Home သတင်း အခွန်ဂိတ်‌ကြေးများ ‌လျှော့‌စေလို (‌ပေးစာ)

အခွန်ဂိတ်‌ကြေးများ ‌လျှော့‌စေလို (‌ပေးစာ)

1631

ကျ‌နော်တို့ ကရင်ပြည်နယ် မြဝတီမြို့မှ ဘားအံမြို့သို့ ကုန်တင်ကားများ လူစီးယာဉ် ခရီးသည်တင်ကားများမှာ တစ်‌နေ့အဆင်းနှင့် တစ်‌နေ့ အတက်၊ အမှန်‌တော့ အသွားတစ်‌နေ့ အပြန်တစ်‌နေ့ ဟူ၍ ဖြစ်တယ်။ ယခင်က KNU အဖွဲ့စည်းနှင့် အပစ်ခတ်ရပ်စဲခြင်း မပြုလုပ်ခင်၊ တခါ BGF နယ်ခြား‌စောင့်တပ်ဖွဲ့ပြီး DKBA အဖွဲ့တို့နှင့် အပစ်ခတ်ရပ်စဲခြင်း မပြုလုပ်တုန်းကဆိုရင် ဟိုင်းလက်စ်ကားတစ်စီးမှာ မြဝတီမှ ဘားအံ သို့‌ရောက်လျှင် လူတင်‌ဆောင်သည်ဖြစ်‌စေ၊ ကုန်တင်သည်ဖြစ်‌စေ ကားပိုင်ရှင်အတွက် ကျပ်‌ငွေ ၇‌သောင်းမှ ၁သိန်းထိ ကျန်ရှိပါတယ်။

လမ်း၊ ဝါးတားဂိတ်‌ကြေးနှင့် ဂိတ်ကြီးများ‌ပေါင်း ဘားအံအထိ‌ပေးရတာ ဟိုင်းလတ်ကားတစ်စီးမှာ ၂သိန်းမှ ၂သိန်းခွဲထိ ကုန်ကျပါတယ်။ အဲဒါ ကားအ‌သေးမှ အလတ်၊ အကြီးထိကို ရ‌ငွေ၊ ကုန်ကျ‌ငွေ‌တွေက‌တော့ အဆလိုက်ပါပဲ။ တခါတရံ ကားပျက်လျှင် ဝယ်ထည့်ပစ္စည်း ‌ဈေးနှုံးက ရ‌ငွေထက် များလွန်း‌နေပါသည်။ ယခု အပစ်ခတ်ရပ်စဲပြီး ဖြစ်ပါသည်။ သို့‌သော် ယခု အဲဒီထက် ပိုကုန်ကျပြီး ကျန်‌ငွေက‌တော့ ကျပ်‌ငွေ ၄‌သောင်းမှ ၄‌သောင်းခွဲသာ ဖြစ်ပါသည်။ အဲဒီ ဘယ်လိုလုပ်ပြီး ဘာလုပ်စားရမလဲ။ ကား‌ရောင်းပြီး ထိုင်းနိုင်ငံမှာပဲ အလုပ်တက် လုပ်ရမလို ဖြစ်‌နေပါတယ်။ အဲဒါ‌ကြောင့် အ‌ကောက်ခွန်များ ဂိတ်‌ကြေးများ ‌လျော့‌ပေးကြပါခင်ဗျားဟု နိုင်ငံ့‌ခေါင်း‌ဆောင်ကြီးများထံသို့ ဤသတင်းဌာနမှတဆင့် ‌တောင်းပန်ရင်း ပြုလုပ်‌ပေးကြပါဟု ‌တောင်းဆိုပါသည် ခင်ဗျား။

‌ကော့ကရိတ်မြို့မှ ကားဝယ်ပြီး အိမ်သိပ်ထားရသူ
(ကိုညီညီ‌မောင်)