Home သတင်း ‌ဒေါက်တာ စင်သီယာ‌မောင် ၅၃နှစ်ပြည့်‌မွေး‌နေ့ပွဲသို့ လူထုပ ရိဿတ် ၁၀၀ဝ ‌ကျော် တက်‌ရောက်

‌ဒေါက်တာ စင်သီယာ‌မောင် ၅၃နှစ်ပြည့်‌မွေး‌နေ့ပွဲသို့ လူထုပ ရိဿတ် ၁၀၀ဝ ‌ကျော် တက်‌ရောက်

2287
ဒီဇင်ဘာလ ၆ရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် ‌ရွှေ့‌ပြောင်းမြန်မာနိုင်ငံ သားများ၏ ပညာ‌ရေး၊ ကျန်းမာ‌ရေးနှင့် လူမှု ‌ရေးများကို ကြိုးပမ်းလုပ်‌ဆောင်‌ပေး‌နေ သည့် ‌ဒေါက်တာစင်သီ ယာ‌မောင်၏ အသက် ၅၃နှစ်ပြည့်‌မွေး ‌နေ့ပွဲအခမ်း အနားသို့ လူထုပရိဿတ် တစ်‌ထောင်‌ကျော် တက်‌ရောက်ခဲ့ ကြသည်။

မဲ‌ဆောက်မြို့ရှိ Children Development Center (CDC)‌ကျောင်းတွင် ယ‌နေ့ကျင်း ပပြုလုပ် သည့် ‌ဒေါက်တာစင်သီယာ‌မောင် ‌မွေး‌နေ့ ပွဲကို ‌ရွှေ့‌ပြောင်းမြန်မာ အလုပ်သမားများနှင့် အဖွဲ့အစည်းများ၊ စာသင်‌ကျောင်း များမှဆရာ၊ ဆရာမ များနှင့် ‌ကျောင်းသား‌ကျောင်းသူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ‌ဒေသခံထိုင်းရပ်မိ ရပ်ဖ များ တက်‌ရောက်ခဲ့ခြင်းဖြစ်သည်။

‌မွေး‌နေ့ပွဲအခမ်းအနားကို နံနက်၉နာရီအချိန်တွင် တိုင်းရင်းသားရိုးရာယဉ်‌ကျေးမှုအကဖြင့် စတင်ဖွင့် လှစ်ခဲ့ပြီး ထိုင်းပညာ‌ရေးဌာနမှ မဖနိဒါး၊ ကယန်းအမျိုးသား‌ခေါင်း‌ဆောင် ခွန်ဘာကိုဘမ်း၊ ‌ရွေ့‌ပြောင်းဆရာ၊ ဆရာမများ ကိုယ်စား ဆရာ‌ကျော်‌ကျော်မင်းထွဋ်၊ ကျန်းမာ‌ရေးအဖွဲ့အစည်းများကိုယ်စား ဆရာဝင်း‌ကျော်၊ ကရင်အမျိုးသမီး အစည်းအရုံး (KWO) မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နန်းဒါးအယ်ကလယ် တို့က ‌ဒေါက်တာစင်သီယာ‌မောင် အား ‌မွေး‌နေ့ ဂုဏ်ပြုစကားများ ‌ပြောကြားခဲ့ကြသည်။

KWO အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နန်းဒါးအယ်ကလယ်က “‌ဒေါက်တာစင်သီယာ‌မောင်ဟာ လူအခွင့်အ‌ရေး အတွက် အစွမ်းကုန်ကြိုးပမ်း‌ဆောင်ရွက်တယ်။ ဒုက္ခအမျိုးမျိုးနှင့်ကြုံ‌တွေ့‌နေရ‌သော မြန်မာနိုင်ငံသား‌တွေကို ကူညီ‌စောင့်‌ရှောက်‌ပေး‌နေသဖြင့် ကျမတို့အဖွဲ့အစည်းအတွက် သမိုင်းတင်ထိုက်တဲ့ အမျိုးသမီး‌ခေါင်း‌ဆောင်ဖြစ် တယ်”ဟု ‌ပြောဆိုခဲ့သည်။

‌ဒေါက်တာစင်သီယာ‌မောင်၏ သမီး ‌မေသန့်ဇင်‌မောင် ကလည်း “‌မေ‌မေ လူမှု‌ရေးလုပ်ငန်းလုပ်တယ်ဆိုတာ တစ်‌ယောက်တည်း လုပ်လို့မရတဲ့အတွက် အဖက်ဖက်က‌နေ ဝိုင်းကူညီ‌ပေးမယ့်လူ‌တွေလိုတယ်။ ဒါ‌ကြောင့် ‌ရှေ့ဆက်ပြီးလည်း လုပ်သွားရဦးမှာဖြစ်တဲ့အတွက် အားလုံးက ‌မေ‌မေ့ကို ကူညီ‌ပေးကြပါ။ ‌နောက် ပြီး ‌မေ‌မေ ကျန်းကျန်းမာမာ‌ပျော်‌ပျော်ရွှင်ရွှင်နဲ့‌နေနိုင်ပါ‌စေလို့ ဆု‌တောင်း‌ပေးချင်ပါတယ်” ဟု‌ပြောသည်။

ထို့‌နောက် ‌ရွေ့‌ပြောင်းမြန်မာ‌ကျောင်းများမှ ‌တေးသီချင်းများ၊ အကပ‌ဒေသာများ၊ နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားများအဖွဲ့က အ‌မေ့ရဲ့သံစဉ်သီချင်း၊ ကရင်အဆို‌တော်များမှ ‌မွေး‌နေ့ဆု‌တောင်း ‌တေးသီ ချင်းများဖြင့် သီဆို‌ဖျော်‌ဖြေခြင်းနှင့် မြန်မာအမျိုးသမီး ဓမ္မစကြင်္ာအဖွဲ့မှ ဗုဒ္ဓဘာသာအရ အန္တရာယ်ကင်း‌အောင် ဆု‌တောင်း‌မေတ္တာပို့သ‌ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားအစဉ်အရ ‌ဒေါက်တာစင်သီယာ‌မောင်အား ‌ကျောင်းသား‌ကျောင်းသူများ၊ မိသားစုဝင်များက ခြံရံ၍ ‌မွေး‌နေ့ကိတ်မုန့်တွင် ဖ‌ယောင်းတိုင်‌လေးများ ထွန်းညှိကာ Happy Birthday သီချင်းသီဆိုပြီး ကိတ်မုန့်လှီးခြင်း နှင့် ‌မွေး‌နေ့ရှင်မှ နှုတ်ခွန်းဆက် ‌ပြောကြားခြင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။

‌မွေး‌နေ့ရှင် ‌ဒေါက်တာစင်သီယာ‌မောင်က “ကြွ‌ရောက်လာကြတဲ့ ညီအကို‌မောင်နှမများကို ကျမအ‌နေနဲ့ အထူး ‌ကျေးဇူးတင်ပါတယ်။ ကျမတို့နိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားမျှတမှုရဖို့ ကြိုးစား‌နေ‌ပေမယ့် ဖိနှိပ်ချုပ်ချယ် မှု‌တွေက ရှိ‌နေကြတုန်းပါပဲ။ ဒါ‌ကြောင့် ‌ရေရှည်အတွက် စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးနဲ့ အခွင့်အ‌ရေး‌တွေ ရရှိ‌အောင် တစ်ဦးချင်းက ပူး‌ပေါင်းပါဝင်ကြပါစို့လို့‌ပြောချင်ပါတယ်” ဟု ‌ပြောကြားခဲ့သည်။

၎င်း‌နောက် ‌ဒေါက်တာစင်သီယာ‌မောင်၏ ‌မွေး‌နေ့ ဖြစ်‌မြောက်‌ရေး‌ကော်မတီမှ ဆရာမန်း‌ရွှေနှင်းမှ ‌ကျေးဇူး တင်စကား‌ပြောကြားခြင်း၊ ‌မွေး‌နေ့အထိမ်းအမှတ်အဖြစ် အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်း၊ ကြွ‌ရောက်လာ‌သော ဧည့်ပရိဿတ်များကို ‌နေ့လည်စာ‌ကျွေး‌မွေးဧည့်ခံခြင်း၊ ကရင်ဒုံးယိမ်းအကများဖြင့် ကပြ‌ဖျော်‌ဖြေခြင်းဖြင့် အခမ်းအနားကို ‌အောင်မြင်စွာပြီး ဆုံးသွားခဲ့သည်။

‌ဒေါက်တာစင်သီယာ‌မောင်သည် ၁၉၈၈ ခုနှစ်၊ ရှစ်‌လေးလုံးအ‌ရေးအခင်းအပြီးတွင် ထိုင်း-မြန်မာနယ်စပ် သို့ ‌ရောက်ရှိလာခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံသားများအတွက် ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် လူ မှု‌ရေး လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာနိုင် ငံ ‌ဆေးပညာရှင်များအသင်း (BMA) နှင့် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေး လုပ်သားများ အဖွဲ့(BPHWT)၏ ဥက္ကဌအဖြစ် တာဝန်ထမ်း‌ဆောင် သူဖြစ်သည်။