Home သတင်း ‌ကေအဲန်ယူ ဒုဥက္ကဌ ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းနှင့် အလွတ်သ‌ဘော‌တွေ့ဆုံ

‌ကေအဲန်ယူ ဒုဥက္ကဌ ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းနှင့် အလွတ်သ‌ဘော‌တွေ့ဆုံ

2101

‌မေ ၇ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ချောင်‌ဖော့

လူထု‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများပြုလုပ်ရန် ရန်ကုန်မြို့သို့ ‌ရောက်ရှိသည့် ကရင်အမျိုးသားအစည်းအရုံး(‌ကေ အဲန်ယူ) ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန် ဦး‌ဆောင်‌သော အဖွဲ့သည် ‌မေ ၆ ရက်‌နေ့က ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ မြန်မာငြိမ်းချမ်း‌ရေးစင်တာတွင် ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းနှင့် အလွတ်သ‌ဘော ‌တွေ့ဆုံခဲ့သည်။

ထိုအလွတ်သ‌ဘော‌တွေ့ဆုံပွဲနှင့်ပတ်သက်၍ ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က “ဦး‌အောင်မင်းနဲ့ MPC မှာ ‌တွေ့တာက ‌ထွေ‌ထွေထူးထူး‌တော့ မရှိဘူး။ ကျမတို့လာတဲ့ ခရီးစဉ်ကို လာပြီး‌တော့ ‌ပြောပြတယ်။ ဘာရည်ရွယ်ချက်နဲ့ လာတာလဲ။ ဘယ်‌နေရာ‌တွေသွားဖို့ ရှိတယ်ဆိုတာ ‌ပြောပြတယ်။ သူက နားလည်မှု‌ပေး တဲ့အတွက် ‌ကျေးဇူးတင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ၎င်း‌တွေ့ဆုံပွဲတွင် တနိုင်ငံလုံးအပစ်ရပ်စာချုပ်အတွက် လက်မှတ်ထိုးရန် ပြင်ဆင်‌နေချိန်တွင် ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်‌ပေါ်‌နေသည့်အတွက် စိုးရိမ်မှုရှိ‌ကြောင်း ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းအား ‌ပြောဆိုခဲ့‌ကြောင်း ပဒို‌နောစီဖိုးရာစိန်က ဆိုသည်။
IMG_0126
‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်၊ ပဒို‌စောသမိန်ထွန်း၊ ပဒို‌စောလစ္စတန်၊ KWO ဗဟို‌ကော်မဝတီဝင် ‌နော်ဘလူးမင်းနိုက်ဇံနှင့် အစိုးရဘက်မှ ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းဦး၊ မြန်မာငြိမ်းချမ်း ‌ရေးစင်တာမှ တာဝန်ရှိသူများအပြင် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်နှင့် ကရင်ပြည်သူ့ပါတီ နာယက ‌စောထွန်း‌အောင်ချိန် စသည့် လူ ၂ဝ ဦး တက်‌ရောက်သည့် ယင်း‌တွေ့ဆုံပွဲတွင် ပြည်တွင်းငြိမ်းချမ်း ‌ရေးအတွက် အမြင်ဖလှယ်ခဲ့ကြသည်ဟုလည်း သိရသည်။

ယင်း‌တွေ့ဆုံမှုကို မီဒီယာများ စိတ်ဝင်တစားလာ‌ရောက်သတင်းယူသည့်အတွက် ‌တွေ့ဆုံပွဲအပြီးတွင် မီဒီယာများအား ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့်ပတ်သက်၍ နှစ်ဖက်တာဝန်ရှိသူများက မီဒီယာများနှင့် ‌တွေ့ဆုံ ‌ပြောဆိုခဲ့ကြသည်။

“ကျ‌နော်တို့ အခုနှစ်ဖက်က ‌ဆွေး‌နွေးတဲ့အခါမှာ ငြိမ်းချမ်း‌ရေးကို ဆက်လက်ပြီး ‌ဆောင်ရွက်ကြမယ်။ ငြိမ်းချမ်း‌ရေးကို ခိုင်မာ‌အောင် လုပ်မယ်ဆိုတဲ့ ဥစ္စာပဲနှစ်ဦးနှစ်ဖက် ‌ဆွေး‌နွေးကြပါတယ်”ဟု ဝန်ကြီး ဦး‌အောင်မင်းက ‌တွေ့ဆုံပွဲအပြီး မီဒီယာများနှင့် ‌တွေ့ဆုံစဉ် ‌ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်‌နေ့က ‌ကေအဲန်ယူသည် အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူပြီး‌နောက် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲ‌ရေးစာချုပ် ချုပ်ဆိုရာတွင် ပဒို‌နော်စီဖိုးရာစိန်နှင့် ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းတို့သည် နှစ်ဖက်အဖွဲ့အစည်းတို့ကို ဦး‌ဆောင်ခဲ့သူများဖြစ်သည်။