Home သတင်း ရန်ကုန်တိုင်းတွင် မိမိကိုယ်ကို အဆုံးစီရင်မှုနှင့် စိတ်‌ရောဂါ ခံစားရသူ များပြားလာ

ရန်ကုန်တိုင်းတွင် မိမိကိုယ်ကို အဆုံးစီရင်မှုနှင့် စိတ်‌ရောဂါ ခံစားရသူ များပြားလာ

1983
ဩဂုတ်လ ၆ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်‌လေး‌လေး


ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း လူမှု‌ရေးနှင့် စီးပွား‌ရေးအ‌ခြေအ‌နေ‌ကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်မှုသည် ယခု ၂၀၁၂နှစ်တွင် ယခင်နှစ် များထက် သိသာစွာ များပြားလာသည်ဟု ရန်ကုန်တိုင်း‌ဒေသကြီး၏ ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းဌာနမှ ရဲအရာရှိတစ်ဦးမှ ‌ပြောသည်။

၎င်းရဲအရာရှိတစ်ဦးက “ရန်ကုန်တိုင်း‌ဒေသကြီးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာ အရင်နှစ်‌တွေက အမှု‌ပေါင်း ၄၀‌လောက်ပဲရှိတယ်။ ဒီနှစ် ဇူလိုင်လ ၁၄ရက်‌နေ့အထိက ကြိုးဆွဲချ‌သေဆုံးမှုက ၆ဝမှု၊ အဆိပ်‌သောက်‌သေမှုက ၆မှုနဲ့ တိုက်‌ပေါ်က‌နေ ခုန်ချသတ်‌သေမှုက ၂ဝမှု ဖြစ်ခဲ့ တယ်။”ဟု ‌ပြောသည်။

‌သေဆုံးသူအများစုမှာ အသက် ၃ဝမှ ၅ဝနှစ်အကြားရှိပြီး အမျိုးသား ၆ဝရာခိုင်နှုန်းနှင့် အမျိုးသမီး ၄ဝရာခိုင်နှုန်းရှိသည်ဟု သိရသည်။

ရန်ကုန်စိတ်ကျန်းမာ‌ရေး အထူးကု‌ဆေးရုံကြီးမှ ‌ဆေးရုံအုပ် ‌ဒေါက်တာဦး‌ကျော်စိုးက “အရင်နှစ်‌တွေက စိတ်ကျန်းမာ‌ရေး‌ဆေးရုံကို ‌ရောက် လာတဲ့လူနာ ၉၀၀ဝန်းကျင်‌လောက်ပဲ ရှိတယ်။ ဒီနှစ်မှာ‌တော့ ၁,၀၃၁‌ယောက် ရှိတယ်။ ‌ဆေးရုံကို ‌ရောက်မလာတဲ့လူနာ‌တွေလည်း ရှိ‌သေး တယ်။ အဓိက က‌တော့ စီးပွား‌ရေးနဲ့ လူမှု‌ရေးအ‌ခြေအ‌နေ‌တွေ‌ကြောင့် စိတ်‌ရောဂါခံစား‌နေရတဲ့သူ‌တွေ နှစ်စဉ်နဲ့အမျှ ပိုများလာတယ်”ဟု ‌ပြောသည်။

ထို့အပြင် မိမိကိုယ်ကို အဆုံးစီရင်သူများထဲတွင် စီးပွား‌ရေးအဆင်မ‌ပြေမှု၊ လုပ်ငန်းခွင်စိတ်ဖိစီးမှု၊ မိသားစုနှင့် လူမှု‌ရေးဆိုင်ရာ အဆင်မ‌ပြေ မှုများအပြင် အရက်နှင့် မူးယစ်‌ဆေးဝါးသုံးစွဲမှုတို့‌ကြောင့် စိတ်ကျ‌ရောဂါနှင့် စိတ်ကစဉ့်ကလျား ဖြစ်ပွားမှု ရှိလာရခြင်းဖြစ်သည်ဟု သိရ သည်။

ကမ္ဘာ့ကျန်းမာ‌ရေး အဖွဲ့ချုပ်ကလည်း ၂ဝ၁ဝခုနှစ်တွင် ကမ္ဘာ‌ပေါ်၌ လူအ‌သေအ‌ပျောက် အများဆုံး‌ရောဂါမှာ စိတ်‌ရောဂါ ဖြစ်လာနိုင် ‌ကြောင်း ‌ကြေညာချက်ထုတ်ပြန်ထားသည်။