Home သတင်း ဒိုက်ဦး ပညာ‌ရေးဝန်ထမ်းများ ရင်ဖွင့်သံ (‌ပေးစာ)

ဒိုက်ဦး ပညာ‌ရေးဝန်ထမ်းများ ရင်ဖွင့်သံ (‌ပေးစာ)

1651
ပဲခူးတိုင်း၊ ဒိုက်ဦး ပညာ‌ရေးဝန်ထမ်းများ ရင်ဖွင့်သံ

ကျမက‌တော့ ဒိုက်ဦးမြို့နယ်က ပညာ‌ရေးဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ ဒိုက်ဦးမြို့နယ်က မြို့နယ်ပညာ‌ရေးမှုး အ‌ကြောင်းရင်ဖွင့်ချင်လို့ပါ။ ကျမတို့မြို့နယ်ကို၂၀၁ဝခုနှစ် ကတည်းက ‌ပြောင်း‌ရွှေ့လာသူဖြစ်ပါတယ်။

မြို့နယ်ရုံးမှာ ဖုန်းတစ်လုံးရှိ‌နေ‌ပေမယ့်လည်း ‌နောက်ထပ် လက်ကိုင်ဖုန်းတစ်လုံးအတွက် ၂၀၁၀၊ နိုဝဘင်္ာလမှာ ဝန်ထမ်းတစ်ဦးကို (၅၀၀)ကျပ်စီ ‌ကောက်ခံခဲ့ပါတယ်။ ဝန်ထမ်းစုစု‌ပေါင်း (၁၁၁၄)ဦး ရှိပါတယ်။ ၂၀၁၁-မတ်လမှာ ထပ်မံပြီး (၁၀၀၀)ကျပ်တိတိကို ‌ကောက်ခံပါတယ်။ ထို့အပြင် လစဉ်ပုံမှန် (၂၀၀)ကျပ်တိတိကိုလည်း အ‌ထွေ‌ထွေရံပုံ‌ငွေအဖြစ် ‌ကောက်ခံ‌နေပါတယ်။ ၎င်းရံပုံ‌ငွေဟု ‌ကောက်ခံ‌သော (၂၀၀)ကျပ်ဟာ ဝန်ထမ်းစုစု‌ပေါင်း(၁၁၁၄)ဦးနဲ့တွက်ရင် (၂၂၂၄၀)ကျပ်ကို မည်သည့်စာရင်းဇယားမှမရှိပဲ ခံစား‌နေရသလို ဖြစ်‌နေပါတယ်။ ထိုကိစ္စကို မ‌ကျေနပ်၍ တိုင်တန်းသူများရှိပါ‌သော်လည်း ‌ကျောင်းအုပ်ကြီး‌တွေက “ဒါ အလှူ‌ငွေ မ‌ကျေနပ်တဲ့လူရှိလားလို့ ‌မေလ လစာထုတ်အစည်းအ‌ဝေးမှာ အတိအလင်း ‌ပြောပါတယ်။

ဝန်ထမ်း ‌တွေဖြစ်တဲ့ ကျမတို့က အစည်းအ‌ဝေးခန်းမကြီးထဲမှာ ‌ငွေနှစ်ရာ‌လောက်နဲ့ သိက္ခာကျခံပြီး ဘယ်လိုလုပ်ပြိုင်ငြင်းရမှာလဲ။ သို့‌ပေမယ့် ကွယ်ရာမှာ‌တော့ သူ့ကို လစဉ်လှူရ‌အောင် ကျန်းမာ‌ရေးချို့တဲ့လို့ ‌ထောက်ပံ့ရတာဆိုလည်း ‌တော်‌သေးတယ် စသည်ဖြင့် မ‌ကျေမနပ် ‌ရေရွတ်သံ‌တွေနဲ့‌ပေါ့။

အလှူ‌ငွေသာ လစဉ်ဖြတ်‌နေ‌ပေမယ့် မြို့နယ်မှာ စီမံအုပ်ချုပ်တဲ့ကိစ္စ‌တွေကို ‌ဖြေရှင်းရာမှာ‌တော့ သူ့ဗိုက်‌အောက်ကိုတစ်မျိုး၊ သူနဲ့ရင်းနှီးတဲ့ ငယ်‌ပေါင်းကိုတစ်မျိုး၊ အားမနာရမယ့်လူကိုတစ်မျိုး အမျိုးမျိုးခွဲခြားဆက်ဆံ ဆုံးဖြတ်‌နေပါတယ်။ ‌နောက်ပြီး လာမယ့်နှစ် (၂၀၁၃)နှစ်ဦးပိုင်း မှာ ပင်စင်ယူ‌တော့မယ်ဆို‌တော့ ကျမတို့ဝန်ထမ်း‌တွေကို ဘယ်‌လောက်ထိ အကြီးအကျယ် ထပ်ဖြတ်‌နေဦးမှာလဲ။ ကျမတို့‌ငွေနဲ့ဝယ်ထားတဲ့
လက်ကိုင်ဖုန်း စကိုင်းနက်(Sky Net)တို့ကို‌ရော ယူသွားမယ်နဲ့တူပါတယ်…….

‌ငွေ‌ကြေးကဏ္ဍ‌တော့ ပြီးသွားပြီ။‌နောက်ထပ် ဝန်ထမ်းအခွင့်အ‌ရေးဆုံးရှုံး‌နေတာ‌လေး တင်ပြချင်လို့ပါ။ အဲဒါက‌တော့ လစဉ် စာ‌မေးပွဲ‌တွေကို ‌ကျောင်းပိတ်ရက်‌တွေမှာ စစ်‌ဆေး‌နေရတာ ဒီနှစ်နဲ့ဆို (၃)နှစ်ရှိပါပြီ။ ယ္ခု ဇွန်လပတ်ကို ၃၀-၆-၁၂(စ‌နေ‌နေ့)မှာ စစ်‌ဆေး‌နေရပါတယ်။ ဒီစာ‌မေးပွဲဟာ တရားဝင် စာ‌မေးပွဲဖြစ်ပါလျှက်နဲ့ ဘာဖြစ်လို့ ‌ကျောင်းပိတ်ရက်‌တွေမှာ စစ်ရတာလဲ။ ကျမတို့မြို့နယ်မှာ အလယ်တန်း‌တွေ ကို (၉)ကြိမ် စစ်ပါတယ်။ စစ်တိုင်း စစ်တိုင်း ‌ကျောင်းပိတ်ရက်‌တွေမှာ စစ်တဲ့အခါကြ‌တော့ အနားယူတဲ့အချိန်နဲ့ လူမှု‌ရေးအတွက် အချိန် ‌ပေးရမယ့်ကိစ္စ‌တွေမှာ လစ်ဟင်းမှု‌တွေရှိလာပါတယ်။

ဒါ‌တွေအားလုံးကို ဖြစ်နိုင်ရင် နိုင်ငံ‌တော်သမ္မတအထိ တင်ပြလို့ရမယ်ဆိုလျှင် တင်ပြ‌ပေး‌စေချင်ပါတယ်။ ဒီမိုက‌ရေစီတည်‌ဆောက်‌နေတဲ့ ကျမတို့နိုင်ငံ‌တော်ကြီးရဲ့အတွင်းမှာ ကျမတို့ဒိုက်ဦးမြို့နယ်က ပညာ‌ရေးဝန် ထမ်း‌တွေဟာ အခုလို ဒီမိုက‌ရေစီမဆန်တဲ့ကိစ္စ‌တွေ ဖြစ်‌နေပါတယ်ဆိုတဲ့ အ‌ကြောင်းကို‌ပေါ့ရှင်……………..