Home သတင်း မီဒီယာလွတ်လပ်ခွင့်အတွက် ရန်ကုန်တွင် မီဒီယာသမားများ ဆန္ဒထုတ်‌ဖေါ်

မီဒီယာလွတ်လပ်ခွင့်အတွက် ရန်ကုန်တွင် မီဒီယာသမားများ ဆန္ဒထုတ်‌ဖေါ်

1721

ဇန်နဝါရီ ၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

မီဒီယာသမားများ သတင်းရယူခွင့် ခြိမ်း‌ခြောက်ခံရခြင်းနှင့် မျှတမှုမရှိသည့် တရားစီရင်ချက်များကို အ‌ကြောင်းပြု၍ မြန်မာဂျာ နယ်လစ်ကွန်ရက်က ဦး‌ဆောင်ကာ မီဒီယာသမား အများစု ပါဝင်‌သော ဆန္ဒ‌ဖေါ်ထုတ်ချီတက်ပွဲတစ်ရပ်ကို ယ‌နေ့နံနက် ၇ရက်မှ ၁၁နာရီအထိ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။

သတင်းမီဒီယာ ခြိမ်း‌ခြောက်ခံရမှု အလိုမရှိ၊ မှန်ကန်သည့်တရားစီရင်‌ရေး ချက်ချင်းလုပ်‌ဆောင်‌ပေး စသည့်ဆိုင်းဘုတ်များ ကိုင် ‌ဆောင်ကာ မီဒီယာသမားများက လက်ရှိ မီဒီယာလွတ်လပ်ခွင့် ကန့်သတ်မှုများရှိ‌နေခြင်းအ‌ပေါ် ‌ကြွေး‌ကြော်သံများဖြင့် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ‌ဘေးမှ တာ‌မွေမြို့နယ်ရှိ Eleven Media Group ရုံးအထိ ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ဆန္ဒထုတ်‌ဖော်ရခြင်းမှာ သတင်းဌာနတစ်ခု၊ သတင်း‌ထောက်တစ်ဦးအတွက် လုပ်‌ဆောင်ခြင်းမဟုတ်‌ကြောင်း၊ နယ် သတင်း‌ထောက်များအ‌နေဖြင့် ‌ဒေသအာဏာပိုင်များက တရားဥပ‌ဒေစိုးမိုးမှု‌အောက်မှ လုပ်ပိုင်ခွင့်များကို ခြိမ်း‌ခြောက်မှုများ ရှိ‌နေ ‌ကြောင်း၊ ‌နောင် အလားတူ ဖြစ်ရပ်မျိုးမရှိရန် လုပ်‌ဆောင်ရခြင်းဖြစ်‌ကြောင်း ဆန္ဒပြပွဲ ဦး‌ဆောင်စီစဉ်သူ မြန်မာဂျာနယ်လစ်ကွန် ရက် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဦးမြင့်‌ကျော်က ‌ပြောသည်။

“လတ်တ‌လော ‌ထောင်ချခံရတဲ့ သတင်း‌ထောက် မခိုင် လွတ်‌မြောက်ဖို့ တစ်ခုထဲမကဘူး။ ‌ရှေ့ဆက်ပြီး‌တော့ သတင်း‌ထောက် ‌တွေ ကြုံရနိုင်တဲ့ အလားတူဖြစ်ရပ်‌တွေအတွက် သတင်းလွတ်လပ်စွာ ရယူခွင့်ထိပါးတယ်ဆိုတာကို သက်ဆိုင်ရာအာဏာပိုင် ‌တွေသိ‌အောင်လို့ ‌ပြောတာပါ”ဟု ဦးမြင့်‌ကျော်က ‌ပြောသည်။
IMG_7803

မြန်မာဂျာနယ်လစ်ကွန်ရက် ဦး‌ဆောင်သည့် ၎င်းဆန္ဒပြပွဲသည် ရန်ကုန်မြို့ရှိ ပုဂ္ဂလိက သတင်းစာနှင့် ဂျာနယ်တိုက်တို့မှ မီဒီယာ သမားများ အပါအဝင် မြန်မာနိုင်ငံ‌ရှေ့‌နေများကွန်ရက်၊ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံ‌ရေးအကျဉ်းသား‌ဟောင်းများအ ဖွဲ့၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးခိုင်‌မောင်ရီ အပါအဝင် လူအင်အား‌ပေါင်း ၃၀၀‌ကျော် ပါဝင်ခဲ့ကြသည်။

ယခုဆန္ဒပြပွဲသည် လွိုင်‌ကော်တွင် ဖြစ်ပွားခဲ့သည့် ‌ဒေးလီဂျာနယ်မှ သတင်း‌ထောက်မခိုင်အမှုနှင့် ဆက်စပ်သည်ဟု အကြမ်းဖျင်း နားလည်သကဲ့သို့ သတင်းသမားများ သတင်းရယူလိုမှုကို နားလည်‌ကြောင်းနှင့် တခြားသူ၏ အခွင့်အ‌ရေးကိုလည်း ‌လေးစားကာ နှစ်ဖက် မျှတစွာ လုပ်‌ဆောင်မည်ဆိုပါက ပြဿနာများကို ‌ဖြေရှင်းနိုင်မည်ဟု ယုံကြည်‌ကြောင်း အစိုးရ ပြန်ကြား‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲထွဋ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“လူ့အခွင့်အ‌ရေး‌ကြေငြာစာတမ်းရဲ့ အပိုဒ်(၁၉)မှာ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ သတင်းဖြန့်‌ဝေခွင့်ကို‌ပေးထားပါတယ်။ ဒါ‌ပေမယ့်လည်း အပိုဒ်(၂၉)မှာကျ‌တော့ အဲဒီအခွင့်အ‌ရေး‌တွေကို ကျင့်သုံးတဲ့အခါမှာ အခြားသူများရဲ့ အခွင့်အ‌ရေး‌တွေကို မထိ ခိုက်‌အောင် လိုက်နာရမယ်၊ ‌လေးစားရမယ်။ ဒီမိုက‌ရေစီလူ့အဖွဲ့အစည်းတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်စည်းကမ်း‌တွေကို လိုက်နာရမယ်ဆိုပြီး‌တော့မှ ‌ပြောထားတာရှိပါတယ်။ နှစ်ဖက်မျှပြီး‌တော့ လုပ်‌ဆောင်မယ်ဆိုရင်‌တော့ အခုပြဿနာမျိုး ‌ရှောင်လွဲ နိုင်မယ်လို့ ထင်ပါတယ်ဗျာ”ဟု ဦးရဲထွဋ်က ဆိုသည်။

ဆန္ဒထုတ်‌ဖော်ပွဲ ပါဝင်အား‌ပေးသူ မြန်မာနိုင်ငံ‌ရှေ့‌နေများကွန်ရက် အလုပ်အမှု‌ဆောင် တရားလွှတ်‌တော်‌ရှေ့‌နေ ဦး‌အေးမင်းက လက်ရှိမီဒီယာများအ‌နေဖြင့် မီဒီယာလွတ်လပ်ခွင့်ကို အသုံးချကာ ကျင့်ဝတ်နှင့်အညီ မ‌ရေးသားခြင်းများရှိ‌နေသည်ဟု ‌ဝေဖန်မှု များမှာ မီဒီယာအားလုံးနှင့် မသက်ဆိုင်‌ကြောင်း၊ ယင်းမီဒီယာများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ အ‌ရေးယူသင့်‌ကြောင်း၊ မီဒီယာလွတ်လပ်ခွင့် အပြည့်အဝမရှိ‌သေး‌ကြောင်း ‌ပြောဆိုသည်။

မြန်မာနိုင်ငံတွင် မီဒီယာသမားများ စု‌ပေါင်းကာ မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ယခင်နှစ်များက ရန်ကုန်တွင် ဆန္ဒထုတ် ‌ဖော်မှု တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခု ၂၀၁၄ခုနှစ်တွင် မီဒီယာဆိုင်ရာ ဆန္ဒထုတ်‌ဖော်မှု ထပ်မံ ‌ဆောင်ရွက်ခြင်းဖြစ်သည်။