မေလ ၁၈ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ ကောင်ဝါမြို့နယ်ခွဲအတွင်းရှိ လုပီရွာမှ အသက် ၄၈နှစ်အရွယ် ကလေး ၁၂ယောက်မိခင် ကချင်အမျိုးသမီး အား အစိုးရစစ်တပ်မှ စစ်သားများက အဓမ္မပြုကျင့်ခဲ့သည်ဟု ကချင်အမျိုးသမီးအဖွဲ့(ထိုင်းနိုင်ငံ)-KWAT က ယနေ့ ကြေညာချက်ထုတ် ကာ ပြောဆိုလိုက်သည်။
မေလ ၁ရက်နေ့က အစိုရစစ်တပ် ခမရ(၃၄၇)နှင့် ခလရ(၁၁၈) တပ်ရင်းမှ စစ်သည်များသည် လုပီရွာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ရွာ ထဲတွင် သေနတ်များ လိုက်လံပစ်ခတြ်ခင်း၊ အိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကာ ဘုရားကျောင်းအတွင်း ပုန်းအောင်း သည့် အမျိုးသမီးအား အမျိုးမျိုးညှင်းပမ်းနှိပ်စက်ပြီး အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်ဟု KWAT တာဝန်ခံ မွန်းနေလီက ပြောသည်။
မွန်းနေလီက “ငွားမီးက တောထဲမှာ မထွက်ပြေးဘဲနဲ့ ဘုရားကျောင်းထဲမှာဆို လွတ်မယ်ဆိုပြီး အထဲမှာ ပုန်းနေတဲ့အချိန်မှာပဲ စစ်သားတွေ က ဘုရားကျောင်းထဲမှာ ဝင်လာတယ်။ စစ်သား ဆယ်ယောက်လောက်က သူ့ကို ဝိုင်းပြီးနှိပ်စက်တယ်။ တုတ်တွေနဲ့ဝိုင်းရိုက်၊ သေနတ် တွေနဲ့ ခေါင်းပေါ်မှာ ထုတယ်။ သူ့ရဲ့ အဝတ်အစားတွေကို ဆွဲချွတ်ပြီး ဓါးမြှောင်သေးသေးလေးတွေနဲ့ ထိုးတဲ့သူကထိုးပြီး အဓမ္မပြုကျင့်တာ တွေ လုပ်ပါတယ်”ဟု ပြောသည်။
အမှုသက်သေအဖြစ် ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ ကချင်အမျိုးသားမှာ ၎င်း၏ဇနီးသည် အောက်ပိုင်းသေ ရောဂါခံစားနေသဖြင့် မထွက်ပြေး နိုင်ဘဲ ရှိနေစဉ် အစိုးရစစ်တပ်မှ ဖမ်းဆီးလိုက်ပြီး ဘုရားကျောင်းနားတွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့သောကြောင့် ယင်းဖြစ်ပွားမှုကို အစအ ဆုံး မြင်တွေ့ခဲ့ရကာ ပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည်ဟုလည်း မွန်းနေလီက ဆိုသည်။
“သူတို့လုပ်ချင်တာတွေ လုပ်ပြီးတော့ အဲဒီသုံးရက်လုံးလုံး ဘာအစာမှမကျွေးတဲ့အတွက် မေ့မြောသွားတယ်။ ကျမတို့ဆီကနေ သတင်း ကောက်ယူတဲ့သူတွေ၊ တာဝန်ရှိသူတွေက ကျမတို့ကို မေလ ၆ရက်နေ့မှာ အကြောင်းကြားလာတယ်။ နောက် သူတို့ကနေသွားပြီး မေး မြန်းတာ၊ အကူအညီပေးတာတွေ လုပ်ပါတယ်”ဟု ပြောသည်။
အဆိုပါအမျိုးသမီးမှာ ယခုအချိန်တွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဆိုးဝါးစွာ ခံစားနေရကြောင်းလည်း မွန်းနေလီက “စစ်သားတွေလည်း မရှိ တော့တဲ့အချိန်လောက်မှာ ဒေသခံတွေက သူ့(ငွားမီ)ကို ကောင်ဝါဆေးရုံကို လိုက်ပို့လိုက်ကြတယ်။ ဆေးရုံက ဆင်းလာပြီး အခုထိ အရမ်း ကြောက်လန့်နေတယ်။ သူပြောချင်တာပဲ ပြောနေပြီး ရယ်ချင်လည်း ရယ်နေလိုက်တာပဲ။ စိတ်ကလည်း ပုံမှန်အတိုင်းကို မဟုတ်တော့တဲ့ အခြေအနေထိ ဆိုးဝါးနေပါတယ်”ဟု ဆက်ပြောသည်။
ထို့အပြင် စစ်သားများ အလုံးအရင်း ဝင်ရောက်လာချိန်တွင် ကြောက်လန့်ပြီး တောထဲသို့ထွက်ပြေးသွားကြသည့် ရွာသားများထဲတွင် ခင်ပွန်း၊ သားသမီးများလည်း ပါဝင်သွားပြီး လက်ရှိတွင် ငွားမီးအား တရုတ်-မြန်မာအခြေစိုက် ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေး နေသော ကချင်အဖွဲ့အစည်းတစ်ခုက ကူညီစောင့်ရှောက်ပေးလျှက်ရှိသည်။
KWAT ၏ ထုတ်ပြန်ချက်အပေါ် မွန်းနေလီက “ကျမတို့အနေနဲ့ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်တာတွေ၊ အခုပဋိပက္ခဖြစ်နေတဲ့ နေရာ တွေမှာ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေး ကင်းမဲ့နေလို့ အမျိုးမျိုးနှိပ်စက်နေတာတွေ ပပျောက်သွားအောင် မျှော်လင့်တယ်။ နိုင်ငံတကာအ သိုင်းအဝိုင်းကိုလည်း ထုတ်ဖော်ပြောပြချင်တယ်။ အထူးသဖြင့် တာဝန်ရှိတဲ့ နိုင်ငံတော်အစိုးရကိုလည်း ဒါမျိုးဖြစ်နေတာကို ပါးစပ်ကပဲ ပြောနေတာမဟုတ်ဘဲ အမှန်တကယ် အရေးယူပေးဖို့ မျှော်လင့်ပါတယ်”ဟု ပြောဆိုခဲ့သည်။
အစိုးရနှင့် KIO တိုက်ပွဲစဖြစ်သည့် ဇွန်လမှစ၍ ယနေ့အထိ ကချင်အမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်း၊ ညှင်းပမ်းနှိပ်စက်ခံရခြင်း အပါအ ဝင် အသတ်ခံခဲ့ရသည့် အမှုပေါင်း ၄၀ကျော်သွားပြီဖြစ်ပြီး ထိုအထဲတွင် ကျူးလွန်ခံရသူ အမျိုးသမီးနှင့် မိန်းကလေးငယ်ပေါင်း ၆၀ကျော် ရှိသွားပြီ KWAT ၏ မှတ်တမ်းများအရ သိရသည်။