ဇန်နဝါရီ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း
အမျိုးသားဒီမိုကရေစီအဖွဲ ့ချူပ် ပညာရေးကွန်ရက်မှ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များအတွက် ဖွင့် လှစ်ထားသည့် မြန်မာရွှေ့ပြောင်းကျောင်းများ သို ့ ဇန်နဝါရီ ၂၇ရက်နေ့တွင် ကျပ်သိန်း ၁၂ဝ သွားရောက်လှုဒါန်းမည်ဖြစ်ကြောင်း ယင်းကွန်ယက်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောသည်။
“လာမဲ့ တနဂင်္နွေနေ ့ဇန်နဝါရီ ၂၇ရက်နေ ့မှာ မဲဆောက်မှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားကလေးတွေအတွက် ဖွင့်ထားတဲ့ Migrant ကျောင်းကို ကျပ်သိန်း ၁၂ဝ သွားလှုဖို ့ရှိပါတယ်”ဟု ဒေါက်တာသိန်းလွင်က ကေအိုင်စီသို့ ပြောကြားသည်။
အဆိုပါ ကွန်ယက်အနေဖြင့် ၎င်းတို ့ရန်ပုံငွေများထဲမှ တိုင်းရင်းသားဒေသများရှိ ကျောင်းများသို ့ကျပ်သိန်း ၅၀ဝ လှူဒါန်းသွားရန် ရှိပြီး ယခုလှူဒါန်းမှုမှာ ယင်းအစီအစဉ်တွင် ပါဝင်နေပြီး ယခု ဇန်နဝါရီ နောက်ဆုံးအပတ်အတွင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည် နယ်ရှိ ကျောင်းများသို ့သွားရောက်လှူဒါန်းရန်ရှိကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ ့ချူပ် ပညာရေးကွန်ယက် ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ၂၇နှင့် ၂၈ရက်နေ့တို့တွင် ရန် ကုန်မြို ့ ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထိုးထားသည့် ဆွယ်တာအကျီင်္နှစ်ထည် လေလံတင် ရောင်းချခဲ့ရာ စုစုပေါင်း ရန်ပုံငွေ ကျပ်သိန်း ၅၀၀၀ကျော်ရရှိခဲ့သည်။
ထိုရောင်းချငွေထဲမှ ကုန်ကျငွေများ ပြန်နုတ်ပါက ကျပ်သိန်း ၃,၀၀၀ကျော်ကျန်ရှိကြောင်း ယင်းရန်ပုံငွေများထဲမှ တိုင်းရင်းသား ဒေသများသို ့ကျပ်သိန်း ၅၀ဝလှုဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။


















