Home သတင်း ဖားအံမြို့လျှပ်စစ်မီး ‌ခေတ္တ ပြတ် လပ်မှု ပြန်လည်‌ကောင်းမွန်လာ

ဖားအံမြို့လျှပ်စစ်မီး ‌ခေတ္တ ပြတ် လပ်မှု ပြန်လည်‌ကောင်းမွန်လာ

2518
‌အောက်တိုဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံမြို့‌တော်တွင် မြို့နယ်အဆင့် စစ်‌ဆေးသည့် ပထမအစမ်း စာ‌မေးပွဲရက်အတွင်း ပျက်‌နေသည့် လျှပ်စစ်မီး မှာ ‌အောက်တိုဘာလ ၂၅ရက်‌နေ့ညက ပြန်လည်‌ကောင်းမွန်လာပြီးဖြစ်‌ကြောင်း မြို့ခံများက ‌ပြောဆိုသည်။

“မီးက စာ‌မေးပွဲမပြီးခင်‌လေးမှာ မီးက ပြန်လာတယ်။ မလာခင်မှာ က‌လေး‌တွေက‌တော့ ဖ‌ယောင်းတိုင်ဝယ်ပြီး ညဘက် စာကျက် ရတာ‌ပေါ့။ မီးပျက်‌တော့ လျှပ်စစ်မီးနဲ့ ချက်ပြုတ်ရသူ‌တွေ၊ ‌ရေခဲ‌သေတ္တာသုံးတဲ့ အိမ်‌တွေအတွက် အ‌တော်ခက်ခဲတယ်။ ခုမှ စိတ် ‌အေးရတယ်”ဟု အသက် ၆၀‌ကျော်အရွယ် မြို့ခံအမျိုးသမီးက ‌ပြောသည်။

‌အောက်တိုဘာလ ၂၁ရက်‌နေ့ညက ဖားအံမြို့တွင်းရှိ ရပ်ကွက်တိုင်းတွင် မီးပြတ်လပ်သွားပြီး‌နောက် လျှပ်စစ်ဖြင့် အသုံးပြု‌နေသူ များမှာ အခက်အခဲများစွာ ဖြစ်ခဲ့ကြရသည်။

အမှတ်-၅ရပ်ကွက်‌နေ ကရင်အမျိုးသားတစ်ဦးက “မီးပျက်တာက အခြားကိစ္စ‌တွေ မ‌ပြောနဲ့။ တ‌ယောက်နဲ့တ‌ယောက် ဆက် သွယ်ဖို့ ဖုန်းအားမသွင်းနိုင်ရင် ကျ‌နော်တို့အတွက် ဘာမှအလုပ်မဖြစ်‌တော့ဘူး။ အိမ်တိုင်းက မီးစက်ရှိတာ မဟုတ်ဘူး”ဟု ဆို သည်။

ဖားအံမြို့ လျှပ်စစ်ဓာတ်အားခွဲရုံမှ လက်‌ထောက်အင်ဂျင်နီယာ ‌စောဝင်း‌နောင်စိုးက “မီးပျက်တာက ကျ‌နော်တို့ဆီက ၈မဂ္ဂါဝပ်ရှိ တဲ့ Transformer ‌လောင်သွားလိုပါ။ ဒါမျိုး အရင်က ဖြစ်‌လေ့ဖြစ်ထ မရှိပါဘူး။ အခု‌လောင်သွားတာကို ပြန်ပြင်ပြီး မီးကို အချိန်မှီ ပြန်လွှတ်‌ပေးသွားသလို Transformer အသစ်ကိုလည်း ကျ‌နော်တို့ မှာယူထားပါတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ဖားအံမြို့တွင်းရှိ စာသင်‌ကျောင်းများ၌ ‌ကျောင်းအဆင့် စစ်‌ဆေးသည့် စာ‌မေးပွဲမှာ ‌အောက်တိုဘာလ တတိယပတ်က ပြီးစီးသွား ခဲ့‌သော်လည်း စတုတ္ထတန်း၊ အဌမတန်း၊ နဝမတန်းနှင့် ဒဿမတန်းများကို မြို့နယ်အဆင့် ထုတ်‌ပေးသည့် ‌မေးခွန်းများဖြင့် ‌အောက်တိုဘာလ ၂၄ရက်‌နေ့မှ ၂၆ရက်‌နေ့အထိ တစ်ရက် နှစ်ဘာသာနှုန်း ‌ဖြေဆိုခဲ့ရခြင်းဖြစ်သည်။

သို့‌သော် လျှပ်စစ်မီးမှာ ‌အောက်တိုဘာလ ၂၁ရက်‌နေ့ညကတည်းက ပြတ်လပ်သွားခဲ့သည့်အတွက် စာ‌မေးပွဲမတိုင်ခင် ‌ကျောင်း သားများ စာကျက်မှတ်ရန်အတွက် အချို့‌ဘော်ဒါ‌ဆောင်များမှာ မီးစက်များကို အားကိုးရသလို မြို့တွင်းရှိ ဆိုင်ခန်းကြီးများမှာ လည်း ကိုယ်ပိုင် မီးစက်များကိုသာ အသုံးပြုခဲ့ကြရသည်။

ဖားအံမြို့နယ်တွင် အသုံးပြု‌နေသည့် လျှပ်စစ်မီးမှာ သထုံမြို့ရှိ တာယာဓာတ်အား‌ပေးစက်ရုံမှ ‌ပေး‌ဝေဖြန့်ဖြူးခြင်းဖြစ်ပြီး ဖားအံ မြို့တွင်း အပါအဝင် ‌တောင်က‌လေး၊ မြိုင်က‌လေး၊ လှာကာ၊ ဒုံရင်း စသည့် နီးစပ်ရာ‌ကျေးရွာများသို့လည်း လျှပ်စစ်ဓာတ်အား ဖြန့် ဖြူး‌ပေး‌နေခြင်းဖြစ်သည်။