Home သတင်း ထန်းတပင်မြို့နယ်အတွင်းရှိ လွန်ဘူးရွာသားတစ်ဦးကို အစိုးရစစ်တပ် အ‌ကြောင်းမဲ့ ထိုးကြိတ်

ထန်းတပင်မြို့နယ်အတွင်းရှိ လွန်ဘူးရွာသားတစ်ဦးကို အစိုးရစစ်တပ် အ‌ကြောင်းမဲ့ ထိုးကြိတ်

1489
ဇူလိုင်လ ၃ဝရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ပဲခူးတိုင်း၊ ‌တောင်ငူခရိုင် ထန်းတပင်မြို့နယ် အတွင်းရှိ လွန်ဘူး‌ကျေးရွာသား တစ်ဦးဖြစ် သည့် အသက် ၂၆နှစ် အရွယ် ‌စောသာ‌ထော ဆိုသူ ကို ‌တောင်ပိုင်း တိုင်း စစ်ဌာနချုပ် (တပခ)လက်‌အောက်ခံတပ်ရင်း ‌ခြေလျင်တပ်ရင်း (ခလရ-၅၃)တပ်ရင်း က အ‌ကြောင်းမဲ့ ထိုးကြိတ်ခဲ့သည်ဟု ၎င်း‌ဒေသ မှလာသည့်သတင်းအရ သိရသည်။

ထန်းတပင်မြို့နယ်အတွင်းတွင် သွားလာလှုပ်ရှား‌နေ‌သော အဆိုပါ (ခလရ-၅၃) တပ်ရင်းမှ တပ်ခွဲမှူး အဆင့်ရှိသူ ဗိုလ်ကြီး ‌အေးကိုဟန် ဆိုသူသည် လွန်ဘူး‌ကျေးရွာရှိ ဆင်‌ကျောင်း‌နေ‌သော ဆင်ဦးစီး ‌စောသာ‌ထောကို ဇူလိုင် လ ၂၇‌နေ့က အ‌ကြောင်းမဲ့ ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဆင်ထိန်း‌ကျောင်းဖို့ သွားလာ‌နေတဲ့ ‌စောသာ‌ထောကို ရွာရဲ့ လမ်းတ‌နေရာမှာ အဲဒီဗိုလ်က ‌တွေပြီး ထိုးလိုက် တာပဲ။ ‌နောက် အဲဒီဗိုလ်က အရက်မူးတယ်လို့ သိရတယ်။ ‌စောသာ‌ထောရဲ့ ခန္ဓာကိုယ်ကို အဲဒီဗိုလ်က ‌ခြေနဲ့ ကန်‌ကျောက်သလို ဆဲဆိုပြီး ထိုးကြိတ်တာ အခုဆိုရင် သူ့မျက် နှာမှာမြင်မ‌ကောင်း‌အောင် ‌ယောင်ကိုင်း‌နေ တယ်။ ပါးစပ်ဟလည်း မရလို့ အစာစားဖို့ ခက်‌နေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထိုဖြစ်ရပ်‌ကြောင့် ရွာသူရွာသားများသည် အစိုးရစစ်တပ်များကို ‌ကြောက်ရွံ့‌နေကြရပြီး ၎င်းတို့လုပ်ငန်းခွင်သို့ သွားလာရန် အခက်အခဲဖြစ်‌နေသည်ဟု သူက ဆက်‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အစိုးရအကြား ယခုလို အပစ်အခတ်ရပ်စဲ‌ရေး ခိုင်မာ‌အောင် ‌ဖော် ‌ဆောင်‌နေသည့် ကာလတွင် လွန်ဘူး‌ကျေးရွာသားတစ်ဦးကို အစိုးရစစ်တပ်မှ ထိုးကြိတ်နှိပ်စက်ခဲ့သည့်အ‌ပေါ် စိုးရိမ်မိ‌ကြောင်း KNU ‌တောင်ငူခရိုင်၏ ခရိုင်မှူးဖြစ်သူ ပဒို ‌စောအယ်ဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီလို အပစ်ရပ်ကာလမှာ အစိုးရစစ်တပ်က ရွာသားကို ထိုးကြိတ်တာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီဖြစ်ရပ်အ‌ပေါ် အစိုး ရစစ်တပ် ဆက်လုပ်ရင် အပစ်ရပ်ကိစ္စဟာ အဓိပ္ပါယ် မရှိ‌တော့ဘူး။ ကျ‌နော်တို့အ‌နေနဲ့ ‌အေး‌အေး‌ဆေး‌ဆေးပဲ ဖြစ်‌စေချင်တယ်”ဟု ‌စောအယ်ဝါးက ဆိုသည်။

ထို့အပြင် ယခုလို အပစ်အခတ်ရပ်စဲ ထား‌သောကာလတွင် ‌ဒေသခံရွာသူရွာသားများ လွတ်လပ်စွာသွားလာခွင့် ရရှိ‌ရေးအတွက် မြန်မာအစိုးရတပ် ‌ရှေ့တန်းတပ်စခန်းများကို မထားရှိ‌တော့ရန်အတွက် လွှတ်‌တော်သို့ တင်ပြ ‌တောင်းဆို‌ဆွေး‌နွေးကြရန် ‌တောင်းဆိုစာ‌ရေးသားမည်ဟုလည်း အဆိုပါ လွန်ဘူး‌ဒေသခံတစ်ဦးက ‌ပြောသည်။

အလားတူ ဇွန်လ ၂၆ရက်‌နေ့ကလည်း ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ ထီးသာ‌ဆော ‌ကျေးရွာရှိ မူလတန်းလွန်‌ကျောင်းမှ အလယ်တန်းပြဆရာမ ‌နော်ကလိုမူးရှူးအား ခင်ပွန်းဖြစ်သည့် ‌စောမြင့်ထူး ဆိုသူကို ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)အစိုးရစစ်တပ် ‌ရှေ့တန်းစခန်းမှ (ခလရ-၃၀)တပ်ရင်းက အ‌ကြောင်းမဲ့ ထိုးကြိတ်မှုများ ပြုလုပ်ခဲ့သည်။