Home တွေ့ဆုံမေးမြန်းခန်း နိုင်ငံတကာအမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့နှင့် ပတ်သက်ပြီး ကရင်အမျိုးသမီးအစည်းအရုံးမှ တွဲဖက်အတွင်း‌ရေးမှူး (၂) ‌နော်တာမလာ‌စောနှင့် ‌တွေ့ဆုံ‌မေးမြန်းချက်

နိုင်ငံတကာအမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့နှင့် ပတ်သက်ပြီး ကရင်အမျိုးသမီးအစည်းအရုံးမှ တွဲဖက်အတွင်း‌ရေးမှူး (၂) ‌နော်တာမလာ‌စောနှင့် ‌တွေ့ဆုံ‌မေးမြန်းချက်

1900
ဒီဇင်ဘာလ ၁၈၊ ၂၀၁၂။ နန်းသူး‌လေ(‌ကေအိုင်စီ)

KIC- နိုဝင်ဘာလ ၂၅ရက်‌နေ့က ကျ‌ရောက် တဲ့ နိုင်ငံတကာအမျိုးသမီးများအ‌ပေါ်အကြမ်းဖက် မှု ပ‌ပျောက်‌ရေး‌နေ့နဲ့ ပတ်သက်ပြီး ‌နော်တာမလာ ‌စောအ‌နေ နဲ့ ဘာများ Massage ‌ပေးချင်လဲ။

‌ဖြေ- ဒီ‌နေ့ဟာကမ္ဘာ‌ပေါ်မှာရှိတဲ့ အမျိုးသမီး‌တွေအတွက် ထူးခြားတဲ့‌နေ့တစ်‌နေ့ပဲဖြစ်ပါတယ်။ အမျိုးသမီး‌တွေအတွက် အသက်စွန့်အနစ်နာခံပြီး အမျိုးသမီးအခွင့်အ‌ရေးနဲ့ တရားမျှတ‌ရေးရရှိ‌အောင် ‌တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ အမျိုးသမီး ‌တွေကို သတိရ‌အောက်‌မေ့တဲ့‌နေ့ဖြစ်သလို ဝမ်းနည်းစရာ ‌ကောင်းတဲ့‌နေ့လည်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ အဲဒီ ‌နေ့ဟာ အမျိုးသမီး‌တွေရဲ့ အ‌ရေးအတွက် သူတို့ကိုယ်တိုင် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ‌ဆောင်ရွက်ခဲ့ကြတယ်။ တချိန်တည်းမှာပဲ အဲဒီ‌နေ့ကို ကမ္ဘာတဝှမ်းက အမျိုးသမီး‌တွေအပါ် ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်မှု‌တွေ ရပ်တန့် ‌အောင် လှုံ့‌ဆော်‌ဆောင်ရွက်တဲ့‌နေ့အဖြစ် အသုံးပြုရမှာဖြစ်သလို အဲဒီလို လုပ်‌ဆောင်ရာမှာ ကျမတို့ လူမှုအသိုင်း အဝိုင်းနဲ့ ကိုက်ညီမှုရှိတဲ့ နည်းလမ်းမျိုး‌တွေ၊ နားလည်လွယ်တဲ့ နည်းလမ်းကို အသုံးပြုပြီး အမျိုးသမီး‌တွေအ‌ပေါ် အကြမ်းဖက်မှုရပ်တန့်‌အောင် စည်းရုံးလုပ်‌ဆောင် သွားရပါမယ်။

KIC- လက်ရှိ မြန်မာနိုင်ငံမှာ အမျိုးသမီးအ‌ပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အရင်ကနဲ့ နှိုင်းယှဉ်ရင် ဘယ်လို‌တွေ ‌တွေ့မြင်‌နေရလဲ။

‌ဖြေ- ကျမအ‌နေနဲ့က‌တော့ မြန်မာပြည်မှာ လက်ရှိအချိန်အထိ အမျိုးသမီး‌တွေအ‌ပေါ် အကြမ်းဖက်မှု ဆန့်ကျင်‌ရေးကိစ္စနှင့် ပတ်သက်ပြီး တိုးတက်မှုတစုံတရာ မ‌တွေ့ရ‌သေးဘူး။ ဘာဖြစ်လို့ ကျမ အဲ့သလို‌ပြောရတာလဲဆိုရင် အမျိုးသမီး‌တွေ အတွက် တရားမျှတမှုရှိ‌အောင် တိုးမြှင့်လုပ်‌ဆောင်‌ပေးတဲ့ အထူးလုပ်‌ဆောင်‌ပေးမှု‌တွေ မရှိဘူး။ အဲလိုမျိုး အကြမ်းဖက် မှုနဲ့ ပတ်သက်ပြီး ဥပ‌ဒေမျိုးပြဌာန်းထားတာရှိ‌ပေမယ့် အစိုးရက‌နေပြီး အဲဒီကိစ္စ‌တွေကို အားစိုက်လုပ်‌ဆောင်တာမျိုး၊ မျှတမှုရှိမရှိ စစ်‌ဆေးလုပ်‌ဆောင်တာမျိုး မရှိပါဘူး။ လွန်ခဲ့တဲ့(၁၀)နှစ်တုန်းက အမျိုးသမီး‌တွေ တရားမျှတရရှိမှု အ‌ခြေအ‌နေနဲ့ ပြန်နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိပ်‌တော့ မကွာပါဘူး။ ဘာဖြစ်လို့လဲဆို‌တော့ အမျိုးသမီး‌တွေ တရားရင် ဆိုင်တဲ့အခါမှာ သူတို့ရဲ့အမှု အနည်းအကျဉ်းမျှသာ တရားရုံးကို ‌ရောက်ကြတယ်။ ဒီအချက်ကလည်း အင်မတန်မှ ဝမ်းနည်းဖို့‌ကောင်းပါတယ်။

KIC- အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု‌တွေ ‌လျှော့ကျသွား‌အောင် အမျိုးသား‌တွေအ‌နေနဲ့က‌ကော ဘာ‌တွေပူး‌ပေါင်း လုပ်‌ဆောင် သင့်တယ်လို့ အကြံပြု‌ပြောကြားချင်လဲ။

‌ဖြေ- အမျိုးသမီး‌တွေအ‌ပေါ်အကြမ်းဖက်တာ‌တွေ ရပ်တန့်ဖို့လုပ်‌ဆောင်တဲ့‌နေရာမှာ အမျိုးသား‌တွေရဲ့ ပူး‌ပေါင်းပါဝင်မှုက အင်မတန်မှ အ‌ရေးကြီးပါတယ်။ အမျိုးသမီး‌တွေအ‌ပေါ် အကြမ်းဖက်မှုရပ်တန့်‌အောင် အမျိုးသား‌တွေအတွက် လုပ်‌ဆောင်ရတာ လွယ်ပါတယ်။ သူတို့နဲ့ အနီးဆုံးလူ‌တွေဖြစ်တဲ့ သူတို့ရဲ့မိခင်၊ အမ၊ ညီမ၊ ဒါမှမဟုတ် ခယ်မ၊ ‌ယောက္ခမ၊ ချစ်သူ၊ မယားနဲ့ သူတို့သိတဲ့ အမျိုးသမီး‌တွေအ‌ပေါ် ဘယ်‌သောအခါမှ အကြမ်းဖက်မှု‌တွေ မလုပ်ဖို့ပါပဲ။ အမျိုးသားတိုင်းက ဒီလိုမျိုးလိုက်နာနိုင်မယ်ဆိုရင်၊ ကျမတို့ လူမှုအဖွဲ့အစည်းမှာ အမျိုးသမီး အကြမ်းဖက်မှု‌တွေ ‌လျော့ နည်းလာမယ်။ အဲလိုမျိုး အမျိုးသားတ‌ယောက်က‌နေ စလုပ်ပြီးဆိုရင် တဖြည်းဖြည်းနဲ့ အခြားသူ‌တွေကလည်း သူကို စံနမူနာယူကြလိမ့်မယ်လို့ ကျမ ယုံကြည်တယ်။ အဲဒီလို အ‌ခြေအ‌နေမျိုး ဖြစ်လာဖို့က အချိန်ယူရမယ်ဆို‌ပေမယ့် တကယ်ဖြစ်လာဖို့ လိုပါတယ်။

‌နောက်တစ်ခုအ‌နေနဲ့ ‌ပြောချင်တာက‌တော့ ကျမတို့ရဲ့လူ့အဖွဲ့အစည်းထဲမှာ ‌အေး‌အေးချမ်းချမ်း ဖြစ်‌စေချင်တယ်။ ကျမတို့ လူမှုအဖွဲ့အစည်း ငြိမ်းချမ်းဖို့ဆိုတာက အပစ်အခတ်ရပ်စဲ‌ရေး တစ်ခုတည်း မရနိုင်ပါဘူး။ ကျမတို့ ‌တွေထဲမှာ အချိန်ကြာမြှင့်စွာ ကိန်း‌အောင်း‌နေတဲ့ ဒီအမျိုးသမီး‌ပေါ် အကြမ်းဆက်ဖက်မှု‌တွေဟာ ငြိမ်းချမ်းသွားမှာ မဟုတ်‌သေး သလို အမျိုးသမီး‌တွေနဲ့ က‌လေး‌တွေရဲ့ ‌အော်သံ‌တွေ၊ မျက်ရည်‌တွေက ဆက်လက်ရှိ‌နေဦးမှာပဲ။ ဒါ‌ကြောင့် အခုချိန်မှာ လူ့အခွင့်‌ရေး၊ အမျိုးသမီးအခွင့်‌ရေးနဲ့ တရားမျှတ‌ရေး၊ တန်းတူညီမျှ‌ရေးအ‌ပေါ် အ‌ခြေပြုပြီး ကျမတို့ လူမှုအဖွဲ့အစည်း တိုးတက်‌ကောင်းမွန်လာ‌အောင် ကျမတို့ အားလုံး အတူတကွလက်တွဲပြီး လုပ်‌ဆောင်ကြရမယ်။ ကျမတို့ တိတ်ဆိတ်‌နေလို့ မဖြစ်‌တော့ဘူး။ အဲလိုမျိုး တိတ်ဆိတ်နှုတ်ပိတ်‌နေမယ်ဆိုရင် အကြမ်းဖမ်ခံရစားတဲ့သူ‌တွေ ပိုများမှာ ဖြစ်သလို အပြစ်ကျုးလွန်သူ‌တွေကို အား‌ပေးအား‌မြောက်ရာကျတယ်။ ဒါ‌ကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် အမျိုးသမီးနဲ့ က‌လေး‌တွေအ‌ပေါ် ဘယ်လိုအကြမ်းဖက်မှု‌တွေပဲဖြစ်ဖြစ် ‌တွေ့ရပါက ‌ကျေးဇူးပြုပြီး ဟန့်တား‌ပေးကြပါလို့ ‌ပြောချင် ပါတယ်။

KIC- ‌နောက်ပြီး အမျိုးသမီး‌တွေရဲ့ဘဝ‌တွေကို အကြမ်းဖက်မှု‌တွေမှ ပ‌ပျောက်‌အောင် ဘယ်လိုမြှင့်တင် ‌ပေးသင့်တယ်လို့ ‌ပြောချင်လဲ။ တဆက်တည်းမှာပဲ လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေမှာ‌ကော အမျိုးသမီး ပါဝင်မှုက ဘယ် ‌လောက်အ‌ရေးကြီးတယ် ထင်လဲ။ တိုင်းပြည်တိုးတက်ဖို့ အမျိုးသမီး‌တွေ ဘယ်လိုပါဝင်သင့်ပါသလဲ။

‌ဖြေ- မြန်မာပြည်မှာရှိတဲ့ အမျိုးသမီး‌တွေရဲ့ဘဝ‌တွေ တိုးတက်‌ကောင်းမွန်လာဖို့၊ အကြမ်းဖက်ခံဘဝမှ လွတ်‌မြောက်ဖို့က ပထမဦးဆုံး ကျမတို့ အမျိုးသမီး‌တွေရဲ့ စွမ်းရည်‌တွေ မြှင့်တင်‌ပေးဖို့ လိုတယ်။ အဲဒါမှ သူတို့ကိုယ်တိုင် သူတို့ရဲ့ အခွင့်အ‌ရေး‌တွေ သူတို့ သိလာမယ်။ သူတို့ကိုယ် သူတို့ ယုံကြည်မှု ပိုရှိလာမယ်။ အမျိုးသမီးသာမက လူမှုအဖွဲ့အစည်း တခုလုံးကို ကျမတို့ အသိပညာ‌တွေ ‌ပေးဖို့လိုပါတယ်။ ကျမတို့ အမျိုးသမီး‌တွေ၊ လူမှုအဖွဲ့အစည်း‌တွေကို အလုပ်ရုံ‌ဆွေး ‌နွေးပွဲ‌တွေ၊ ‌ဆွေး‌နွေးပွဲ‌တွေ၊ စည်းရုံးလှုံ့‌ဆော်တဲ့ လှုပ်ရှားမှု‌တွေက‌နေတဆင့် အသိပညာ‌တွေ ‌ပေးလို့ရသလို အဲ့ဒီအပြင် နည်းပညာ‌တွေဖြစ်တဲ့ ဗွီဒီယို မှတ်တမ်း၊ ရုပ်မြင်သံကြားအစီအစဉ်၊ ‌ရေဒီယိုအစီအစဉ်နှင့် အခြား မီဒီယာအစီအစဉ် ‌တွေကို အသုံးပြုပြီး ပညာ‌ပေးလို့ရတယ်။

လက်ရှိမြန်မာပြည်ရဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌တွေမှာ အမျိုးသမီးရဲ့ အခန်းကဏ္ဍက အင်မတန် အ‌ရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ အမျိုးသမီး‌တွေဟာ ဒီပဋိပက္ခ‌တွေ၊ စစ်ပွဲ‌တွေရဲ့ ‌ဘေးထွက်ဆိုးကျိုး‌တွေကို ခံစားလာခဲ့ရ တာကြာလှပြီဖြစ်တဲ့အတွက် အမျိုးသမီး‌တွေ ဘာလိုအပ်တယ်၊ လူမှုအဖွဲ့အစည်းက ဘာလိုအပ်‌နေတယ်ဆိုတာ သူတို့ ‌ကောင်း‌ကောင်း နားလည်ပါတယ်။ ပဋိပက္ခ‌တွေနဲ့ ရင်ဆိုင်‌နေရတဲ့ တခြား‌သော နိုင်ငံ‌တွေမှာဆိုလည်း ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်‌တွေမှာ အမျိုးသမီး‌တွေ ပါဝင်ကူညီတဲ့ သာဓက‌တွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံမှာ နှစ်‌ပေါင်းများစွာ အုပ်စိုးလာတဲ့ စစ်အဏာရှင်အဆက်ဆက်ရဲ့ အုပ်ချုပ်မှု‌အောက်မှာ ကျမတို့ အမျိုးသမီး‌တွေဟာ ပဋိပက္ခ‌တွေကြားက နိုးနိုးကြားကြားနဲ့ ကျမတို့ လူမှု့အဖွဲ့အစည်း‌တွေအတွက် လုပ်‌ဆောင်ခဲ့တယ်။ ကျမတို့‌တွေက ‌ခေါင်း‌ဆောင်မှု အခန်း ကဏ္ဍမှာ ‌နေရာ‌ပေါင်းစုံ တာဝန်ယူ ဦး‌ဆောင်ခဲ့သူ‌တွေပါ။ ဒါ‌ကြောင့် အမျိုးသား‌တွေလို ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌တွေမှာ အမျိုးသမီး‌တွေ ပူး‌ပေါင်းပါဝင်လုပ်‌ဆောင်နိုင်တယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။

KIC- ‌နောက်ဆုံးတစ်ခုအ‌နေနဲ့ ‌မေးချင်တာက‌တော့ အခုပြုလုပ်‌နေတဲ့ ‌ကေအဲန်ယူ ကွန်ဂရက်မှာ အသစ်တင်‌မြှောက်မယ့် ‌ခေါင်း‌ဆောင် ‌တွေထဲမှာ အမျိုးသမီးကို ဘယ်လိုတာဝန်မျိုးမှာ ထမ်း‌ဆောင်‌စေချင်သလဲ။

‌ဖြေ- ‌ကေအဲန်ယူရဲ့ ဗဟို‌ကော်မတီအဖွဲ့ထဲမှာ အမျိုးသမီ‌တွေ ပိုမိုအ‌ရွေးချယ်ခံရတာကို မြင်ချင်တယ်။ ‌ကေအဲန်ယူရဲ့ ဌာနဆိုင်ရာအသီးသီးမှာ အမျိုးသမီး‌တွေ ဆုံးဖြတ်ချနိုင်တဲ့သူ‌နေရာ‌တွေမှာ ပိုမိုပါဝင်လာမယ်ဆိုရင် ကျမတို့ လူမှုအ ဖွဲ့အစည်းအတွက် အ‌ထောက်အကူအများကြီး ဖြစ်‌စေမယ်လို့ ကျမယုံကြည်တယ်။ ကျမတို့ အားလုံးသိတဲ့အတိုင်း ဒါက ‌ရွေး‌ကောက်ပွဲ တခုဖြစ်တဲ့အတွက် ‌ရွေး‌ကောက်ပွဲမှ ရလာတဲ့ ရလဒ်နဲ့အတူ လုပ်စရာရှိတာကို ကျမတို့က ဆက်လုပ်သွားရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီး‌တွေရဲ့ အခန်းကဏ္ဍ ပါဝင်ခြင်းအားဖြင့် ကျမတို့ လူမှုအဖွဲ့အစည်း အတွက် အ‌ကောင်းဆုံးလုပ်‌ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားတယ်။

KIC- ဘာများဖြည့်စွက်‌ပြောကြားချင်ပါ‌သေးသလဲ။

‌ဖြေ- ‌နောက်ဆုံး‌ပြောချင်တာက‌တော့ လူသားတစ်ဦးဖြစ်တဲ့အ‌လျှောက် အမျိုးသမီးဖြစ်‌စေ၊ အမျိုးသားဖြစ်‌စေ၊ ဘယ်သူ့ကိုမှ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်တာမျိုးကို မဖြစ်‌စေချင်ပါဘူး။ ဒါ‌ကြောင့်မို့လို့ “ကျမတို့ လူမှုအဖွဲ့ အစည်းမှာ ကျမတို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ‌နေထိုင်လိုကြပါတယ်။ ကျမတို့ဟာ အမျိုးသားဖြစ်‌စေ၊ အမျိုးသ မီးဖြစ်‌စေ၊ (သို့)မိန်းက‌လေးဖြစ်‌စေ၊ ‌ယောကျင်္ား‌လေးဖြစ်‌စေ၊ အသက်ကြီးသည်ဖြစ်‌စေ၊ အသက်ငယ် သည်ဖြစ်‌စေ ခွဲခြားဆက်ဆံမှုမရှိဘဲ အားလုံးအတူတကွ လက်တွဲ အလုပ်လုပ်ရမှာဖြစ်တယ်။