Home သတင်း အသက်မပြည့်ဘဲ စစ်သား အဖြစ် ‌ခေါ်မိသူကို KNU ပြန်လွှတ်‌ပေး

အသက်မပြည့်ဘဲ စစ်သား အဖြစ် ‌ခေါ်မိသူကို KNU ပြန်လွှတ်‌ပေး

1704
‌မေလ ၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

အသက်မပြည့်‌သေးသည့် ‌ယောက်ျား‌လေး တစ်ဦးကို စစ်ထဲသို့ဝင်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်‌အောက်ခံ ‌လေးဖိုးထာ့‌ကျေးရွာအုပ်စုမှူး၏ လူများက မှား‌ခေါ်မိသူကို ‌မေလ ၂ရက်‌နေ့က ပြန်လွှတ်‌ပေးလိုက်ပြီဟု KNU တပ်မဟာ(၅) တာဝန်ခံများက ‌ပြောဆိုသည်။

‌လေးဖိုးထာ့‌ကျေးရွာအုပ်စုမှူး ‌စောပ‌လော့ဆိုသူက ပိုဂါရွာရှိ အမျိုးသား‌ရေးလုပ်ရန် အမည်စာရင်း ပါထားသူများအား သွား ‌ရောက်‌ခေါ်ရန် ၎င်း၏ လက်‌အောက်ခံလူများကို တာဝန်‌ပေးအပ်ခဲ့ရာမှ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ‌ရွှေ‌ရေး(ပိုဂါ)‌ကျေးရွာရှိ ၁၅နှစ်အရွယ် ‌စောစတီဗင်ကို ဧပြီလ ၄ရက်‌နေ့က ‌ခေါ်ခဲ့မိခြင်းဖြစ်‌ကြောင်း KNU ဖာပွန်(မု‌တြော်)ခရိုင်၊ တပ်မဟာ (၅)မှ ရုံးထိုင် မှူး ဗိုလ်မှူး‌စောကလယ်ဒို့က ‌ပြောသည်။

“‌လေးဖိုးထာ့ဂရုမှူးက အမျိုးသား‌ရေးလုပ်ဖို့ နာမည်စာရင်းပါထားတဲ့ သူ‌တွေကို သွား‌ခေါ်ဖို့ သူ့လက်‌အောက်က လူ‌တွေကို တာဝန်‌ပေးလိုက်တယ်။ သွား‌ခေါ်တဲ့သူ‌တွေက အသက်မပြည့်‌သေးတဲ့ ပိုဂါရွာက အဲဒီက‌လေးကို ‌ခေါ်လာခဲ့‌တော့ ဂရုခို့(အုပ်စု မှူး)က ပြန်လွှတ်‌ပေးခဲ့‌ပေမဲ့ အိမ်မပြန်‌သေးတဲ့အတွက် ‌ခေါ်ထားတယ်လို့ပဲ သူတို့ ထင်ခဲ့တယ်”ဟု ‌စောကလယ်ဒို့က ‌ကေအိုင်စီ သို့ ‌ပြောသည်။

ယင်းသို့လွှတ်‌ပေးခဲ့‌သော်လည်း အိမ်သို့ ပြန်မ‌ရောက်‌သေးသဖြင့် ‌စောစတီဗင်၏ အစ်ကိုဖြစ်သူက KNU မှ အတင်းအဓမ္မ စစ် သား‌ကောက်ခံသည်ဟု ထင်မှတ်၍ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO)သို့ တိုင်ကြားမှုပြုပြီး‌နောက် ILO မှ KNU တပ်မဟာ(၅) ကို ဖုန်းဆက်အ‌ကြောင်းကြားသည့်အတွက် ယင်းကိစ္စအ‌ပေါ် အဖြစ်မှန် ပြန်လည် ရှင်းပြခဲ့ပြီးဖြစ်‌ကြောင်းလည်း ‌စောကလယ်ဒို့ က ဖြည့်စွက်‌ပြောဆိုသည်။

KNU ၏ ‌ပေါ်လစီအရ အသက် ၁၈နှစ် မပြည့်‌သေးသည့် မည်သူ့ကိုမဆို စစ်ထဲသို့မဝင်ရန် အတိအလင်း ပြဌာန်းထားမှုများရှိ ‌ကြောင်း၊ က‌လေးစစ်သား အသုံးပြုသည့် မည်သည့်အဖွဲ့အစည်းမဆို လက်မခံနိုင်‌ကြောင်းနှင့် KNU တွင် အမျိုးသား‌ရေးလုပ် သူတိုင်း သတ်မှတ်ထားသည့် အသက်ပြည့်ရမည်ဖြစ်‌ကြောင်း ‌စောကလယ်ဒို့က ‌ပြောသည်။

‌လေးဖိုးထာ့‌ကျေးရွာအုပ်စုတွင် ‌လေးဖိုးထာ့ အပါအဝင် ‌ရွှေ‌ရေး(ပိုဂါ)၊ ကျိုး‌ဒေး၊ တ‌ရောပူ၊ မဲ့ကျီ စသည့်ရွာ‌ပေါင်း ဆယ်ရွာခန့်ရှိ သည်ဟု သိရသည်။