Home သတင်း ဘုရားသုံးဆူမြို့တွင် ကရင်အမျိုး သားနှစ်သစ်ကူး‌နေ့ စိန်ရ တု‌ကျောက်စာတိုင် တည်‌ဆောက်

ဘုရားသုံးဆူမြို့တွင် ကရင်အမျိုး သားနှစ်သစ်ကူး‌နေ့ စိန်ရ တု‌ကျောက်စာတိုင် တည်‌ဆောက်

2220
ဒီဇင်ဘာလ ၁၄ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

လာမည့် ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့(ကရင်သက္က ရာဇ် ၂၇၅၂ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ပြာသို လ ဆန်း ၁ ရက်‌နေ့)၌ ကျ‌ရောက်မည့် ၇၅နှစ်‌မြောက် ကရင် အမျိုးသားနှစ်သစ်ကူး‌နေ့ စိန်ရတုသဘင်အထိမ်း အမှတ် အဖြစ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ တွင် ‌ကျောက် စာတိုင်တစ်ခု တည်‌ဆောက်လျှက်ရှိသည်။

ဘုရားသုံးဆူမြို့ရှိ ကရင့်စာ‌ပေနှင့် ယဉ်‌ကျေးမှုအဖွဲ့မှ ‌စော ရာဇာထွန်းက “လာမယ့်ဇန်နဝါရီလ ၁၂ရက်‌နေ့မှာဆို ရင် ကျ‌နော်တို့ရဲ့ ကရင်နှစ်သစ်ကူး‌နေ့ကျ‌ရောက် ပြီ‌လေ။ ဒါ‌ကြောင့် ဒီနှစ်မှာဆို ရင် အစိုးရက‌နေပြီ တရားဝင် ‌နေ့ ထူး‌နေ့မြတ်ရယ်လို့ စပြီး ပြဌာန်းခဲ့တာ က စိန်ရတု‌ရောက် ခဲ့ပြီဆိုတဲ့ အထိမ်းအမှတ်‌လေးနဲ့ ဒီ‌ကျောက် စာ တိုင် ‌ဆောက်ဖြစ်တာပါ”ဟု ‌ပြောသည်။

၎င်းတည်‌ဆောက်‌နေသည့် ‌ကျောက်စာတိုင်သည် အမြင့်‌ပေ ၁၈‌ပေနှင့် ‌အောက်‌ခြေ ‌ဘေး‌လေး‌ထောင့် ပတ်ပတ် လည် ၃၈ ‌ပေရှိပြီး ဘုရားသုံးဆူမြို့ အမှတ် (၃) ရပ်ကွက်ရှိ ‌ထော်မဲပါရပ်(ကရင်စု)၌ ဝင်း‌ရော်မြိုင် အခမ်း အနား ကွင်းတွင် ဒီဇင်ဘာလ ၅ရက်‌နေ့မှစ၍ ကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှုအဖွဲ့မှ ကမကထပြု ‌ဆောက်လုပ် ခဲ့ခြင်းဖြစ် သည်။

လက်ရှိအချိန်တွင် ‌ကျောက်စာတိုင်စတင်တည်‌ဆောက်‌နေခြင်းနှင့် ပတ်သက်၍ ‌စောရာဇာထွန်းက “‌ကျောက်စာ တိုင်က ကရင်နှစ်သစ်ကူးအမီအပြီးလုပ်မှာဆို‌တော့ အခုကတည်းက စပြီးတည်‌ဆောက်‌နေကြတာပါ။ အချိန်က လည်း တစ်လ‌လောက်ကြာနိုင်လို့ပါ”ဟု ‌ပြောသည်။
ယင်း‌ကျောက်စာတိုင်တွင် ပိုးကရင်၊ စ‌ကောကရင်၊ မြန်မာ၊ အဂင်္လိပ် ဘာသာများဖြင့် ကမ္ပည်း‌ကျောက်စာ ‌ရေး ထိုးသွားမည်ဖြစ်‌သော်လည်း မည်သည့်အ‌ကြောင်းအရာများကို ‌ရေးထိုးသွားမည်ဖြစ်‌ကြောင်းကို မသိရ‌သေး‌ပေ။ ၎င်းအ‌ကြောင်းအရာများကို ဘုရားသုံးဆူမြို့ ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှုအဖွဲ့၏ ‌နောက်ထပ် အစည်းအ‌ဝေးပြုလုပ် ပြီးမှသာလျှင် သိရမည်ဖြစ်‌ကြောင်း ဘုရားသုံးဆူမြို့ကရင့်စာ‌ပေနှင့် ယဉ်‌ကျေးမှုအဖွဲ့က ဆိုသည်။

ထို့အပြင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၂ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့အခမ်အနား ကို ဇန်နဝါရီလ ၁၁-၁၂ ‌နေ့အထိ ၂ရက်တာကျင်းပမှာဖြစ်ပြီး အခမ်းအနားဖွင့်လှစ်‌ပေးခြင်း၊ ‌ကျောက်စာတိုင်‌ရေး ထိုးရခြင်းကို ရှင်းလင်း‌ပြောကြားခြင်း၊ ကရင်ဒုံးယိမ်းအကနှင့် ရိုးရာအက များ‌ဖျော်‌ဖြေခြင်း၊ အားကစားယှဉ်ပြိုင် ပွဲများ ကျင်းပခြင်း စသည့်အခမ်းအနားများဖြင့် ကျင်းပသွားမည် ဖြစ်‌ကြောင်း သိရသည်။

လွန်ခဲ့သည့် မြန်မာသက္ကရာဇ် ၁၂၉၉(ခရစ်နှစ် ၁၉၃၇)ခုနှစ်မှ စတင်ကာ ပြာသိုလဆန်း ၁ရက်‌နေ့ ‌ရောက်တိုင်း ကရင်လူမျိုးတို့၏ နှစ်သစ်ကူး‌နေ့အဖြစ် တရားဝင်ကျင်းပခွင့်ပြုခဲ့ရာ ယခုအချိန်ထိဖြစ်သည်။