Home သတင်း ၁၄ကြိမ်‌မြောက် KSCကရင်‌ကျောင်း သား‌ဟောင်းများ ပြန်လည် ‌တွေ့ ဆုံနှုတ်ဆက်

၁၄ကြိမ်‌မြောက် KSCကရင်‌ကျောင်း သား‌ဟောင်းများ ပြန်လည် ‌တွေ့ ဆုံနှုတ်ဆက်

1568
နိုဝင်ဘာလ ၇ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ယ‌နေ့ကျ‌ရောက်‌သော ၁၄ကြိမ်‌မြောက် ကရင်‌ကျောင်းသား‌ကျောင်းသူ‌ဟောင်းများ ပြန်လည် ‌တွေ့ ဆုံနှုတ်ဆက်ပွဲနှင့် ထူးချွန် ‌ကျောင်းသားများအား ဆုချီးမြှင့်သည့် အခမ်းအနားကို ယ‌နေ့မနက် ၈နာရီခွဲမှ ၁ဝနာရီအထိ ကရင်ပြည်နယ် ဘားအံမြို့ အမှတ်-၄ရပ်ကွက်ရှိ ကရင်‌ကျောင်းသူ‌ကျောင်းသားများ ရိပ်သာ(KSC)တွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံရှိ အနယ်နယ်အရပ်ရပ်သို့ ‌ရောက်ရှိ‌နေ‌သော ကရင်‌ကျောင်းသား‌ဟောင်းများက ပြန်လည်ဆုံစည်းကြကာ တစ်ဦး နှင့်တစ်ဦး အမြင်ချင်းဖလှယ်နိုင်သည့်အပြင် အမျိုးသား‌ရေးစိတ်ဓာတ်များကို ပြန်လည်နှိုး‌ဆော်‌ပေးသည့်အ‌နေဖြင့် အခမ်းအနား ကျင်းပရခြင်းဖြစ်သည်ဟု အခမ်းအနားဖြစ်‌မြောက်‌ရေး ဦး‌ဆောင်သူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “‌နေရာ‌ဒေသ အသီးသီးကို ‌ရောက်ရှိ‌နေကြတဲ့ ‌ကျောင်းသား‌ဟောင်း‌တွေ ဒီလိုအခမ်းအနားမျိုးမှာ ပြန်‌တွေ့ရတဲ့အခါကျ ‌တော့ ကိုယ့်ရပ်ရွာရဲ့အ‌ခြေအ‌နေကို တစ်‌ယောက်နဲ့တစ်‌ယောက် အမြင်ချင်း မလှယ်လို့ရတယ်။ ‌နောက်ပြီး ကိုယ့်ကရင်သူငယ် ချင်း အချင်းချင်းပြန်‌တွေ့ရ‌တော့ ဝမ်းသာတာ‌ပေါ့”ဟု ‌ပြောဆိုသည်။

ထို့အပြင် KSC တွင် ‌နေထိုင်၍ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စား‌မေးပွဲ၌ ထူးချွန်‌အောင်မြင်ခဲ့ကြသူ ‌ကျောင်းသူ‌ကျောင်းသား ၄၇ဦးကို ထိုရိပ်သာမှ ဂုဏ်ပြုမှတ်တမ်းလွှာ‌ပေးအပ်ခဲ့သည့်အပြင် ယင်းတို့အနက် (၁)ဘာသာဂုဏ်ထူး ဖြင့် ‌အောင်မြင်ခဲ့သူ ဆယ်ဦးအား ကျပ်‌ငွေနှစ်‌သောင်းနှင့် ရိုးရိုး‌အောင်မြင်သူများအား ကျပ်‌ငွေတစ်‌သောင်းစီ ချီးမြှင့်ခဲ့သည်။

ကရင်‌ကျောင်းသားများရိပ်သာ ပညာ‌ရေးတာဝန်ခံ ဆရာထွန်း‌အေးက “အခုလိုဆုချီးမြှင့်လိုက်တဲ့အတွက် ‌ကျောင်းသူ‌ကျောင်း သား‌လေး‌တွေရဲ့ ကြိုးစားမှုကို အသိပြုရာ‌ရောက်သလို ‌နောက်‌ကျောင်းသား‌လေး‌တွေအတွက်လည်း အားကျ အတုယူစရာ ဖြစ် ‌စေပါတယ်”ဟု ‌ပြောသည်။

တစ်ဆက်တည်းမှာပင် ကရင်ပြည်နယ်၏ အထင်ကရ ပုဂ္ဂိုလ် ‌တောင်က‌လေး ဆရာ‌တော် ဦးပညာသာမိမှလည်း ကရင် ‌ကျောင်းသား‌ကျောင်းသူများအား တိုက်တွန်းသည့် သဝဏ်လွှာတစ်‌စောင်ကို ၎င်းအခမ်းအနားသို့ ‌ပေးပို့ခဲ့သည်။

ယ‌နေ့ပြုလုပ်သည့် အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးများဖြစ်ကြသည့် ဝန်ကြီးချုပ် ဦး‌ဇော်မင်း၊ လမ်းပန်းဆက်သွယ်‌ရေး ဝန်ကြီး ‌စောခင်‌မောင်မြင့်၊ လျှပ်စစ်ဝန်ကြီး ‌စောကြည်လင်း တို့အပါအဝင် ကရင်အမျိုးသမီးဖွံ့ဖြိုး‌ရေးအဖွဲ့များ၊ ကရင်ပြည်နယ်ရှိ ကရင်လူမှုအ‌ခြေပြုအဖွဲ့အစည်း(CBO)များ၊ နိုင်ငံတကာ အစိုးရမဟုတ်‌သော အဖွဲ့အစည်း-INGO များ၊ ‌ကျောင်းသူ‌ကျောင်းသား များနှင့် လူထုပရိဿတ်စုစု‌ပေါင်း ၃၅၀‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ ပညာသင်ကြားရန် အခက်အခဲရှိသူများအတွက် အဆင်‌ပြေ‌စေရန် ရည်ရွယ်၍ ကရင်‌ကျောင်းသူ ‌ကျောင်းသားများရိပ်သာ(KSC) ကို ဖားအံမြို့တွင် ၁၉၇ဝပြည့်နှစ်၌ ကရင်‌ရှေး‌ဟောင်စာ‌ပေများ ပြန်လည်‌ဖော်ထုတ်‌ရေးအဖွဲ့မှ လူပုဂ္ဂိုလ်အချို့က စတင် တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။

၂၀၀၂ခုနှစ်တွင် ဂျပန်နိုင်ငံမှ ‌စေတနာရှင်များ၏ ပံ့ပိုးမှုဖြင့် လက်ရှိ ‌လေးထပ်‌ကျောင်း‌ဆောင်ကို ‌နေရာ‌ပြောင်းလဲ ဖွင့်လှစ်နိုင်ခဲ့သ လို ယခုပညာသင်နှစ်တွင် ၉တန်းနှင့် ၁ဝတန်း ‌ကျောင်းသား‌ကျောင်း သူဦး‌ရေ ၂၇ဝဦး ခိုလှုံကာ ပညာသင်ကြားလျှက်ရှိပြီး ၁၉၉၉ခုနှစ်မှစတင်ကာ ကရင်‌ကျောင်းသူ‌ကျောင်းသား‌ဟောင်းများ ပြန်လည်‌တွေ့ဆုံနှုတ်ဆက်ပွဲနှင့် ထူးချွန်‌ကျောင်းသားများ အား ဆုချီးမြှင့်ပွဲကို ယခုအချိန်ထိ နှစ်စဉ် ကျင်းပလာခဲ့ခြင်း ဖြစ်သည်။