Home သတင်း ၃နှစ်‌မြောက် ကရင်နယ်ခြား‌စောင့် တပ် နှစ်ပတ်လည်ပွဲ KNU စစ်ဦးစီးချုပ် တက်‌ရောက်

၃နှစ်‌မြောက် ကရင်နယ်ခြား‌စောင့် တပ် နှစ်ပတ်လည်ပွဲ KNU စစ်ဦးစီးချုပ် တက်‌ရောက်

2871
ဩဂုတ်လ ၂ဝရက်၊ ၂၀၁၃ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

BGF-KNUကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ‌ရွှေကုက္ကိုမြိုင်
‌ကျေးရွာတွင် ယ‌နေ့ ကျင်းပပြုလုပ်သည့် ကရင်နယ်ခြား‌စောင့်တပ်(BGF)၏ ဖွဲ့ စည်းတည်‌ထောင်ခြင်း ၃နှစ်‌မြောက် နှစ်ပတ် လည်‌နေ့ အခမ်းအနားသို့ ကရင်အမျိုးသား အစည်းအရုံး(KNU)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီနှင့် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်တစ်ချို့ တက်‌ရောက်ခဲ့ကြသည်။

နယ်ခြား‌စောင့်တပ် (BGF)၏ ဖိတ်ကြားချက်အရ သွား၍တက်‌ရောက်ခြင်းဖြစ်သကဲ့သို့ ကရင်လူမျိုးအချင်းချင်း နားလည်မှု တည် ‌ဆောက်ရန်အတွက် ရည်ရွယ်ပြီး တက်‌ရောက်ခြင်းလည်းဖြစ်သည်ဟု ထိုအခမ်းအနားသို့ ကိုယ်တိုင် တက်‌ရောက်ခဲ့သူ KNU ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “BGF တပ်ဖွဲ့ဝင်ထဲမှာ ကျ‌နော်တို့ ကရင်လူမျိုး‌တွေ အများကြီးရှိပါတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ ကရင်လူမျိုး‌တွေ အချင်း ချင်း နားလည်မှုရယူပြီး ပြန်လည်စည်းလုံးနိုင်ဖို့အတွက် ကျ‌နော်တို့ သွားတက်တာဖြစ်တယ်။”ဟု ‌ပြောသည်။

ယခင်ဖြစ်ပွားခဲ့သည့် အကွဲအပြဲကိစ္စများကို အ‌ဖြေရှာပြီး ‌ရှေ့ဆက် ကရင်လူမျိုးများ လိုလား‌တောင့်တသည့် စည်းလုံးညီညွှတ်မှု နှင့် တ‌သွေးထဲ တသားထဲ ပြန်လည်‌ပေါင်းစည်းနိုင်‌ရေး၊ ပန်းတိုင်ကို ‌ရောက်ရှိ‌စေ‌ရေး ထဲထဲဝင်ဝင် အ‌ဖြေရှာရန်အတွက် တက် ‌ရောက်ရခြင်းဖြစ်သည်ဟုလည်း ပဒို‌စော‌အောင်‌မော်‌အေးက ဖြည့်စွက်‌ပြောဆိုသည်။

ယ‌နေ့အခမ်းအနားကို BGF အမှတ်(၃)တိုက်နယ်အတွင်းရှိ အမှတ်(၁၀၁၇)၊ (၁၀၁၈)၊ (၁၀၁၉)နှင့် (၁၀၁၉) တပ်ရင်းများက စု‌ပေါင်းကျင်းပခြင်းဖြစ်ပြီး တာဝန်ရှိသူများက မိန့်ခွန်း‌ပြောကြားခြင်း၊ စစ်‌ရေးပြဖြင့် ချီတက်အ‌လေးပြုခြင်း အစီအစဉ်များအပြင် တိုင်းရင်းသားအကများဖြင့် တင်ဆက်ခဲ့ကြသည်။

ကရင်ပြည် နယ်ရှိ နယ်ခြား‌စောင့်တပ်များ ဗဟိုအကြံ‌ပေးနှင့် ကွပ်ကဲ‌ရေးအဖွဲ့ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၂) BGF အမှတ်(၃) တိုက်နယ်မှူး ဗိုလ်မှူးချုပ်‌စောချစ်သူက “ကရင်ပြည်သူလူထု ‌အေးချမ်းသာယာ‌ရေးနဲ့ လူမှုဘဝတိုးတက်‌ရေးအတွက် ကျ‌နော်တို့ ပူး‌ပေါင်းလုပ်သွားမယ်။ ကျ‌နော်တို့က မူ‌လေးချက် (‌စောဘဦးကြီးမူ)ကို တစ်ခုမှ မချိုး‌ဖောက်ဘူး။ စွဲစွဲမြဲမြဲ ကိုင်‌ဆောင်ထား တယ်”ဟု အခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင် မကြာ‌သေးခင်က ဖာပွန်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် KNU လက်‌အောက်ခံတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့ဝင်တို့အ ကြား အပစ်ခတ်မှုကိစ္စရပ်နှင့်ပတ်သက်၍လည်း တစ်ဘက်နှင့်တစ်ဘက် နားလည်မှုရှိရန်၊ ပြဿနာဖြစ်ပွားသည့်အ‌ကြောင်းအ ရင်းကို သိရှိရန်အတွက် ညှိနှိုင်း‌ဆွေး‌နွေးရန် လိုအပ်‌ကြောင်းကို BGF တာဝန်ရှိသူများနှင့် သီးသန့်‌တွေ့ဆုံကာ အလွတ်သ‌ဘော ‌ဆွေး‌နွေးခဲ့ကြသည်ဟု ပဒို‌စော‌အောင်‌မော်‌အေးက ဆက်‌ပြောသည်။

နယ်ခြား‌စောင့်တပ်ကို ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊ ဩဂုတ်လ ၂ဝရက်‌နေ့က တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် အဖြစ်မှ အသွင်‌ပြောင်းလဲ ဖွဲ့စည်းခဲ့‌သော အစိုးရ၏ လက်‌အောက်ခံတပ်ဖွဲ့ဖြစ်သည်။

ယ‌နေ့မနက် ၉နာရီတွင် စတင်ကျင်းပသည့် ယင်းအခမ်းအနားသို့ ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်များ ဗဟိုအကြံ‌ပေးနှင့် ကွပ်ကဲ‌ရေးအကြံ‌ပေး ဒုဥက္ကဌ ဗိုလ်ချုပ်ဖားနွီး၊ ဗိုလ်မှူးချုပ်‌စောချစ်သူ၊ နယ်စပ်‌ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ‌ရေးနှင့် စည်ပင်သာယာ‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ်‌မောင်‌မောင်အုန်း၊ လက်ရှိ ပြည်သူ့စစ်နှင့် နယ်ခြား ‌စောင့်တပ်များ ညွှန်ကြား‌ရေးမှူး ဗိုလ်မှူးချုပ်တင်‌မောင်ထွန်း၊ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ်တင်‌မောင်ဝင်း၊ ‌ကေအဲန်ယူဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌ဂျော်နီ၊ ဗိုလ်မှူးကြီး‌ဖောဒို၊ ပဒို‌စော‌အောင်‌မော်‌အေး၊ ဒီမိုက‌ရေစီ အကျိူးပြု ကရင် အမျိုးသားတပ်မ‌တော် (DKBA)၊ ဝပြည်‌သွေးစည်းညီညွှတ်‌ရေးတပ်မ‌တော် (UWSA)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNLO)၊ တိုင်းရင်းသားတပ်ဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများ စုစု‌ပေါင်း ၁၂ဖွဲ့မှ ပရိဿတ် ၃,၀၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။