Home သတင်း ကရင်အနုပညာရှင် ဇွဲကပင်‌ကျော်‌လေး၏ ‌အောက်‌မေ့ဖွယ် ရုပ်တု တည်‌ဆောက်ပြီးစီး

ကရင်အနုပညာရှင် ဇွဲကပင်‌ကျော်‌လေး၏ ‌အောက်‌မေ့ဖွယ် ရုပ်တု တည်‌ဆောက်ပြီးစီး

3187
‌ဖေ‌ဖော်ဝါရီလ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)

DSC00877ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဒုံရင်း‌ကျေးနယ် ‌တော်ပုံ‌ကျေးရွာတွင် ကွယ်လွန်သွားပြီဖြစ်သည့် နာမည်‌ကျော် ကရင်အနုပညာရှင် ဇွဲကပင်‌ကျော်‌လေး အား ‌အောက်‌မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ၎င်း၏ ရုပ်တုကို ဇွဲကပင်‌တောင် ‌ခြေ လုမ္မဏီဥယျာဉ်‌ရှေ့တွင် ‌ဆောက်လုပ်ပြီးစီးသည့် ဖွင့်ပွဲကို ‌ဖေ‌ဖော်ဝါရီလ ၁၈ရက်‌နေ့က ကျင်းပခဲ့သည်။

ရုပ်ထုဖွင့်ပွဲ အခမ်းအနားတွင် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ လွှတ်‌တော်အမတ် ‌စော‌အောင်‌ကျော်နိုင်၊ ‌စောလွန်းရှင်၊ ဇွဲကပင်‌ကျော်‌လေး၏ လုပ်‌ဖော်ကိုင်ဖက်များနှင့် တပည့်ရင်းများ၊ အနယ်နယ်အရပ်ရပ်ရှိ ကရင်အနုပညာရှင်များ၊ သံဃာ‌တော်များ တက်‌ရောက်ခဲ့ကြသည်။

ရုပ်ထုဖြစ်‌မြောက်‌ရေး‌ကော်မတီ ဥက္ကဌ ‌စောရာ‌ဟောင်က ၎င်း၏ သူငယ်ချင်းလည်းဖြစ်၊ ဆရာလည်းဖြစ်သူ ဇွဲကပင် ‌ကျော်‌လေး၏ ရုပ်တုကို ယခုလို တည်‌ဆောက်‌ပေးရမှုအ‌ပေါ် အထူး‌ကျေနပ်အားရမိ‌ကြောင်းနှင့် ရုပ်တုပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ယခုလို ‌ပြောကြားသည်။

“ကျ‌နော်တို့ ကရင်အနုပညာရှင်အသီးသီးက စုစည်း‌ကော်မတီဖွဲ့ပြီး ‌နောင်လာ‌နောင်သား‌တွေ သိရှိ‌အောင် ရည်ရွယ် ပြီး ဇွဲကပင်‌ကျော်‌လေးကို ဂုဏ်ပြုတဲ့အ‌နေနဲ့ သူ့ရဲ့ရုပ်တုကို တည်‌ဆောက်‌ပေးတာဖြစ်ပါတယ်”ဟု ‌စောရာ‌ဟောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဇွဲကပင်‌ကျော်‌လေးသည် နိုင်ငံအကျိုး၊ အမျိုးသားအကျိုး‌တွေကို အနုပညာအားဖြင့် နယ်အသီးသီးက ကရင်လူထုထံ လှည့်လည်ကာ အသိပညာ‌ပေးတာများကို အခက်အခဲကြားမှ ‌ဆောင်ရွက်ခဲ့သကဲ့သို့ ကိုယ်ကျိုးစွန့် အနစ်နာခံတတ် သူ၊ အ‌မျှော်အမြင်ရှိသူတစ်ဦးဖြစ်ရာ ၎င်းအား ကရင်အနုပညာရှင် အာဇာနည်တစ်ဦးအဖြစ် အသိအမှတ်ပြု‌ကြောင်း သူက ဆက်လက်၍ ‌ပြောဆိုသည်။

DSC00867ထို‌နေ့မနက် ၆နာရီမှ ၉နာရီအထိ ပြုလုပ်ခဲ့သည့် ထိုအခမ်းအနားတွင် လူပရိဿတ် ၃၀၀‌ကျော် တက်‌ရောက်ခဲ့ကြပြီး ဇွဲကပင်‌ကျော်‌လေး၏ ဘဝအ‌ကြောင်းများကို ပြန်လည်‌ပြောကြားခြင်း၊ ကရင်အနုပညာရှင်များမှ ဂုဏ်ပြုသီချင်းများ သီဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

၁၉၆၄ခုနှစ်တွင် ရန်ကုန် ပန်တျာ‌ကျောင်းဆင်းခဲ့သူ ဇွဲကပင်‌ကျော်‌လေးသည် ၁၉၇၁-၇၃ခုနှစ်တွင် ဘားအံမြို့နယ်၊ ဒုံရင်း‌ရေတံခွန်မှာ “ကလိုး‌စေကလိုးထွန့်(‌ရွှေဖားစည်‌ငွေဖားစည်)”အမည်ရှိ ကရင်ဇာတ်ကို တည်‌ထောင်ခဲ့သည်။

၁၉၇၄ခုနှစ်တွင် ‌ကော့ကရိတ်မြို့နယ်၌ ကရင်ဇာတ်ပညာကို လှည့်လည်သင်ကြား‌ပေးခဲ့ပြီး ၁၉၇၆-၈၆ခုနှစ်၌ ၎င်းဒုံရင်း‌ဒေသတွင် ကရင်အနုသုခုမ ဇာတ်သဘင်အဖွဲ့ကို ဖွဲ့စည်းဦး‌ဆောင်ခဲ့သည့်‌နောက်ပိုင်း ၁၉၈၈ခုနှစ် ‌ဖေ‌ဖော် ဝါရီလ ၂၂ရက်‌နေ့တွင် ကွယ်လွန်သွားခဲ့သည်။

ကရင်အနုပညာရှင် ဇွဲကပင်‌ကျော်‌လေး ကွယ်လွန်ပြီး‌နောက် သူ ‌ရေးသားခဲ့သည့် ကရင်သီချင်းနှင့် ဇာတ်ညွှန်းများ အုပ်‌ရေ (၅၀)နှင့် ကိုယ်တိုင်‌ရေး ‌သေတမ်းစာတစ်‌စောင်လည်း ကျန်ရစ်ခဲ့‌ကြောင်း သိရသည်။