Home သတင်း ကရင်လူဦး‌ရေစာရင်း အမှန်ရရှိရန် ပဲခူးမြို့တွင် သန်း‌ခေါင်စာရင်းကိစ္စ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်မည်

ကရင်လူဦး‌ရေစာရင်း အမှန်ရရှိရန် ပဲခူးမြို့တွင် သန်း‌ခေါင်စာရင်းကိစ္စ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်မည်

1589

ပဲခူးတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောဂျူပလီစံလှ

ဇန်နဝါရီ ၂၄ ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

လာမည့် မတ်လ၌ တစ်နိုင်ငံလုံး သန်း‌ခေါင်စာရင်း‌ကောက်ယူသည့်အခါ ကရင်လူဦး‌ရေစာရင်း အမှန်ရရှိ‌စေရန် ရည်ရွယ်၍ ပဲခူးတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှ ဦး‌ဆောင်ပြီး ပဲခူးမြို့၌ ဇန်နဝါရီ ၂၉ မှ ၃ဝ ရက်‌နေ့အထိ သန်း‌ခေါင်စာရင်းဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ် ပြုလုပ်မည်ဟု သိရသည်။

ပဲခူးတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောဂျူပလီစံလှက “သန်း‌ခေါင်စာရင်း‌ကောက်တဲ့အခါ ပဲခူးတိုင်း‌ဒေသကြီးမှာ ကရင်လူဦး‌ရေစာရင်း အမှန်ရဖို့နဲ့ ဒို့ကရင်လူထု‌တွေ သိသင့်သိထိုက်တာကို ပြန်‌ပြော လုပ်‌ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး အလုပ်ရုံ‌ဆွေး‌နွေးပွဲလုပ်မှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ပဲခူးတိုင်း‌ဒေသကြီး အ‌နောက်ခြမ်း ၁၄ မြို့နယ်မှ ကိုယ်စားလှယ် ၁၅ ဦးနှင့် အ‌ရှေ့ ခြမ်း ၁၄ မြို့နယ်မှ ကိုယ်စားလှယ် ၁၅ ဦးတို့အပြင် ဘာသာ‌ရေးနှင့် ကရင်လူမှုအဖွဲ့အစည်းအချို့မှ ကိုယ်စား လှယ်များလည်း တက်‌ရောက်မည်ဖြစ်‌ကြောင်း သိရသည်။

ယခု ပြုလုပ်သွားမည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ဖားအံသန်း‌ခေါင်စာရင်း အလုပ်ရုံ‌ဆွေး‌နွေးပွဲ ‌နောက်ဆက်တွဲ အ‌နေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ပဲခူးမြို့နယ်၊ မြို့သစ်ဆည်‌မြောင်းလမ်းမကြီး အနီးရှိ နှစ်ခြင်းခရစ်ယာန် သာသနာဝင်းအတွင်းတွင် ပြုလုပ်သွားရန် စီစဉ်ထား‌ကြောင်း ပွဲစီစဉ်‌နေသူများက ဆိုသည်။

ပဲခူးမြို့‌ဒေသခံ ‌စောက‌ပေါ်မူးက “လက်ရှိ ပဲခူးမြို့နယ်အတွင်းမှာ သာမန်ကရင်အမျိုးသားများအ‌နေနဲ့ သန်း‌ခေါင် စာရင်း ‌ကောက်ယူမှုကိစ္စအတွက် စိတ်ဝင်စားမှု နည်းပါးတာကို ‌တွေ့ရတယ်။ ‌အောက်‌ခြေအဆင့်ထိ အသိပညာ ‌ပေး လုပ်‌ဆောင်ဖို့ လွယ်ကူမှာ မဟုတ်‌သေးဘူး။ အမှန်တကယ် လုပ်‌ဆောင်‌နေသူ‌တွေရဲ့ အမြင်သ‌ဘောထား များကိုလည်း ရယူဖို့ လိုအပ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

လာမည့် ၂၀၁၄ မတ်လ ပြည်လုံးကျွတ်သန်း‌ခေါင်စာရင်း ‌ကောက်ယူရာတွင် ကရင်လူဦး‌ရေ စာရင်းအမှန် ရရှိ‌ရေး လူမျိုးအမည်သတ်မှတ်ချက်များ မှန်ကန်‌စေ‌ရေး စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝှမ်းရှိ ကရင်လူမှု အဖွဲ့အစည်းမှ ကိုယ်စားလှယ် ၃၀ဝ ‌ကျော်ပါဝင်သည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ်ကို ဇန်နဝါရီ ၉ မှ ၁ဝ ရက်‌နေ့ထိ ကရင်ပြည်နယ် ဖားအံမြို့တွင် ကျင်းပခဲ့သည်။

ထို့အပြင် ကရင်လူဦး‌ရေစာရင်း အမှန်ရရှိ‌စေရန်နှင့် ပတ်သက်၍ သန်း‌ခေါင်စာရင်း‌ကောက်ယူခြင်းဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲများကို ကရင်လူမျိုးအများစု‌နေထိုင်ရာ ပြည်နယ်နှင့်တိုင်း‌ဒေသကြီးအလိုက် ဆက်လက် ကျင်းပသွားရန် ရှိသည်ဟု သိရသည်။