Home သတင်း စတုတ္ထ‌မြောက် ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံး ဖွင့်ပွဲ လူပရိဿတ် ၆၀ဝနီးပါး တက်‌ရောက်

စတုတ္ထ‌မြောက် ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံး ဖွင့်ပွဲ လူပရိဿတ် ၆၀ဝနီးပါး တက်‌ရောက်

2373
ဩဂုတ်လ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်၊ သီရိမဂင်္လာလမ်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ကရင်အမျိုးသားလွတ် ‌မြောက်‌ရေး-KNLA တပ်မဟာ(၆)နှင့် တပ်မဟာ(၇) ဆက်ဆံ‌ရေးရုံးကို ယ‌နေ့မနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ လူပရိဿတ် ၆၀ဝနီးပါး တက် ‌ရောက်ခဲ့ကြသည်။

ယ‌နေ့ မြန်မာစံ‌တော်ချိန် ၁ဝနာရီ‌ကျော်မှစတင်၍ စက်ခလုတ်နှိပ်ကာ တစ်နာရီ‌ကျော်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ ဆက်ဆံ‌ရေးရုံးဖွင့်ပွဲတွင် ဝန်ကြီး ဦး‌အောင်မင်းက အစိုးရနှင့် KNU ကြား ဆက်သွယ်‌ရေး ပုံမှန်လုပ်‌ဆောင်သွားနိုင်ရန် ယုံကြည်‌မျှော်လင့်‌ကြောင်း ‌ပြောကြားသွားခဲ့ သလို KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးက “ကျ‌နော်တို့ အခုလို ဆက်ဆံ‌ရေးရုံး‌တွေ လိုက်လံဖွင့်လှစ်ရတာက တစ်တချက် နားလည်မှု ရရှိ‌စေဖို့နဲ့ နှစ်အချက်က ပူး‌ပေါင်း‌ဆောင်ရွက်လာဖို့ပဲ ဖြစ်ပါတယ်”ဟု ‌ပြောဆိုခဲ့သည်။

အခမ်းအနားသို့ KNU ဘက်မှ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌စော‌ဂျော်နီ၊ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော် ‌အေး၊ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ‌စောကွယ်ထူးဝင်း၊ ‌ညောင်‌လေးပင်ခရိုင် ဥက္ကဌ‌ဟောင်း ပဒို‌စော‌လေး‌လော်‌ဆောနှင့် အခြားတပ်ဖက်၊ အရပ်ဖက် တာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြသည်။

ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးက အ‌ပြောလွယ်၊ အလုပ်ခက်သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းကို ဒီမိုက‌ရေစီနည်းကျကျက အများသ‌ဘောဖြင့် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ယခုလို ‌ပြောဆိုသည်။

“အများဆုံးဖြတ်ချက်ဟာ ရာနှုန်းပြည့်မမှန်ဘူး ဆို‌သော်လည်းပဲ အ‌ကောင်းဆုံးစနစ်ဆိုတာကို ခံယူတယ်။ ဒါ‌ကြောင့်မို့ အလုပ်တခုလုပ်ပြီ ဆိုရင် အများဆုံးဖြတ်ချက်အ‌ပေါ်မှာ ရဲရဲဝံ့ဝံ့နဲ့ ခိုင်ခိုင်မာမာ သံဓိဌာန်ချပြီး‌တော့ လုပ်သွားဖို့ အ‌ရေးကြီးတယ်။ ‌ကေအဲန်ယူ ဗဟို‌ရှေ့‌ဆောင် မှု‌အောက်မှာ ကွန်ဂရက်က ချမှတ်ထားတဲ့ နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းနဲ့ ‌ဖြေရှင်းသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အ‌ပေါ်မှာ တစိုက် မတ်မတ် လုပ်‌ဆောင်သွားမယ်”ဟု ၎င်းက ဆိုသည်။

ယခုဖွင့်ပွဲတွင် အစိုးရဘက်မှ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ ဒုဥက္ကဌဖြစ်သူ မီးရထားဝန်ကြီးဌာန ပြည် ‌ထောင်စုဝန်ကြီး ဦး‌အောင်မင်း၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်း၊ နယ်စပ်‌ရေးရာနှင့် လုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ အ‌ရှေ့‌တောင် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်‌မောင်ဝင်း အပါအဝင် ပြည်နယ်ဝန်ကြီးအချို့၊ လွှတ်‌တော်‌ကော်မရှင်များ တက်‌ရောက်ခဲ့ကြသည်။

ထို့အပြင် ကလို့ထူး‌ဘော DKBA မှ ဗိုလ်မှူးဆန်း‌အောင်၊ ဗိုလ်မှူး‌ကျော်သက်၊ ငြိမ်းချမ်း‌ရေး‌ကောင်စီမှ ‌စော‌နေစိုးမြ၊ နယ်ခြား‌စောင့်တပ် အမှတ်(၃) တိုက်နယ်မှူး ဗိုလ်မှူးကြီးချစ်သူ၊ ဗိုလ်မှူးမုတ်သုန်တို့အပြင် မြဝတီခရိုင်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ခံများ၊ အမျိုးသားဒီမိုက‌ရေ စီအဖွဲ့ချုပ်-NLD နှင့် ဖလုံ-စ‌ဝေါ်ပါတီ အပါအဝင် နိုင်ငံ‌ရေးအဖွဲ့အစည်းများမှ ‌ခေါင်း‌ဆောင်များ တက်‌ရောက်ခဲ့ကြသည်။

“ကျ‌နော်တို့နိုင်ငံဟာ လွတ်လပ်‌ရေးရပြီးကတည်းက ခုချိန်ထိ ပြည်တွင်းစစ်မီးကို အဆုံးသတ်ပြီး ငြိမ်းချမ်း‌ရေးကို ရ‌စေချင်ပြီ။ အားလုံးက လည်း ဒီလိုပဲ ပူး‌ပေါင်း‌ဆောင်ရွက်ကြလိမ့်မယ်လို့ ကျ‌နော်က ‌မျှော်လင့်ပါတယ်။ မြဝတီမြို့နယ် NLD အ‌နေနဲ့ကလည်း ငြိမ်းချမ်း‌ရေး မရရ ‌အောင်‌တော့ ပူး‌ပေါင်း‌ဆောင်ရွက်ဖို့ကို အဆင်သင့်ပါပဲ”ဟု မြဝတီခရိုင် NLD ဥက္ကဌ ဦးစိန်ဗိုလ်က ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

ယခုကဲ့သို့ ဆက်ဆံ‌ရေးရုံး ဖွင့်လှစ်သည့်အ‌ပေါ် မြဝတီမြို့ခံ ‌စော‌ကျော်‌ကျော်က “ဒီလိုရုံးဖွင့်လိုက်ခြင်းအားဖြင့် စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးကို လုပ်‌ဆောင်နိုင်ဖို့ ‌မျှော်လင့်ပါတယ်။ တဆက်တည်းမှာပဲ ဖွံ့ဖြိုး‌ရေးနဲ့ စီးပွား‌ရေးလည်း တိုးတက်ဖို့ လူထုတစ်ဦးအ‌နေနဲ့ လိုလားချက် ရှိပါ တယ်လို့ ‌ပြောလိုပါတယ်”ဟု ‌ပြောသည်။

KNLA ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးက ကျန်ရှိသည့် ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးများကိုလည်း ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်‌ကြောင်း ယ‌နေ့ ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားတွင် တက်‌ရောက်လာသူများအား ‌ပြောကြားသွားခဲ့သည်။

မြဝတီ ဆက်ဆံ‌ရေးရုံးတွင် တာဝန်ခံအဖြစ် တပ်မဟာ(၇)မှ တပ်ရင်း(၁၀၁)မှူး ဒုဗိုလ်မှူးကြီး‌ဖောဒိုနှင့် ဒုတာဝန်ခံအဖြစ် တပ်မဟာ(၆)မှ အထူးစစ်‌ကြောင်းမှူး ဗိုလ်ကြီးလမင်းကို တာဝန်‌ပေးထား‌ကြောင်း KNU အသိုင်းအဝိုင်း၏ ‌ပြောဆိုချက်များအရ သိရသည်။

ပြီးခဲ့သည့် ဧပြီလနှင့် ‌မေလများတွင် ပဲခူးတိုင်း ‌ကျောက်ကြီးမြို့၊ တနသင်္ာရီတိုင်း ထားဝယ်မြို့နှင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့များတွင် KNU ဆက်ဆံ‌ရေးရုံးများကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။