Home သတင်း ဘားအံမြို့ အနီးတစ်ဝိုက် ‌သောက် သုံး‌ရေ ပြတ်လပ်သည့် ‌ကျေးရွာ များသို့ စု‌ပေါင်း‌ရေလှူဒါန်း

ဘားအံမြို့ အနီးတစ်ဝိုက် ‌သောက် သုံး‌ရေ ပြတ်လပ်သည့် ‌ကျေးရွာ များသို့ စု‌ပေါင်း‌ရေလှူဒါန်း

1947
ဧပြီလ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

DSC00057
‌နွေရာသီအတွင်း အပူချိန်မြင့်တတ်မှု‌ကြောင့် ဘားအံမြို ့အနီးတစ်ဝိုက်ရှိ ‌သောက်သုံး‌ရေ ပြတ်လပ်‌နေ သည့် ‌ကျေးရွာများသို ့ဘားအံမြို့ မိမြို့ဖအချို့နှင့် နိုင်ငံ‌ရေးပါတီအချို့ ဦး‌ဆောင်၍ ယမန်‌နေ့(ဧပြီလ ၂၃ရက်‌နေ့)က စု‌ပေါင်း‌ရေသွား‌ရောက်လှူဒါန်းခဲ့‌ကြောင်း သတင်းရရှိသည်။

လက်ရှိ ‌ရေပြတ်လပ်‌နေသည့် သံလွင်မြစ်အ‌နောက်ဖက် ရွာများဖြစ်သည့် နန့်ကုန်းရွာ၊ ငှက်‌ပျော‌တော ရွာနှင့် ဓမ္မပါလကုန်းနှင့် ဘားအံအမှတ်(၉)ရပ်ကွက်ရှိ ‌နေရာအချို့သို့ ‌ရေသွား‌ရောက်လှူဒါန်းခဲ့ခြင်းဖြစ် ပြီး ယမန်‌နေ့က ‌ရေသန် ့၂ဝလီတာ၊ ဗူးကြီး ၈ဝနှင့် သုံး‌ရေစည် ၃စည်ကို လှူဒါန်းခဲ့‌ကြောင်း ကရင်ပြည် နယ်၊ ဘားအံမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေအွာက ‌ကေအိုင်စီသို့ ‌ပြောသည်။

နန်း‌စေအွာက “ဘားအံမြို့အနီးက ‌ကျေးရွာအချို့မှာ ‌နွေရာသီဆိုရင် ‌ရေတွင်း‌တွေ ခန်း‌ခြောက်တာ အမြဲ ကြုံရတတ်ပါတယ်။ အခုနှစ်လည်း မိုးကုန်တာ‌စောပြီး မိုးဦးကျ ‌နောက်ကျ‌တော့ ရွာအချို့မှာ ‌ရေပြတ်လပ်တာ ကြုံ‌နေရတယ်။ ဒါ‌ကြောင့် မြို့မိ မြို့ဖအချို့နဲ့ တိုင်ပင်ပြီး ဒီလို လုပ်လိုက်တာ”ဟု ‌ပြောကြားသည်။

စု‌ပေါင်း‌ရေလှူဒါန်းမှုကို ဘားအံမြို့ရှိ မြို့မိ မြို့ဖအချို့နှင့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တတ်ပါတီ၊ အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်တို့မှ ပူး‌ပေါင်းပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ‌ရေများကို ‌ခြောက်ဘီးကားကြီးများဖြင့် သယ်ယူခဲ့ခြင်းဖြစ်သည်။

DSC00078ထိုသို့ ‌ရေများသယ်‌ဆောင်ရာတွင် မြို့မိမြို့ဖ ရန်ပုံ‌ငွေဖြင့် ဝယ်ယူထားသည့် မီးသတ်ကားများကို သက်ဆိုင်ရာ အာဏာပိုင်များက အသုံးပြုခွင့် မ‌ပေးသည့်အတွက် ‌ရေလှူဒါန်းသူများ၏ အစီအစဉ်ဖြင့် ကားစီစဉ်ခဲ့ရသည်ဟု ‌ရေလှူဒါန်းမှု၌ ဦး‌ဆောင်ပါဝင်ခဲ့သူ ဘားအံမြို့ခံ ကို‌ဇော်ရဲထက်က ‌ပြောသည်။

၎င်းက“‌ရေလှူဖို့ ကားလိုတဲ့အတွက် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေအွာက စာ‌ရေးပြီး မြို့မိ မြို့ဖ ရန်ပုံ‌ငွေနဲ့ ဝယ်ထားတဲ့မီးသတ်ကားကို အသုံးပြုဖို့ အကူအညီ‌တောင်းတာကို အစည်းအ‌ဝေး ဆုံး ဖြတ်ချက်ချထားလို့ ခွင့်မပြုနိုင်ဘူး‌ပြောတယ်။ ပြည်နယ်အစိုးရအဖွဲ့က ‌တောင်းတုန်းက‌တော့ ခွင့်ပြုပြီး အခု မ‌ပေးဘူး”ဟု ‌ပြောဆိုသည်။

‌သောက်သုံး‌ရေ အခက်အခဲဖြစ်‌ပေါ်‌နေသည့် ဘားအံမြို့အနီးတစ်ဝိုက်ရှိ ‌ကျေးရွာများအနက် ယ‌နေ့တွင် သစ်ခြားရွာ၊ ခ‌မောက်တစ်ဆင်ရွာ၊ ရဲသာရွာနှင့် ‌ကော့ကူး‌ကျေးရွာများသို ထပ်မံသွား‌ရောက်လှူဒါန်း သွားမည်ဖြစ်‌ကြောင်းနှင့် လက်ရှိ ဘားအံမြို့ခံ အလှူရှင်များက ‌ရေပြတ်လပ်မှု အခက်အခဲကို ‌ဖြေရှင်း ရန် လာ‌ရောက်‌ငွေလှူဒါန်းမှုများရှိ‌ကြောင်း ကို‌ဇော်ရဲထက်က ဆိုသည်။