Home သတင်း ၆၃နှစ်‌မြောက် ကရင်အာဇာ နည်‌နေ့ ‌ကေအဲန်ယူ ‌နေရာအ ချို့ ၌ကျင်းပ

၆၃နှစ်‌မြောက် ကရင်အာဇာ နည်‌နေ့ ‌ကေအဲန်ယူ ‌နေရာအ ချို့ ၌ကျင်းပ

5260
ဩဂုတ်လ ၁၂ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

DSC_0129ယ‌နေ့ ဩဂုတ်လ ၁၂ရက်‌နေ့၌ ကျ‌ရောက်‌သော ကရင့်အာဇာနည်‌နေ့ ၆၃နှစ်‌မြောက်ကို ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေအချို့တွင် ‌နေရာအလိုက် ပြု လုပ်ကျင်းပခဲ့‌ကြောင်းသိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်‌မြေများရှိ ကရင်ပြည်နယ် မွန်ပြည် နယ်၊ တနသင်္ာရီးတိုင်းနှင့် ပဲခူးတိုင်း စသည့် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေအချို့တွင် ကရင့်အာဇာနည်‌နေ့ကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

မြဝတီမြို့နယ် ထီး‌လော်‌သေရွာရှိ ‌ကေအဲန်ယူ လက်‌အောက်ခံတပ် (၁၀၁)တပ်ရင်း‌နေရာ၌ ပြုလုပ်သည့် ကရင့် အာဇာနည်‌နေ့တွင် ဗိုလ်မှူးကြီး ‌စော‌ဖောဒိုက “‌စောဘဦးကြီးနဲ့အတူ အသက်‌ပေးသွားတဲ့ မျိုးချစ်ကရင်အားလုံး ကို ကရင်လူမျိုးအဆက်ဆက် မ‌မေ့ဖို့နဲ့ ကရင့်အာဇာနည်‌နေ့ရဲ့ အဓိပ္ပါယ်ကို သိဖို့ အခုလို ‌အောက်‌မေ့ဖွယ်အခမ်း အနား နှစ်စဉ်ကျင်းပလာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်လူမျိုးတိုင်းသည် ၎င်းတို့ကိုယ် ၎င်းတို့ ကရင်ဟု သိမြင်ပြီး တမျိုးသားလုံးအ‌ရေး တိုးတက်‌ကောင်းမွန်‌စေ ရန်အတွက် ခိုင်မာတဲ့ စည်းလုံးညီညွှတ်မှု တည်‌ဆောက်ရန် လိုအပ်သလို လက်ရှိ ‌ကေအဲန်ယူနှင့် မြန်မာအစိုး ရတို့ တည်‌ဆောက်‌နေသည့် ငြိမ်းချမ်း‌ရေးသည် နှစ်ဖက်ယုံကြည်မှုတည်‌ဆောက်နိုင်မှသာ စစ်မှန်‌သော ငြိမ်းချမ်း‌ရေးပန်းတိုင်သို့ ‌လျှောက်လှမ်းနိုင်မည်ဟုလည်း ဗိုလ်မှူးကြီး ‌စော‌ဖောဒိုက ဆက်‌ပြောသည်။

ယ‌နေ့ကျ‌ရောက်သည့် ကရင့်အာဇာနည်‌နေ့တွင် ‌ကေအဲန်ယူမှ ဗဟိုအဆင့်အတိုင်းအတာဖြင့် ပြုလုပ်ခဲ့ခြင်း မရှိ ‌သော်လည်း ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၏ မိန့်ခွန်းအရ ‌စောဘဦးကြီးအပါအဝင် ကရင့် အမျိုးသားများသည် ၎င်းတို့လူမျိုးအတွက် အာဇာနည်ကဲ့သို့ အသက်‌ပေးခဲ့‌သော‌ကြောင့် ကရင့်‌တော်လှန်‌ရေးမှာ ယခုထိ ခိုင်ခိုင်မာမာ ရှိ‌နေ‌သေး‌ကြောင်း ‌ပြောဆိုထားသည်။

ဆက်လက်၍ ယ‌နေ့ ၆၃နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့၌ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေအတွင်းတွင် စစ်‌ရေးပြ အခမ်းအနားနှင့်အတူ ကရင်ပြည်နယ် ‌ကေအဲန်ယူ တပ်မဟာ(၅)အတွင်းရှိ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ‌စော‌ဘော ‌ကျော်ဟဲ ဦး‌ဆောင် သည့် ‌ဒေးဖိုးနို‌နေရာနှင့် မြဝတီမြို့နယ်ရှိ ‌ကေအဲန်ယူ တပ်မဟာ(၆)ရှိ ဗိုလ်ကြီး ‌စောလှမင်း ဦး‌ဆောင်သည့် ထီးမူးထာ့ရွာတို့ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ဒီမိုက‌ရေစီကရင်အကျိုးပြုတပ်မ‌တော်(ဒီ‌ကေဘီ‌အေ)မှလည်း ကရင်ပြည်နယ် မြဝတီမြို့နယ် ကလို့ထူး ‌ဘောဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်‌ကျေးရွာတွင် ကရင့်အာဇာနည်‌နေ့ကို စစ်‌ရေးပြအခမ်းအနားနှင့်အတူ ပြုလုပ်ကျင်းပခဲ့ကြသည်။
DSC_0148img
တဆက်တည်းမှာပင် ထိုင်း၊ အ‌မေရိကန်၊ ‌နော်‌ဝေ၊ ဩစ‌တြေးလျား၊ အဂင်္လန် စသည့် ပြည်ပ‌ရောက် ကရင်များ ကလည်း ကရင့်အာဇာ နည်‌နေ့ ‌အောက်‌မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့ကြသလို မြန်မာပြည်တွင်းရှိ ရန်ကုန် မြို့၌လည်း ကရင်လူငယ် များဦး‌ဆောင်၍ ကရင့်အာဇာနည်‌နေ့ ကျင်းပခဲ့ကြသည်ဟု သိရသည်။

၁၉၅ဝ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်‌နေ့က ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်အနီးရှိ ‌ထေ့ာကိုကိုးရွာတွင် ကျဆုံး ခဲ့‌သော ကရင့်အမျိုးသားအာဇာနည်ဖြစ်‌စောဘဦးကြီးကို ကရင်အာဇာနည်‌နေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ‌အောက်‌မေ့ဖွယ်အခမ်းအနားကျင်းပလာကာ ယခုချိန်အထိ ၆၃နှစ်‌မြောက်ရှိပြီဖြစ်သည်။

ကရင့်အာဇာနည်‌ခေါင်း‌ဆောင် ‌စောဘဦးကြီးသည် သူမ‌သေဆုံးမီ ကရင်တမျိုးသားအတွက် ‌တော်လှန်‌ရေးမူ(၄) ချက်ဖြစ်သည့် လက်နက်ချစကားအလျှဉ်းမ‌ပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်၊ ကရင်ကံကြမ္မာ ကရင်ဖန်တီးမည်နှင့် ကရင်ပြည်ကို အသိအမှတ်ပြုခြင်းပြီး ပြည့်စုံ‌စေရမည်တို့ကို ချမှတ်ခဲ့ပြီး ယင်းမူဖြင့် ယခုထိ ကရင့်‌တော်လှန်‌ရေး ဆက်လက်ရှင်သန်‌နေခြင်းလည်းဖြစ်သည်။