Home သတင်း မအူပင်တွင် ငြိမ်းချမ်း‌ရေး‌ထောက်ခံကြိုဆိုပွဲ ပြုလုပ်

မအူပင်တွင် ငြိမ်းချမ်း‌ရေး‌ထောက်ခံကြိုဆိုပွဲ ပြုလုပ်

1871

‌မေ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား၊ စအိုင်စူး

မအူပင်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှ ကြီးမှူး၍ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)နှင့် မြန်မာအစိုးရတို့ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ပေါ် ‌ထောက်ခံကြိုဆိုသည့် အခမ်းအနားတစ်ရပ်ကို ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်မြို့ရှိ တိုး‌ရွှေဝါခမ်းမ၌ ယ‌နေ့ ကျင်းပခဲ့ကြသည်။

နံနက် ၈နာရီမှ ၁ဝနာရီ‌ကျော်အထိ ပြုလုပ်ခဲ့သည့် ၎င်းအခမ်းအနားတွင် သဘာပတိအဖြစ် ‌ဆောင်ရွက်ခဲ့သည့် မအူပင်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှ မန်းခင်‌မောင်ငြိမ်းက “စစ်မှန်ပြီး ထာဝရတည်မြဲမယ့် ငြိမ်းချမ်း‌ရေးကို ကျ‌နော်တို့ လိုလား တယ်။ ဒါ‌ကြောင့် ဒီလို‌ထောက်ခံကြိုပွဲကို လုပ်ရတာပါ။ ပြီး‌တော့ ပြည်သူ လူထု‌တွေအ‌နေနဲ့လည်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့ ‌ပြောချင်ပါတယ်”ဟု ‌ပြောကြားခဲ့သည်။

ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဦးစီးသည့် ယင်းပွဲတွင် မအူပင်၊ ဓနုဖြူ၊ ပန်းတ‌နော်နှင့် ‌ညောင်တုန်း စသည့် မြို့နယ်‌လေး မြို့နယ်မှ လူထုများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအချို့ကို ဖိတ်ကြားခဲ့ပြီး စုစု‌ပေါင်း လူပရိဿတ် ၃၀၀ဝခန့် တက်‌ရောက်ခဲ့ကြ သည်ဟု သိရသည်။

လက်ရှိ ‌ကေအဲန်ယူနှင့် အစိုးရ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို ကရင်ပြည်သူလူထု သိရှိနားလည်‌စေရန် ရှင်းပြခြင်းဖြစ်ပြီး ပြည်သူများအ‌နေဖြင့်လည်း ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်လုပ်ငန်းစဉ်များတွင် ပူး‌ပေါင်းပါဝင်ကြရန်ဖြစ်‌ကြောင်း ၎င်းအခမ်းအနားတက်‌ရောက်ခဲ့သူ ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်က ‌ပြောသည်။

“ငြိမ်းချမ်း‌ရေးရရှိဖို့ဆိုရင် အစိုးရ၊ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပြည်သူလူထုအားလုံး ပူး‌ပေါင်းမှ ဖြစ်နိုင်တယ်။ တစ်ဦးနဲ့တစ် ဦး၊ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ‌လေးစားမှုနဲ့ပဲ သွားနိုင်တယ်။ အခွင့်‌ကောင်းယူတာ၊ အနိုင်ကျင့်‌ဆောင်ရွက်တာမျိုးနဲ့ ငြိမ်း ချမ်း‌ရေး မရနိုင်ဘူး”ဟု ပဒိုမန်းငြိမ်း‌မောင်က ‌ပြောသည်။

အခမ်းအနားတွင် မအူပင်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင်များအပြင် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန် ယူ)၊ ဗဟိုအလုပ်အမှု‌ဆောင် ပဒိုမန်းငြိမ်း‌မောင်၊ ဧရာဝတီတိုင်း‌ဒေသကြီး လမ်းပမ်းဆက်သွယ်‌ရေးဝန်ကြီး ဦးသန်းထွန်း၊ ကရင် ပြည်သူ့ပါတီ(‌ကေပီပီ) ‌ခေါင်း‌ဆောင်များနှင့် မအူပင်မြို့နယ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ကိုယ်စားလှယ်များ တက်‌ရောက်အား‌ပေးခဲ့ကြသည်။

ယင်းအခမ်းအနား တက်‌ရောက်ခဲ့သည့် ကရင်လူငယ် စ‌ကျောက်ခဲကလည်း “ကျ‌နော်က အခုလို တက်လာတာက‌တော့ စစ်မှန် တဲ့ ငြိမ်းချမ်း‌ရေး၊ ထာဝရတည်တဲ့ ငြိမ်းချမ်း‌ရေးဆန္ဒရှိလို့ ဖြစ်ပါတယ်။ ငြိမ်းချမ်း‌ရေးရဖို့ဆိုရင် အား‌ပေးတယ်။ အခုလို တက်လာ ခွင့်ရတာကိုလည်း ဝမ်းသာတယ်။ အများကြီး အကျိုး‌ကျေးဇူးရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထို့အပြင် ၎င်းအခမ်းအနား တက်‌ရောက်လာသူများအား ‌ဒေသခံလူငယ်များက ဘင်ခရာအတီးအမှုတ်များဖြင့် ကြိုဆိုခဲ့ကြသလို ဒုံးအကများဖြင့်လည်း ‌ဖျော်‌ဖြေတင်ဆက်ခဲ့ကြသည်။ ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ အလားတူ ငြိမ်းချမ်း‌ရေး‌ထောက်ခံပွဲကို ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ‌မေ ၁ရက်‌နေ့၌ ပန်းတ‌နော်မြို့နယ်တွင် တစ်ကြိမ်၊ ‌မြောင်းမြမြို့နယ်တွင် ‌မေ ၁၈ရက်‌နေ့က တစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။