Home သတင်း ဓါတ်‌ငွေ့ပိုက်လိုင်း‌ကြောင့် ပ‌လောင်‌ဒေသတွင် ‌မြေဧက ၂‌သောင်း‌ကျော် အသိမ်းခံရ

ဓါတ်‌ငွေ့ပိုက်လိုင်း‌ကြောင့် ပ‌လောင်‌ဒေသတွင် ‌မြေဧက ၂‌သောင်း‌ကျော် အသိမ်းခံရ

2295
နိုဝင်ဘာလ ၇ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

သျှမ်းပြည်‌မြောက်ပိုင်းရှိ ပ‌လောင်လူထုများ‌နေထိုင်ရာ မြို့နယ် ၆ခုတွင် ‌ရွှေသဘာဝ ဓါတ်‌ငွေ့ပိုက်လိုင်း‌ကြောင့် ‌ကျေးရွာ ၅၁ရွာမှ ‌ဒေသခံများသည် ‌မြေယာဧက နှစ်‌သောင်း‌ကျော် သိမ်းဆည်းခံရသည်ဟု တအာင်း(ပ‌လောင်) ‌ကျောင်းသားနှင့် လူငယ်များအ စည်းအရုံး-TSYO က ယ‌နေ့ အစီရင်ခံစာတစ်‌စောင် ထုတ်ပြန်၍ သတင်းရှင်းလင်းပွဲကိုပါ ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့တွင် တစ်ပြိုင် နက် ပြုလုပ်ခဲ့သည်။

“ပိုက်လိုင်းအိပ်မက်ဆိုး”ဟု အမည်ရှိ ယင်းအစီရင်ခံစာကို အဂင်္လိပ်၊ မြန်မာ၊ ထိုင်း၊ တရုတ် ‌လေးဘာသာဖြင့် ထုတ်‌ဝေခဲ့ခြင်းဖြစ် ပြီး ၂၀၁ဝခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၂ခုနှစ်အထိ နမ့်ခမ်း၊ နမ္မတူ၊ ‌ကျောက်မဲ၊ သီ‌ပေါ၊ မန်တုံနှင့် ‌နောင်ချိုမြို့နယ်အတွင်းရှိ မြန်မာ အစိုးရ၏ ‌ရေနံနှင့် သဘာဝဓါတ်‌ငွေ့လုပ်ငန်းနှင့် တရုတ်နိုင်ငံ အမျိုးသား‌ကော်ပို‌ရေးရှင်းကုမ္ပဏီတို့၏ ‌မြေယာသိမ်းယူမှုများကို ၂နှစ်နီးပါး ကွင်းဆင်းမှတ်တမ်းပြုစုထားခြင်း ဖြစ်သည်။

TSYO ၏ သဘာဝပတ်ဝန်းကျင် တာဝန်ခံ မိုင်းအမ်းညိုး(Mai Amm Ngeal)က “ဒီအသိမ်းခံရတဲ့ ‌မြေဧက‌တွေဟာ ယာယီသိမ်းနဲ့ အပြီးသိမ်းဖြစ်ပါတယ်။ ‌မြေယာ‌တွေ အများသိမ်းခံရတာက‌တော့ နမ္မတူမြို့နယ်ထဲက ရွာ‌တွေဖြစ်ပါတယ်။ ရွာ ၂၃ရွာ ‌တွေ့ရှိရ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အသိမ်းခံရသည့် ‌မြေယာများသည် လက်ဖက်၊ ရာသီသီးနှံများစိုက်ပျိုး‌သော ‌မြေဧကများ အပါအဝင် မထွန်ယက်‌သော ‌မြေယာ များနှင့် လယ်ယာ‌မြေယာများ ပါဝင်ပြီး တိကျသည့် ‌လျော်‌ကြေးများ သတ်မှတ်ထာခြင်း မရှိ‌ကြောင်း သိရသည်။

၎င်းအပြင် TSYO အစီရင်ခံစာအရ ‌ရွှေသဘာဝဓါတ်‌ငွေ့နှင့် ‌ရေနံပိုက်လိုင်းစီမံကိန်း‌ကြောင့် သျှမ်းပြည်နယ်တွင် မြန်မာစစ်တပ် အင်အား တပ်ရင်း ၂၆ခုအထိ တိုးချဲ့လာမှုများရှိသကဲ့သို့ ‌ဒေသခံပြည်သူ ‌ထောင်‌ပေါင်းများစွာသည်လည်း ‌မြေယာသိမ်းဆည်းခံ ရမှုနှင့် အတင်းအဓမ္မ လုပ်အား‌ပေးခိုင်း‌စေမှုများ ဆက်လက် တည်ရှိ‌နေသည်ဟု ‌ဖော်ပြထားသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းများက မြန်မာအစိုးရကို နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲမှု ‌ဖော်‌ဆောင်‌နေတယ်လို့ ယုံကြတယ်။ ဒါ‌ပေမယ့် လက်ရှိ သျှမ်းပြည်နယ်‌မြောက်ပိုင်း ‌ရွှေသဘာဝဓါတ်‌ငွေ့ပိုက်လိုင်းတ‌လျှောက် တိုက်ပွဲ‌တွေ ဆက်ဖြစ်‌နေ‌တော့ ‌ဒေသခံလူထု‌တွေ ရဲ့ အသက်ရှည်ရပ်တည်မှုဟာ စိုးရိမ်‌နေရတယ်”ဟု မိုင်းအမ်းညိုးက ဆက်လက် ‌ပြောဆိုသည်။

သျှမ်းပြည်‌မြောက်ပိုင်း ပ‌လောင်‌ဒေသတွင် အ‌ခြေစိုက်သည့် မြန်မာအစိုးရစစ်တပ်များသည် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော် (KIA)၊ တအာင်း အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(TNLA) အပါအဝင် သျှမ်းပြည်တပ်မ‌တော်-‌မြောက်ပိုင်း(SSA-N)တို့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

လတ်တ‌လောအချိန်တွင် သဘာဝဓါတ်‌ငွေ့နှင့် ‌ရေနံပိုက်လိုင်းစီမံကိန်းသည် ၆၅ရာခိုင်နှုန်း ပြီးစီးသွားပြီး စီမံကိန်းလုပ်ငန်းအား လုံး ပြီးစီးပါက မြန်မာအစိုးရသည် လာမည့် နှစ်‌ပေါင်း ၃ဝအတွင်း ခန့်မှန်း‌ခြေ အ‌မေရိကန် ‌ဒေါ်လာသန်း‌ပေါင်း ၂၉ဘီလီယံ အကျိုးအမြတ်ရရှိမည်ဟု TSYO ၏ အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

‌ရွှေသဘာဝဓါတ်‌ငွေ့နှင့် ‌ရေနံပိုက်လိုင်းစီမံကိန်းကို တည်‌ဆောက်ရန် မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့က ၂၀၀၈ခုနှစ်၌ သ‌ဘော တူညီမှုရရှိခဲ့ပြီး ၂၀၀၉ခုနှစ်တွင် ပိုက်လိုင်းကို မြန်မာနိုင်ငံ အ‌နောက်ဘက်ကမ်းရိုးတန်းမှ ရခိုင်ပြည်နယ်၊ မ‌ကွေးတိုင်း၊ မန္တ‌လေး တိုင်းနှင့် သျှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ စတင် သွယ်တန်း‌ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံး ငြိမ်းချမ်း‌ရေး၊ တရားမျှတ‌ရေးနှင့် တန်းတူ‌ရေး အပါအဝင် ပ‌လောင်အမျိုးသားတစ်ရပ်လုံး နှင့် လူငယ်များ၏ လူမှုအဆင့်အတန်း အ‌ခြေအ‌နေ တိုးတက်‌စေရန် ရည်ရွယ်၍ TSYO ကို ၁၉၉၈ခုနှစ်၊ ထိုင်း-မြန်မာနယ်စပ်တ ‌နေရာတွင် ဖွဲ့စည်းခဲ့သည်။