Home ကဗျာ နဒီရှိုက်သံ

နဒီရှိုက်သံ

2335
စ’ အိုင်ခန့် (နှင်းခဲ‌မြေ)

ပြယုဂ်ဝါ‌ခေါင် မိုးသည်းအုံ့‌မှောင်
‌သော်တာပုန်းလျှိုး ကြယ်စင်မနိုး
ညို့မှိုင်းဝဠာဖျား ‌တောင်‌သေလာကြား
နဂါးအလား ‌ကွေ့ဝှိုက်ကာတွား
မြစ်မင်းအရှင် ……
အို သံလွင်။
မင်းရဲ့စီးမာန် ကမ်းပါးခတ်သံ
အရင်မတူ ထူးခြားတမူ
အဆန်မဲ့ အစုန်ရခက်ခက်
‌ရေစီး‌ကြောင်း အသစ်စက်စက်မှာ
အယုံလွယ်တဲ့ ရင်ဝယ်သားတွက်
သည်းသံသဲ့သဲ့ ရှိုက်သံယဲ့ယဲ့နဲ့
ငို‌နေ‌ရော့သလား နဒီသခင်။

မြစ်မင်းအရှင် အို …… သံလွင်။
အစဉ်လမြတ် ဝါ‌ခေါင်လမှာ
“ပလူးလာ” “ပလူးလာ” ကြိမ်ဖန်များစွာ
သတိအမြဲ သင်ဆိုခဲ့လည်း
လှည့်စားသူတို့ မုသားစကား
“‌ဏေါင်‌လော့” “‌ဏေါင်ခ‌လော” ထိုသူတို့အား
ယုံခဲ့ ယုံမြဲ ယုံ‌နေကြဆဲပါ။

တည်‌နေသ၍ သည်‌မြေဤကမ္ဘာ
“ကရင်‌ဟေ့” ဟစ်ဝံ့ကြသူငါ
ဘယ်ညာမလှပ် ဖွဲ့‌နှောင်ရစ်ပတ်
ထိုထိုချည်ဖြူ မှတ်သညာကိုယူ
သက်‌သေကိုပြု ‌ပေါင်းကာစုလို့
မြဲမြံသစ္စာ အမျိုးအလံ‌အောက်မှာ
‌သွေး ‌သွေးချင်းယှက် မျိုးချင်းမ‌ဝေးနဲ့
‌သွေးစည်းကြမယ် နီးကြမယ်
အရှိုက်ရခက်တဲ့ အိုဘယ့် နဒီရှင်ရယ်
မငိုနဲ့‌တော့ တိတ်‌တော့ကွယ်။

စ’ အိုင်ခန့် (နှင်းခဲ‌မြေ) 8/2/2012