
အုပ်ချုပ်ရေးမှူး ဦးနဲကျော် ရောင်းတဲ့ ကံစမ်းမဲလက်မှတ်

ကျမတို့ ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်က အုပ်ချုပ်ရေးမှူးအသစ် ဦးနဲကျော်ဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးလုပ်တာ တစ်လ မပြည့်သေးဘူး။ တစ်အိမ်ကို စာအိတ်တလုံး စေတနာပေါ့။ အဲဒါလည်း ဘယ်သူမှ မပြောဘူး။ ထည့်ပေးကြပါတယ်။ ရုံးရန်ပုံငွေလို့ ပြောတာကိုး။ အဲဒါ စေတနာပဲဆိုတော့ သူများတွေ သိပ်မပြောဘူး။ ပြီးတော့ တစ်ပတ်တောင် မကြာသေးဘူး။ အခု မဟာ သကြင်္န်အတွက် ကံစမ်းမဲလက်မှတ် ထပ်ရောင်းပြန်ပြီ။ ကံစမ်းမဲလက်မှတ်က တစ်စောင်ကို ၂၀၀၀(ကျပ်)။ ဂဏန်းက ခြောက်လုံး ပါတယ်။ အရွက်ရေ တစ်သိန်းလောက်လို့ ထင်တယ်။ အခု သူ့ရုံးရှေ့မှာ သကြင်္န်စင် ဆောက်ထားတယ်။ ဆောက်ပေးတဲ့ ပန်းရံ ဆရာတွေကိုလည်း လက်သမားခ မပေးဘူး။ ပန်းရံဆရာတွေက တနေ့လုပ်မှ တနေ့စားလေ။ မဟာသကြင်္န်က အဝေးကြီးကျန်သေးတယ်။ ခုကတည်းက ကံစမ်းမဲလက်မှတ်က ရောင်းနေပြီ။ ဒီရပ်ကွက်အုပ်ချုပ်ရေးမှူးက သူ အမိန့်စာကျပြီးတာနဲ့ အထက် လူကြီးတွေကို သူ့ဆိုင်မှာ တဝိုင်းတိုက်တယ်။ သူက စားသောက်ဆိုင်ဖွင့်ထားတာကိုး။ လူထုကိုတော့ အာဏာသုံးပြီး အထက်က လူတွေကိုတော့ ဖားတတ်တဲ့ ဒီလို ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ လက်စွမ်းပြပုံနဲ့တော့ ရေရှည်ဆိုရင် ကျမတို့ ရပ်ကွက်သူ ရပ်ကွက် သားတွေ စားစရာမရှိ ပေးစရာပဲရှိတဲ့ ဘဝမျိုးဖြစ်မှာမို့ သတင်းဌာနကနေ တင်ပြပေးပါ။
ရပ်ကွက်နေ ပြည်သူတစ်ဦး