Home သတင်း KIA နှင့် မြစ်ကြီးနား‌ဆွေး‌နွေးပွဲတွင် တပ်မ‌တော်ထိပ်ပိုင်းအရာရှိများ ပါဝင်မည်

KIA နှင့် မြစ်ကြီးနား‌ဆွေး‌နွေးပွဲတွင် တပ်မ‌တော်ထိပ်ပိုင်းအရာရှိများ ပါဝင်မည်

2048

‌မေ ၇ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကချင်ပြည်လွတ်လပ်‌ရေးတပ်မ‌တော်(KIA)နှင့် အစိုးရတို့ ‌တွေ့ဆုံ‌ဆွေး‌နွေးမည့် ကချင်ပြည်နယ်၊ မြစ်ကြီးနား ‌ဆွေး‌နွေးပွဲတွင် အစိုးရဘက်မှ တပ်မ‌တော် ထိပ်ပိုင်းအရာရှိများလည်း ပါဝင်မည်ဟု ဦး‌အောင်မင်းက ‌ပြောသည်။

‌ဆွေး‌နွေးမှုကို ‌မေ ၁၃ရက်မှ ၁၄ရက်‌နေ့တွင် ကျင်းပမည်ဖြစ်ပြီး တပ်မ‌တော်ကိုယ်စားလှယ်များအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ‌မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ပါဝင် မည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေး ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်း ဗဟိုဌာန-MPC တွင် ‌မေ ၅ရက်‌နေ့က မီဒီယာများနှင့် ‌တွေ့ဆုံစဉ် ဦး‌အောင်မင်းက ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

KIA နှင့် မြန်မာအစိုးရ စစ်တပ်များအကြား ဧပြီ လဆန်းပိုင်းကစ၍ ပြန်လည်ဖြစ်ပွား‌နေသည့် တိုက်ပွဲများ အတွက် မြစ်ကြီးနားတွင် ‌တွေ့ဆုံ‌ဆွေး‌နွေးရန် KIA က ဧပြီလ၂၉ရက်‌နေ့၌ စာဖြင့် ကမ်းလှမ်းခဲ့ခြင်းကို မြန်မာအစိုးရက လက်ခံခဲ့ခြင်းလည်း ဖြစ်သည်။

မြစ်ကြီးနား၌ ‌တွေ့ဆုံသွားမည့် ၎င်း‌ဆွေး‌နွေးပွဲတွင် ဦး‌အောင်မင်းက “ကျ‌နော်တို့က‌တော့ သူတို့ (KIA) ‌ဆွေး‌နွေးမယ့် အ‌ကြောင်းအရာ အဓိကအချက်၂ချက်ဖြစ်တဲ့ အခုဖြစ်‌နေတဲ့ ပဋိပက္ခ‌တွေကို ‌ဖြေ‌လျှော့‌ရေး၊ IDP ဒုက္ခသည်အ‌ရေး‌တွေကို ‌ဆွေး‌နွေးမယ်။ အဲဒီအတွက်လည်း အ‌ဖြေ‌တွေ ရှိပြီးသားပါ။ ‌အောင်မြင်တဲ့ အစည်းအ‌ဝေးဖြစ်မယ်လို့လည်း ကြိုတင်ခန့်မှန်းပြီးသားပါ”ဟု ဦး‌အောင်မင်းက ‌ပြောသည်။

၎င်း‌ဆွေး‌နွေးပွဲတွင် အစိုးရစစ်တပ်၏ ထိပ်ပိုင်းအရာရှိများအပြင် အစိုးရငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့ ‌ခေါင်း‌ဆောင် ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်း၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးဦးခင်ရီ၊‌မွေးမြူ‌ရေး-‌ရေလုပ်ငန်းနှင့် ‌ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စု ဝန်ကြီး ဦးအုန်းမြင့်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးခင်‌မောင်စိုးနှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ ဒုဥက္ကဌ ဦးသိန်း‌ဇော် စုစု‌ပေါင်း ၉ဦး တက်‌ရောက်မည်ဟု သိရသည်။

နှစ်ဖက်စစ်ရှိန် ‌ဖြေ‌လျှော့‌ရေးအတွက်‌ဆွေး‌နွေးရန် ပြင်ဆင်‌နေစဉ်မှာပင် ‌မေလ၄ရက်‌နေ့၌ ရှမ်းပြည်နယ် ‌မြောက်ပိုင်းရှိ KIA တပ်ရင်း ၃၆ နယ်‌မြေတွင် တစ်ကြိမ်၊ ‌မေ ၅ရက်‌နေ့က မန့်ဝန်းကြီး‌ဒေသရှိ ဘွမ်လင်းဒိန် ဆာ‌ကျေးရွာအနီးတွင် တစ်ကြိမ်တိုက်ပွဲများထပ်မံဖြစ်‌ကြောင်း သတင်းများထွက်‌ပေါ်လျှက်ရှိသည်။

ကချင်ပြည်လွတ်‌မြောက်‌ရေးအဖွဲ့(KIO)သည် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဖေါ်‌ဆောင်‌ရေးလုပ်ငန်း ‌ကော်မတီ နှင့် ၂၀၁၃ ခုနှစ်၊ ‌အောက်တိုဘာ ၈ရက်‌နေ့၌ ‌နောက်ဆုံးအကြိမ် ‌တွေ့ဆုံခဲ့ပြီး ဦး‌အောင်မင်းလက်ထက် KIO နှင့် ‌ရွှေလီ၊ လဂျားယန်၊ ချင်းမိုင်၊ ချင်းရိုင်တို့တွင် အလွတ်သ‌ဘော ၇ကြိမ်၊ တရားဝင် ၂ကြိမ် ‌တွေ့ဆုံခဲ့ပြီးဖြစ်သည်ဟု သိရသည်။