ရန် ပြည်‌ထောင်စုလွှတ်‌တော်မှ ဖွဲ့ထားသည့် ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ ပြင်ဆင်နိုင်‌ရေး အ‌ကောင်အထည်‌ဖော်မှု‌ကော်မတီက ဆုံးဖြတ်လိုက်‌ကြောင်း ယင်း‌ကော်မတီနှင့် နီးစပ်သည့် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်တစ်ဦးက ‌ပြောသည်။

ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတွင် အဓိကကျသည့် ပုဒ်မများကို ပြင်ဆင်မည်ဆိုပါက ပြည်‌ထောင်စုလွှတ်‌တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း‌ကျော်က ပြင်ဆင်ရန် သ‌ဘောတူပြီး‌နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက် ဝက်‌ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပုဒ်မ ၄၃၆တွင်ပြဌာန်းထားပြီး ယင်းအချက်များကို ‌ကော်မတီက ပြင်ဆင်ရန် ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်က ဇွန်လ ပထမအပတ်က ‌ပြောဆိုခဲ့သည်။

“‌ကော်မတီက ၇၅ရာခိုင်နှုန်းအစား လွှတ်‌တော်ကိုယ်စားလှယ် သုံးချိုးနှစ်ချိုးဖြစ်တဲ့ ၆၆.၆ ရာခိုင်နှုန်းလို ပြန်ပြင်‌ပေးလိုက်တယ်။ ၆၆.၆ရာခိုင်နှုန်းက အတည်ပြုတာကို ပြည်လုံးကျွတ်ဆန္ဒခံယူရမယ်။ ဒီ‌နေရာမှာ မဲ‌ပေးခွင့်ရှိသူ ၅ဝရာခိုင်နှုန်း‌ကျော်အစား မဲလာ ‌ပေးသူ ၅ဝရာခိုင်နှုန်း‌ကျော်ရင် အတည်ဖြစ်တယ်လို့ ‌လော‌လောဆယ်ပြင်ထားတယ်”ဟု အဆိုပါ အမျိုးသားလွှတ်‌တော်ကိုယ်စား လှယ်က ‌ပြောသည်။

ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပြင်ဆင်နိုင်‌ရေး အ‌ကောင်အထည်‌ဖော်မှု‌ကော်မတီကို ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီမှ ၁၄ဦး၊ တပ်မ‌တော်သားလွှတ်‌တော်ကိုယ်စားလှယ် ၇ဦး၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်မှ ၂ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်‌ရေးပါတီ၊ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုး တက်‌ရေးပါတီ၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုက‌ရေစီ အင်အားစုပါတီတို့မှ ကိုယ်စားလှယ်တစ်ဦးစီဖြင့် စုစု‌ပေါင်း ၃၁ဦး ဖွဲ့စည်းထားသလို ‌လေ့လာသူ ကိုယ်စားလှယ် ၉ဦး ပါဝင်ပြီး ပြည်‌ထောင်စုလွှတ် ‌တော်သို့ အစီရင်ခံစာ မတင်သွင်းမည့် ‌ဆွေး‌နွေးမှုများကို ထုတ်‌ဖော်မ‌ပြောရန် ကန့်သတ်ထား‌ကြောင်း ယင်း‌ကော်မတီဝင်များထံ မှ သိရသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်မည်ကို ‌ကော်မတီဝင် တပ်မ‌တော်သားလွှတ်‌တော် ကိုယ်စားလှယ်များက ကန့်ကွက်‌သော်လည်း မဲခွဲဆုံးဖြတ် ခဲ့ရာ ‌ထောက်ခံမဲများသည့်အတွက် ပြင်ဆင်ရန် ‌ကော်မတီက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့‌သော် ပြင်ဆင်သွားမည့် အချက်များ ကို လာမည့် ၂၀၁၅ ‌ဖေ‌ဖေါ်ဝါရီမှသာ ပြည်‌ထောင်စုလွှတ်‌တော်သို့ အစီရင်ခံစာတင်သွင်းကာ ပြည်‌ထောင်စုလွှတ်‌တော်တွင် မဲခွဲ ဆုံးဖြတ် အတည်ပြုသွားရဦးမည်ဖြစ်သည်ဟု သိရသည်။

ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက ပုဒ်မ ၄၃၆ သည် လက်ခံ၍ မရသည့် ပုဒ်မဖြစ်‌သော‌ကြောင့် ပြင် ဆင်ရမည်ဖြစ်ကာ ကရင်နိုင်ငံ‌ရေးပါတီများအ‌နေဖြင့်လည်း ၄၃၆ ပြင်ဆင်‌ရေးအတွက် ညှိနှိုင်းလုပ်‌ဆောင်သွားမည်ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထို့အပြင် တိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ(UNFC) ဒုဥက္ကဌ ပဒို‌စော‌ဒေးဗစ်သာ့က‌ပေါက “ဖွဲ့စည်းပုံပြင်ဆင်ဖို့ ပြည် တွင်းမှာ လူထု‌ဟော‌ပြောပွဲ‌တွေ လုပ်‌နေကြတာ ‌ကောင်းပါတယ်။ အမှန်‌တော့ အသစ် ‌ရေးသင့်‌ပေမယ့် တစ်ဖက်က လုံးဝ မလုပ် ချင်ဘူးဆို‌တော့လည်း အ‌လျှော့အတင်း လုပ်ရတဲ့ သ‌ဘောမျိုးနဲ့ ပြင် ဆိုပြီး ဖြစ်သွားတာ။ ဒီ‌တော့ Compromise သ‌ဘောမျိုး သူ‌လျှော့ကိုယ်‌လျှော့အ‌နေနဲ့ ပြင်မယ်ဆိုလည်း အစ၊ အလယ်၊ အဆုံး အကုန်ပြင်ရမယ်‌ပေါ့”ဟု ‌ပြောဆိုသည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေကို ၂၀၀၈ခုနှစ်၊ ‌မေလအတွင်းက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲ‌ပေးသူ ၉၂.၄၈ရာခိုင်နှုန်းက ‌ထောက်ခံသည့်အတွက် အတည်ပြု ပြဌာန်းခဲ့ခြင်းဖြစ်‌ကြောင်း အစိုးရက ‌ပြောဆိုထားသည်။