Home သတင်း ရန်ကုန်တွင် ကျား-မ ဖြစ်ခြင်း အခန်းဂဏ္ဍနှင့်လူမှုအဖွဲ့အစည်း ဖိုရမ် ‌ဆွေး‌နွေး

ရန်ကုန်တွင် ကျား-မ ဖြစ်ခြင်း အခန်းဂဏ္ဍနှင့်လူမှုအဖွဲ့အစည်း ဖိုရမ် ‌ဆွေး‌နွေး

1436
ဇွန်လ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

အမျိုးသမီးများ၏ အခွင့်အ‌ရေးကိုကာကွယ်ပြီး အမျိုးသားနည်းတူအခွင့်အ‌ရေးရရှိရန် ရည်ရွယ်၍ ကျား-မ ဖြစ်ခြင်းအခန်းကဏ္ဍနှင့်လူမှုအဖွဲ့အစည်း ဖိုရမ်‌ဆွေး‌နွေးပွဲတခုကို ရန်ကုန်မြို့ ‌တော်ဝင်နှင်းဆီ စား‌သောက်ဆိုင်တွင်ယမန်‌နေ့ကကျင်းပခဲ့သည်။

အဆိုပါ ဖိုရမ် ‌ဆွေး‌နွေးပွဲတွင် Rain Fall (Gender Study Group )နှင့် Traingle (Women SupportGroup)တို့မှစီစဉ်ခဲ့ပြီးရန်ကုန်ရှိနိုင်ငံ‌ရေးပါတီများ၊လူထူအ‌ခြေပြုအဖွဲ့များ၊တိုင်းရင်းသားအဖွဲ့အစည်းများ၊အနုပညာရှင်များ၊အလုပ်သမားအဖွဲ့အစည်းများ၊အမျိုးသမီးအဖွဲ့အစည်းများအပါအဝင် ပရိဿတ်‌ပေါင်း ၅၀ဝ ခန့် တက် ‌ရောက် ‌ဆွေး‌နွေးဖလှယ်ခဲ့ကြသည်။

အမျိုးသမီးတစ်ဦး၏ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့‌သောဒါရိုက်တာကြည်ဖြူရှင်က “နိုင်ငံတကာမှာ camera man (ကင်မရာဓါတ်ပုံရိုက်သူအမျိုးသား)ကို cameraperson လို့ ‌ပြောင်းလဲ‌ခေါ်‌နေပါပြီ။ ကျမတို့လည်းCamera Person လို့ပဲသုံးပါတယ်။“ဟု‌ပြောသည်

‌ဆွေး‌နွေးပွဲတွင် ပါဝင်‌ဆွေး‌နွေးခဲ့သူတစ်ဦးဖြစ်သည့် မအိကလည်းအမျိုးသမီးများ၏အခွင့်အ‌ရေးများနှင့် တန်ဖိုးစာတမ်းကိုဖတ်ကြားခဲ့ပြီးတက်‌ရောက်လာသူပရိဿတ်များအားယခုလို‌ဆွေး‌နွေး‌ပြောဆိုသည်။

“အမျိုးသမီး‌တွေ ကိုယ်ထိလက်‌ရောက် ‌စော်ကားခြင်းကိုလုံးဝလက်မခံကြပါနဲ့။ ‌နောက် ဝတ်စားဆင်ယင်မှု ဝတ်တဲ့အခါမှာ ကိုယ်ကျင့်တရားထိန်းသိမ်းတဲ့ ဝတ်စားဆင်ယင်မှု ဝတ်ဆင်ကြဖို့ လိုတယ်။”ဟု ၎င်းက ‌ပြောသည်။

Rain Fallအဖွဲ့မှ ရခိုင်အမျိုးသမီးမလှလှရီကအမျိုးသမီးများနှင့်ဥပ‌ဒေစာတမ်းနှင့် ပတ်သက်၍ ဖတ်ကြားခဲ့ရာ မြန်မာနိုင်ငံတွင် အမျိုးသမီးများအတွက် သင့်‌တော်သည့်ဥပ‌ဒေထွက်လာဖို့ဝိုင်းဝန်းကြိုး စားကြရန် တက်‌ရောက်လာသူများအားတိုက်တွန်း‌ပြောဆိုသွားခဲ့သည်။

ထို့အပြင် ‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့‌သောအမျိုးသမီးကွန်ယက်မှကယားအမျိုးသမီးတစ်ဦးက“ကျမတို့ နိုင်ငံမှာဒီလိုဖိုရမ်မျိုး‌တွေကိုလူထုထဲထိ‌ရောက်‌အောင်လုပ်သွား‌စေချင်ပါတယ်။အထူးသဖြင့်တိုင်းရင်းသား‌ဒေသ‌တွေအထိ‌ရောက်‌အောင်သွား‌စေချင်ပါတယ်။တိုင်းရင်းသူအမျိုးသမီး‌တွေရဲ့အသံ‌တွေ
ကိုပါကြားချင်ပါတယ်”ဟု‌ပြောသည်။

ကျား-မဖြစ်ခြင်းအခန်းကဏ္ဍနှင့် လူမှု‌ရေးအဖွဲ့အစည်းဖိုရမ်သည်မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ၆၇ နှစ်‌မြောက်‌မွေး‌နေ့ကိုဂုဏ်ပြု‌သောအားဖြင့်လည်း ပြုလုပ်ခြင်းဖြစ်‌ကြောင်းသိရသည်။