Home သတင်း ‌လှေနှစ်မြှုပ်၍ KNU ဗိုလ်မှူးတဦး ‌ပျောက်ဆုံး‌နေ

‌လှေနှစ်မြှုပ်၍ KNU ဗိုလ်မှူးတဦး ‌ပျောက်ဆုံး‌နေ

2267
‌အောက်တိုဘာလ ၃၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ်နယ်‌မြေ သူးမွဲမြစ် (‌သောင်ရင်းမြစ်)အတွင်း ယမန်‌နေ့ ည‌နေ(၅)နာရီခွဲအချိန်၌ ‌လှေနစ်မြှုပ်မှု တခုဖြစ်ပွားခဲ့ရာ ‌လှေ‌ပေါ်ပါလာသူထဲမှ ဗိုလ်မှူးအဆင့်ရှိသူ KNLA တပ်မှူးတစ်ဦး ‌ပျောက်ဆုံး လျှက် ရှိသည်ဟု သိရသည်။

‌ပျောက်ဆုံးသွားသူမှာ ၅၅နှစ်အရွယ် ဗိုလ်မှူး‌စောရိုး(‌စောကီးဒို့)ဖြစ်ပြီး ထိုင်းဘက်ကမ်းရှိ အသိတ‌ယောက်ထံသို့ အလည်သွားပြီး G-3 ဗိုလ်မှူး‌စောဆဲ‌ဂေဝါး‌သော၊ ဗိုလ်မှူး‌စောတာမလာတို့နှင့်အတူ ‌လှော်‌လှေဖြင့် ပြန်လည်‌လှော်ခတ် လာရာ ‌သေ‌ဘေထာ့ကမ်းနံ ‌ဘေး ‌ရောက်ခါနီး ‌ရေစီးသန်သည့် ‌နေရာတခုအ‌ရောက်တွင် ‌လှေတိမ်း‌မှောက် သွားခဲ့ခြင်းဖြစ်သည်။

တပ်မဟာ(၇) ‌ဆေးတပ် တာဝန်ခံ ဗိုလ်ကြီး ‌စောအယ်မွီးက “(‌သေ့‌ဘေ့ထာ့)ကမ်းမ‌ရောက်ခင် ‌သောင်‌လေးတခု ရှိတယ်။ အဲဒီ ‌သောင်နဲ့ ကမ်းနားကြားမှာ ‌ရေစီးကြမ်းတဲ့ ‌ရေခပ်နက်နက်‌နေရာတခုရှိတယ်။ အဲဒီမှာ ‌လှေ‌မှောက်တာ။ ဗိုလ်ရိုးက ‌ရေမကူးတတ် ဘူး။ ဂျီသရီး(ဗိုလ်မှူး‌စောဆဲ‌ဂေဝါး‌သော)က ဗိုလ်ရိုးကို လှမ်းဆွဲလို့ အချင်းချင်း လက်ကိုင်မိကြ‌သေးတယ်။ ‌နောက် ဗိုလ်ရိုးက သူ့ လက်ကို လွှတ်လိုက်တယ်တဲ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်မှူး‌စောရိုးသည် ဗိုလ်မှူး‌စောဆဲ‌ဂေဝါး‌သောအား ၎င်းနှင့်အတူ ‌ရေထဲသို့ ‌မျှောပါမသွား‌အောင် လက်လွှတ်လိုက်ခြင်း ဖြစ်နိုင် သည်ဟုလည်း ဗိုလ်ကြီးအယ်မွီးက ဆက်လက်၍ ခန့်မှန်း‌ပြောဆိုလိုက်သည်။ သို့‌သော် ‌ပျောက်ဆုံးသွား‌သော ဗိုလ်မှူး‌စောရိုး အား ယမန်‌နေ့ ည‌နေမှစ၍ ရှာ‌ဖွေခဲ့ရာ ယ‌နေ့ ည‌နေအထိ မ‌တွေ့ရှိရ‌သေး‌ကြောင်း သိရသည်။

“လူတ‌ယောက်ဟာ ‌ရေနှစ်ရင် ၂၄နာရီကြာမှ အ‌လောင်းပြန်‌ပေါ်တယ်‌လေ။ ဒါ‌ပေမဲ့ အခုထိ‌တော့ ‌ပျောက်ဆုံး‌နေဆဲပဲ”ဟု ဗိုလ်ကြီး‌စောအယ်မွီးက ယ‌နေ့ည‌နေတွင် ‌ပြောဆိုသည်။

‌တောင်ငူဇာတိဖြစ်သည့် ဗိုလ်မှူး‌စောရိုးသည် ‌ကေအဲန်ယူ တပ်မဟာ(၅)တွင် ဒု‌ထောက်ပို့မှူးအဖြစ် တာဝန်ယူလျှက်ရှိပြီး အသက် ၅ဝအရွယ် ဇနီး ‌နော်မာချူးလာနှင့် သမီး ၃ဦး ရှိသည်။