Home သတင်း ယာယီပိတ်ထား‌သော ဂိတ်အားလုံးကို DKBA ပြန်ဖွင့်

ယာယီပိတ်ထား‌သော ဂိတ်အားလုံးကို DKBA ပြန်ဖွင့်

2097
‌မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ထိုင်း-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထုအကျိုးကို ‌ရှေ့ရှု၍ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ယာယီပိတ်ထားသည့် ဂိတ်အားလုံးကို ပြန်လည် ဖွင့်‌ပေးလိုက်ပြီဖြစ်‌ကြောင်း တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA ၏ ကလို့ထူး‌ဘောတပ်ဖွဲ့မှ ယမန် ‌နေ့က ‌ကြေညာချက် ထုတ်ပြန်လိုက်သည်။

“ကျ‌နော်တို့က ပြည်သူလူထု ထိခိုက်မှာကို မလိုလားလို့ ပြန်ဖွင့်‌ပေးလိုက်ရတာ ဖြစ်တယ်။”ဟု DKBA ၏ ကလို့ထူး‌ဘော ကရင်အစည်း အရုံးမှ ဗိုလ်ကြီး‌စောကိုမျိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းအစိုးရသည် ဗိုလ်ချုပ်‌စောလားပွယ်(ဗိုလ်နှုတ်ခမ်း‌မွှေး)အား မူးယစ်ရာဇာအဖြစ် စွပ်စွဲ၍ ဆု‌ငွေထုတ်ပြီး‌နောက် DKBA အ‌ခြေစိုက်ရာ ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်တွင် တပ်လှန့်ခဲ့‌သော‌ကြောင့် DKBA ဘက်မှ လည်း ၎င်းတို့ထိန်းချုပ်ထားသည့် ဂိတ် ၁၂ခုကို ‌မေလဆန်း ပိုင်းမှစ၍ စတင် ပိတ်ပစ်ကာ ယမန်‌နေ့၌ ယခုလို ပြန်ဖွင့်လိုက်ခြင်းလည်းဖြစ်သည်။

မြဝတီမြို့နယ်အတွင်းရှိ က‌လော်‌ဝေါ်ရွာမှ ‌ဒေသခံတဦးက “ကျ‌နော်တို့‌တွေဟာ ထိုင်းနိုင်ငံက လာတဲ့ စားသုံးကုန်၊ လူသုံးကုန် မှန်သမျှ အမှီပြု‌နေရတဲ့အတွက် ပြန်ဖွင့်လိုက်‌တော့ ‌ကောင်းတယ်။”ဟု ‌ပြောသည်။

ထို့အပြင် ဂိတ်များကို ယာယီပိတ်ထား‌သော်လည်း ထိုကာလအတွင်း ၎င်းတို့‌ဒေသခံအ‌နေဖြင့် ထိုင်းဘက်ခြမ်း မဲ‌ဆောက်မြို့မှတဆင့် ဝင်‌ရောက်လာသည့် စားသုံးကုန်များကို မြဝတီမြို့တွင် သွားလာ‌ရောက်ဝယ်ယူနိုင်ခြင်း မရှိခဲ့သည့်အတွက် မိသားစု စားဝတ်‌နေ‌ရေး ထိခိုက်ခဲ့ရသည်ဟု သူက ဆက်‌ပြောသည်။

ဂိတ်ပိတ်ထားသည့် ကာလတွင် ဂိတ်များကို ဖြတ်သန်းသွားလာသည့် ကားများကို ပိတ်ထားပြီး လူကိုသာ ‌ခြေလျင်ဖြင့် ဖြတ်သန်းသွားလာ ခွင့်ပြုသည်ဟု သိရသည်။

တဆက်တည်း၌ပင် အဆိုပါ ထုတ်ပြန်ချက်အရ ဗိုလ်ချုပ်‌စောလားပွယ်အား စွပ်စွဲခြင်းအ‌ပေါ် တုန့်ပြန်သည့်အ‌နေဖြင့် ထိုင်းနှင့် မြန်မာနိုင်ငံ ရှိ မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးအဖွဲ့ Drug Enforcement Administration-DEA ကိုလည်း ကလို့ထူး‌ဘော အ‌ခြေစိုက်ရာ ‌ဒေသတွင်းသို့ လာ‌ရောက် စစ်‌ဆေး‌မေးမြန်းရန် ဖိတ်‌ခေါ်‌ကြောင်း ပါရှိသည်။

ထို‌ကြေညာချက်တွင် ဗိုလ်ချုပ်‌စောလားပွယ်အ‌နေဖြင့် မူးယစ်‌ဆေးဝါးနှင့် ပတ်သက်ခြင်း မရှိသည့်အတွက် ထိုင်းနိုင်ငံသို့ သွား‌ရောက် အစစ်‌ဆေးခံရန် မဖြစ်နိုင်‌ကြောင်းလည်း ၎င်းတို့၏ သ‌ဘောထားကို ထည့်သွင်း‌ဖော်ပြထားသည်။

မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်‌ဖောက်ကားသည်ဟု ထိုင်းအစိုးရ၏ စွပ်စွဲချက်ကို တုန့်ပြန်သည့်အ‌နေဖြင့် ဗိုလ်ချုပ်‌စောလားပွယ်သည် ၎င်း၏ ကလို့ထူး‌ဘောဌာနချုပ်(‌ကော်သူးမွဲခီး) ဆုံဆည်းမြိုင်တွင် ယမန်‌နေ့က ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ယခုလို ‌ကြေညာ ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။