Home သတင်း အပစ်ရပ်ကာလအတွင်း ကရင်နီစာ‌ပေ ပထမဆုံး စတင်ပို့ချ

အပစ်ရပ်ကာလအတွင်း ကရင်နီစာ‌ပေ ပထမဆုံး စတင်ပို့ချ

2493
ဩဂုတ်လ ၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)


ယခင်က သင်ကြားပို့ချခွင့်မရခဲ့သည့် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူးထဲဘူးဖဲ ထီထွင်ခဲ့သည့် ကရင်နီစာ‌ပေကို အပစ်ရပ်ကာလအတွင်း ပထမဆုံး စတင်သင်ကြားပို့ချ‌နေပြီး ဖြစ်သည်။

ထိုစာ‌ပေကို ကရင်နီ (ကယား) ပြည်နယ်၊ ရှား‌တောမြို့နယ်အတွင်းတွင် အသုံးလုံးအဆင့်ဖြင့် ကရင်နီစာ‌ပေနှင့် ယဉ်‌ကျေးမှုဌာနတို့၏ ဦး‌ဆောင်မှုဖြင့် အ‌ခြေခံအဆင့် စတင် သင်ကြား‌ပေး‌နေသည်ဟု ကရင်နီစာ‌ပေနှင့် ယဉ်‌ကျေးမှုဌာနညွန်ကြား‌ရေးမှူး ဦးတူးရယ်က ‌ပြော သည်။

ဦးတူးရယ်က “ကျ‌နော်တို့ ဒီစာ‌ပေကို လွန်ခဲ့တဲ့နှစ်‌ပေါင်းအ‌တော်ကြာတုန်းက‌တော့ သင်ကြားလာခဲ့တာပဲ။ ဒါ‌ပေမယ့် နဝတ၊ နအဖ‌ခေတ် ‌ရောက်‌တော့ သင်ခွင့်မ‌ပေးဘူး။ အခု အဲဒီစာကို အ’သုံးလုံးလိုမျိုး သင်ကြား‌ပေး‌နေတာပါ”ဟု ဆိုသည်။

ထိုကရင်နီစာ‌ပေကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဆိုပြီး အဆင့် ၆ဆင့်ထိ ခွဲခြားထားပြီး တဆင့်ချင်းဆီ သင်ကြားပို့ချ‌ပေး သွားရန် စီစဉ်ထား‌ကြောင်းလည်း ၎င်းက “အ‌ခြေခံအဆင့်သင်ကြားတယ်ဆို‌ပေမယ့်လည်း မိခင်ဘာသာစကားကိုတက်ချင်တဲ့ တချို့အ တန်းပညာတတ်‌တွေ၊ ဆရာ၊ ဆရာမ‌တွေနဲ့ ‌ဒေသခံ ရွာသူရွာသား‌တွေ သင်ကြားကြတယ်”ဟု ရှား‌တော‌ဒေသခံ ‌ကျောင်းဆရာတဦးက ‌ပြောသည်။

လက်ရှိတွင် ခူးထဲဘူးဖဲ ထီထွင်ခဲ့သည့် ကရင်နီစာ‌ပေကို ရှား‌တောမြို့နယ်တစ်ခုတွင်သာ သင်ကြားပို့ချ‌ပေး‌နေပြီး လွိုင်‌ကော်နှင့် ဒီ‌မောဆို မြို့နယ်တို့တွင်လည်း ဆက်လက် သင်ကြားပို့ချ‌ပေးရန် စီစဉ်လျက်ရှိသည်။

ကရင်နီလူမျိုးများသည် ဗမာဗျည်းအက္ခရာနှင့် ကရင်နီစာ ‌ရောမအက္ခရာ ကရင်နီစာနှင့် ခူးထဲဘူးဖဲ ထီထွင်သည့် ကရင်နီစာ‌ပေဟူ၍ ကွဲ ပြား‌နေသည့် စာ‌ပေသုံးမျိုး ရှိရာ ယင်းတို့အနက် ဗမာဗျည်းအက္ခရာနှင့် ‌ရောမအက္ခရာစာ‌ပေကို ကရင်နီ‌ဒေသအတွင်း အများဆုံး အသုံးပြု ကြပြီး၊ ခူးထဲဘူးဖဲ ထီထွင်ခဲ့သည့်စာ‌ပေကိုမူ ထိုင်း-မြန်မာနယ်စပ်နှင့် ကရင်နီဒုက္ခသည်စခန်းရှိ ကရင်နီလူမျိုးများကသာ သင်ကြားတတ် ‌မြောက်ကြသည်။

ခူးထဲဘူးဖဲ ထီထွင်ခဲ့သည့် စာ‌ပေကို တတ်‌မြောက်သူ ကရင်နီလူငယ်အမျိုးသမီးတဦးက “ခူးထဲဘူးဖဲ ထွင်ခဲ့တဲ့စာကို ၁၉၉၇-၉၈ခုနှစ် ‌လောက်တုန်းက နယ်စပ်က‌နေ ကျမ သင်ခဲ့ရတယ်။ ‌ကောင်း‌ကောင်း ‌ရေးတတ် ဖတ်တတ်ပါတယ်”ဟု ‌ပြောသည်။

ယခု ပထမဦးဆုံး သင်ကြားပို့ချ‌ပေး‌နေသည့် ကရင်နီစာ‌ပေကို ကွယ်လွန်ပြီးဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူးထဲဘူးဖဲ ထီထွင်ခဲ့သည့်စာ‌ပေဖြစ်ပြီး ၁၉၅၅ခုနှစ်ကတည်းက စတင် ထီထွင်ခဲ့ခြင်းဖြစ်သည်။