Home သတင်း ထိုင်း-မြန်မာဆက်ဆံ‌ရေး တိုးမြှင့်ရန် နယ်စပ်‌မော‌တောင်ဂိတ်အား ဖွင့်လှစ်

ထိုင်း-မြန်မာဆက်ဆံ‌ရေး တိုးမြှင့်ရန် နယ်စပ်‌မော‌တောင်ဂိတ်အား ဖွင့်လှစ်

1401
‌မေလ ၉ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)
နှစ်နိုင်ငံ တာဝန်ရှိသူများ ‌တွေ့ဆုံ‌နေစဉ်
နှစ်နိုင်ငံ တာဝန်ရှိသူများ ‌တွေ့ဆုံ‌နေစဉ်

တနသင်္ာရီတိုင်း၊ မြိတ်ခရိုင်ရှိ ‌မော‌တောင်‌ကျေးရွာတွင် ဆယ်နှစ်ကြာ ပိတ်ထားခဲ့သည့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်ကို နှစ်နိုင်ငံ တာဝန်ရှိသူများက ချစ်ကြည်‌ရေးအ‌နေဖြင့် ‌မေလ ၈ရက်‌နေ့မနက်တွင် စတင် ဖွင့်လှစ်ခဲ့သည်။

မြန်မာဘက်မှ နယ်စပ်ကုန်သွယ်‌ရေးဝန်ကြီးနှင့် နယ်စပ်‌ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေးဝန်ကြီးတို့ ဦးစီး‌သော အဖွဲ့နှင့် တနသင်္ာရီတိုင်းမှ ဝန်ကြီး ဦးမြတ်သူ ပါဝင်‌သော အင်အား ၃၅ဦးသည် ထိုင်းနိုင်ငံဘက်မှ နယ်စပ်‌ရေးရာ စီးပွား‌ရေးအဖွဲ့နှင့် ပကျွတ်ခရိုင်မှူးများ၊ စစ်ဘက်နယ်ဘက် တာဝန်ရှိသူများက ထိုင်းမြန်မာချစ်ကြည်‌ရေးနှင့် စီးပွား‌ရေးလုပ်ငန်းများ ပူး‌ပေါင်း‌ဆောင်ရွက် နိုင်ရန်အတွက် ၎င်း‌မော‌တောင်ဂိတ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။