Home သတင်း ‌ကေအဲန်ယူ ‌တောင်ငူခရိုင် လူထုရှင်းလင်းပွဲသို့ မြန်မာစစ်တပ်မှ တပ်မမှူးတက်‌ရောက်ခဲ့

‌ကေအဲန်ယူ ‌တောင်ငူခရိုင် လူထုရှင်းလင်းပွဲသို့ မြန်မာစစ်တပ်မှ တပ်မမှူးတက်‌ရောက်ခဲ့

1961
‌မေလ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)


ကရင်အမျိုးသားအစည်းအရုံး-KNU ကိုယ်စားလှယ်များသည် ကရင်ပြည်နယ်၊ ‌တောင်ငူခရိုင်အတွင်းရှိ ‌ဒေသခံ ကရင်လူထုများနှင့် ပြည် တွင်း ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုဖြစ်စဉ်များအား ‌တွေ့ဆုံ‌ဆွေး‌နွေး ရှင်းလင်းပွဲ ‌မေလ ၁၇ရက်‌နေ့က ပြုလုပ်ပြီးစီးခဲ့ရာ မြန်မာစစ်တပ်မှ တပ်မမှူးတစ်ဦး တက်‌ရောက်ခဲ့သည်ဟု သိရသည်။

“တပ်မ(၆၆)မှူး ဗိုလ်မှူးချုပ်ဝင်းဘိုရှိန် ကိုယ်တိုင် ကျ‌နော်တို့ရဲ့ လူထုနဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို တက်‌ရောက်ခဲ့ပါတယ်။ ကျ‌နော်တို့က ဒီရှင်း လင်းပွဲကို ‌မေလ ၁၅ရက်‌နေ့က‌နေ ၁၇ရက်‌နေ့အထိ သုံးရက် ပြုလုပ်ခဲ့ပါတယ်”ဟု KNU ဗဟိုစည်းရုံး‌ရေးဌာန အတွင်း‌ရေးမှူး ပဒို‌စောလှ ထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထန်းတပင်မြို့နယ်၊ ‌ဘောဂလိရွာအနီးတွင် ပြုလုပ်ခဲ့သည့် အဆိုပါငြိမ်းချမ်း‌ရေးဖြစ်စဉ် ‌ဆွေး‌နွေးရှင်းလင်းပွဲသို့ ‌တောင်ငူမြို့ခံများ အပါအ ဝင် ထန်းတပင်နှင့် သံ‌တောင်မြို့နယ်များရှိ ‌ကျေးရွာ‌ပေါင်း ၁၇ဝမှ လူထုကိုယ်စားလှယ်များနှင့် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ စုစု‌ပေါင်း ၁၀၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

၎င်းရှင်းလင်းပွဲတွင် ပြည်တွင်းငြိမ်းချမ်း‌ရေးအ‌ပေါ် ‌ဒေသခံလူထု၏ အမြင်သ‌ဘောထားများကို ဦးစွာ ‌ဆွေး‌နွေးခဲ့ကြပြီး လက်ရှိ KNU ၏ ငြိမ်းချမ်း‌ရေး အပါအဝင် နိုင်ငံ‌ရေးလုပ်ငန်းစဉ်များကိုလည်း KNU ‌တောင်ငူခရိုင် အလုပ်အမှု‌ဆောင် ပဒို‌စောဟစ်တလာမှ ရှင်းလင်း‌ပြော ကြားခဲ့ခြင်း ဖြစ်သည်။

KNU ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်များအဖြစ် ပဒို‌စောလှထွန်း၊ ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးနှင့် ခရိုင်‌ကော်မတီဝင်များ၊ KWO, KYO စသည့် အမျိုးသမီး၊ လူငယ်အဖွဲ့ဝင်များ အပါအဝင် အစိုးရဘက်မှ တပ်မမှူးအပြင် သံ‌တောင်မြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးသိန်းဝင်းနှင့် ကရင်ပြည်သူ့ပါတီ-KPP မှ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်တို့လည်း လာ‌ရောက်ခဲ့‌ကြောင်း ‌ကေအဲန်ယူဘက်က ‌ပြောဆိုသည်။

ပဒို‌စောအယ်ဝါးက “ကျ‌နော်တို့ရဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ် ရှင်းလင်းပွဲကို ရွာတရွာစီက လူထုကိုယ်စားလှယ် ၅ဦးစီ တက်‌ရောက်ခဲ့ကြတယ်။ ဒါ့အပြင် ‌တောင်ငူမြို့‌ပေါ်က အစိုးရဝန်ထမ်း‌တွေ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်‌တွေလည်း ပါဝင်တယ်။ ဒီလို‌တွေ့ကြ‌တော့ လူထု‌တွေလည်း ဝမ်းသာကြတယ်”ဟု ဆိုသည်။

သံ‌တောင်မြို့နယ် အုပ်ချုပ်‌ရေးမှူးက ၎င်းအ‌နေဖြင့် ငြိမ်းချမ်း‌ရေးကို လိုလား‌ကြောင်း လူထုအတွက် လုပ်‌ပေးသင့်သည်များကို လုပ်‌ဆောင် ‌နေ‌ကြောင်းနှင့် တပ်မမှူး ဗိုလ်မှူးချုပ်ဝင်းဘိုရှိန်က ၎င်းတို့၏ စစ်သည်‌တော်ကျင့်ဝတ် ၆ဝအနက် လူထုနှင့် သက်ဆိုင်သည့်အပိုဒ်များကို ဖတ်ကြားကာ ရှင်းလင်း‌ပြောဆိုသွားခဲ့သည်ဟု သိရသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “ငြိမ်းချမ်း‌ရေးကို အာမခံချက်ရှိရှိ ဖြစ်‌စေချင်တယ်။ ကျ‌နော်တို့‌တွေ ‌နေထိုင်၊ လုပ်ကိုင်၊ စား‌သောက်ရ တာ လွတ်လပ်‌အောင် ရွာ‌တွေနဲ့ နီးစပ်‌နေတဲ့ တပ်စခန်း‌တွေကိုလည်း ရုတ်သိမ်း‌စေချင်ပါတယ်။ ‌နောက်တခုက လုပ်ကိုင်စားဖို့အတွက် ‌မြေ‌နေရာ အကျယ်အဝန်း‌တွေ အရင်ကထက် ပို လိုအပ်လာတာ‌တွေကို ‌ဆွေး‌နွေးရင်း ‌တောင်းဆိုခဲ့ပါတယ်”ဟု ဆိုသည်။

‌တောင်ငူ‌ဒေသတွင် လွန်ခဲ့သည့် ၁၉၅ဝခုနှစ်က ကရင့်အမျိုးသားအာဇာနည် ‌စောဘဦးကြီးကိုယ်တိုင် လူထုရှင်းလင်းပွဲ သွား‌ရောက်ပြုလုပ် ခဲ့ပြီး ယခု ပြုလုပ်သည့် လူထုရှင်းလင်းပွဲမှာ ဒုတိယအကြိမ်ဖြစ်သည်ဟု ‌ဒေသခံလူကြီးများ၏ ‌ပြောပြချက်အရ သိရသည်။