Home သတင်း မိုးကြီး၍ ‌အောက်‌ကျောက် ခက်ရွာလုံးကျွတ်နီးပါး အိမ်‌ခြေပျက်စီး

မိုးကြီး၍ ‌အောက်‌ကျောက် ခက်ရွာလုံးကျွတ်နီးပါး အိမ်‌ခြေပျက်စီး

1729
ဩဂုတ်လ ၂၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

Kyauk-Khet villageကရင်ပြည်နယ်၊မြဝတီမြို့အတွင်း ရှိ ‌အောက်‌ကျောက်ခက်ရွာတွင် ဩဂုတ်လ တတိယပတ်အတွင်း မိုး သည်းထန်စွာ ရွာသွန်းပြီး ‌ကျောက်ခက် ‌ချောင်း‌ရေလျှံ မှု‌ကြောင့် အိမ်‌ခြေ ၁၉လုံးရှိ သည့်အနက် ၁၇လုံး ပျက်စီးသွားခဲ့သည်ဟု ရွာခံများက ‌ပြောသည်။

ဩဂုတ်လ ၂၁ရက်‌နေ့မှစ၍ ရွာထဲသို့ ‌ရေများ တဖြည်းဖြည်းဝင်လာကာ ၂၂ရက်‌နေ့တွင် အိမ်‌ခေါင်းမိုးအထိ ‌ရေတက်လာသည့်အ တွက် အိမ်‌ခြေ ၅လုံးမှာ ‌ချောင်းထဲသို့ ‌မျောပါသွားခဲ့ပြီး ၁၂လုံးမှာ လက်ရှိ ‌နေထိုင်စရာမရှိဘဲ ဖြစ်‌နေသည်ဟု ‌ကျောက်ခက်ရွာသူ ကြီး ‌စောထွန်းခိုင်က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“အခု ‌ရေကြီးတာ အိမ်‌တွေပျက်စီးကုန်လို့ အိမ်နှစ်လုံး‌လောက်ပဲ ‌နေလို့ရတယ်။ လူ‌တွေ တ‌ယောက်မှ‌တော့ ထိခိုက်တာမရှိဘူး။ အားလုံးလည်း ‌ဘေးလွတ်ရာကို ထွက်‌ပြေးကြကုန်ပြီ။ ‌နောက်က‌နေ့ (ဩဂုတ်လ ၂၃ရက်‌နေ့)အထိ ‌ရေက ပြန်ကျသွားပြီဆို‌ပေ မယ့် မိုးကလည်း ရွာ‌နေတုန်းဖြစ်လို့ ‌ရေထပ်တက်လာမှာကို စိုးရိမ်တယ်။ ကျ‌နော်တို့ရွာမှာ အရင်က ဒီလို တခါမှ ‌ရေမကြီးဖူး ဘူး။”ဟု ‌ပြောဆိုသည်။

လက်ရှိတွင် ‌အောက်‌ကျောက်ခက်ရွာမှ ‌ရေ‌ဘေးသင့်သူရွာသားများမှာ ရွာ၏ ကုန်းအထက်ပိုင်းရှိ ဘုန်းကြီး‌ကျောင်းတွင် ခိုလှုံ‌နေ ကြသလို ရွာနံ‌ဘေးရှိ ‌တောင်ကုန်း‌ပေါ်သို့ သွား‌ရောက်ခိုလှုံကြသည်။ ယခုလို ‌ရေကြီးမှု‌ကြောင့် ‌အောက်‌ကျောက်ခက်ရွာရှိ ရွာသူ ရွာသား ၅၀‌ကျော်အတွက် စားနပ်ရိက္ခာနှင့် ‌သောက်‌ရေသန့်များ အ‌ရေး‌ပေါ် လိုအပ်‌နေပြီး ‌နေရာထိုင်ခင်းနှင့် အဝတ်အထည်များ လည်း လိုအပ်‌နေ‌ကြောင်း ‌စောထွန်းခိုင်က ဆက်‌ပြောသည်။

‌ရေ‌ဘေးသင့် ‌အောက်‌ကျောက်ခက်ရွာသူ အမျိုးသမီးဖြစ်သည့် နန်းကြည်ဝင်းက “‌ရေကြီးလို့ ဆန်‌တွေလည်း ‌ရေထဲအကုန် ပါသွားတယ်။ ကျမက ‌ဈေး‌ရောင်း‌တော့ ‌ရေထဲမပါဘဲ ကျန်တဲ့ စား‌သောက်ဖွယ်ရာ‌တွေကို မျှ‌ဝေပြီး စား‌နေကြရတယ်။ ဒီအ တိုင်းပဲ မိုးဆက်ရွာလို့ လာကူညီမယ့်သူမရှိရင် ကျမတို့ စားစရာ အခက်အခဲနဲ့ ကြုံရမှာ မလွဲဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
Flooding victims
သို့‌သော် ‌အောက်‌ကျောက်ခက်အနီး ကုန်းဘက်ခြမ်းရှိ အိမ်‌ခြေ ၉၀‌ကျော်ရှိ‌သော အထက်‌ကျောက်ခက်ရွာမှာမူ ‌ရေ‌ဘေးအတွက် စိုးရိမ်စရာ အ‌ခြေအ‌နေ မရှိ‌ကြောင်း သိရသည်။

‌အောက်‌ကျောက်ခက်ရွာနှင့် အထက်‌ကျောက်ခက်ရွာကို ပြီးခဲ့သည့် ၁ဝခန့်က တည်‌ထောင်ခဲ့ခြင်းဖြစ်ပြီး ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ) ကလို့ထူး‌ဘောဗျူဟာ လက်‌အောက်ခံ တပ်ရင်း(၉၀၇) အ‌ခြေစိုက်ရာ ‌ဒေသလည်း ဖြစ်သည်။

အလားတူ ဩဂုတ်လ ၂၁၊ ၂၂နှင့် ၂၃ရက်အတွင်း ကရင်ပြည်နယ်၊ ဖားအံမြို့နှင့် လှိုင်းဘွဲမြို့တို့တွင်လည်း ဒုတိယအကြိမ် ‌ရေကြီး မှု ထပ်မံ ဖြစ်ပွား‌နေ‌ကြောင်း သိရသည်။