Home သတင်း ကရင်ဓါတ်ပုံသတင်း‌ထောက် အ‌ကြောင်း အ‌ကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုရ

ကရင်ဓါတ်ပုံသတင်း‌ထောက် အ‌ကြောင်း အ‌ကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုရ

1818
ဇန်နဝါရီ ၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ဇန်နဝါရီလ ၄ရက်‌နေ့၌ ကျင်းပသည့် လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲ‌တော်တွင် ရုပ်သံဇာတ်ကား ၅၄ကား ဆန်ကာတင် ‌ရွေးချယ် ခဲ့ရာ ဆုရဇာတ်ကား ၅ခုအနက် ကရင်ဓါတ်ပုံသတင်း‌ထောက် ‌စော‌လောအဲ့စိုးအ‌ကြောင်းကို မှတ်တမ်းတင်ထားသည့် “Click In Fear” ဇာတ်ကားက အ‌ကောင်းဆုံး မှတ်တမ်းရုပ်ရှင် (Documentary film)ဆု ‌ရွေးချယ်ခံခဲ့ရသည်။

အဆိုပါ မှတ်တမ်းရုပ်ရှင်ကို သျှမ်းတိုင်းရင်းသား ဒါရိုက်တာ စိုင်း‌ကျော်ခိုင်က မှတ်တမ်းတင် ရိုက်ကူးထားခြင်းဖြစ်ပြီး ၂၀၀၇ခုနှစ် ‌ရွှေဝါ‌ရောင်အ‌ရေးအခင်းတွင် အန္တရာယ်များမှ သက်စွန့်ဆံဖျား ဓါတ်ပုံရိုက်ခဲ့သူ ‌စော‌လော်အဲ့စိုး၏ ခံစားမှုနှင့် လှုပ်ရှားမှုပုံရိပ်များကို ၁၃မိနစ်‌ကျော်ကြာ မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။

ဒါရိုက်တာ စိုင်း‌ကျော်ခိုင်က “မြန်မာနိုင်ငံမှာ မီဒီယံလွတ်လပ်ခွင့် မရှိဘူးဆိုတာကို ပြချင်လို့ပါ။ ဒီရုပ်ရှင်က ဆုရမယ် မရမယ်ဆိုတာ မ‌မျှော်လင့်ဘူးဗျာ။ ဒီမှတ်တမ်းကို လူ‌တွေကြည့်ရတာက ကျ‌နော့်အတွက် ဆုရတာထက် ‌ကောင်းတယ်။ အမှန်တရားကို မြတ်နိုးတဲ့ သူအတွက်က အမှန်တရားကို ‌ဖော်ပြချင်တာပဲ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲ‌တော်တွင် Click in fear နှင့်အတူ ဒါရိုက်တာမင်းသိုက်၏ “ကြိုး” မှတ်တမ်းတိုရုပ်ရှင်၊ ဒါရိုက်တာ ‌ဇော်ဘိုဘိုဟိန်း၏ “Unity and Freedom”ဇာတ်ကား၊ အသက် ၁၉နှစ်အရွယ် ဒါရိုက်တာ ‌အောင်‌ဇော်မိုး၏ “Still in the dark” ဇာတ်ကားနှင့် ဒါရိုက်တာ ဝိုင်း၏ “အဲ့ဒီအခန်းဖြတ်”ဇာတ်ကားတို့က ဆုရရှိသွားခဲ့ခြင်း ဖြစ်သည်။

ဆုရရှိသူများကို အမျိုးသားဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်က ဆုချီးမြှင့်ခဲ့ပြီး Click in fear ဇာတ်ကားဆုရရှိသူ ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ဒါရိုက်တာ စိုင်း‌ကျော်ခိုင်မှာ ဆုတက်‌ရောက် ယူနိုင်ခြင်းမရှိသည့်အတွက် ၎င်းကိုယ်စား ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆုယူခဲ့သည်။

Click in fear မှတ်တမ်းရုပ်ရှင်မှ အဓိကဇာတ်‌ကောင်ဖြစ်သည့် ဓာတ်ပုံသတင်း‌ထောက် ‌စော‌လောအဲ့စိုးက “ဒီမှတ်တမ်း ရုပ်ရှင် ဆုရတယ်လို့ ကြား‌တော့ ‌ပျော်တယ်။ ဗမာပြည်မှာက အများအားဖြင့် ဗုဒ္ဓဘာသာဝင်‌တွေ များတယ်။ ‌ရွှေဝါ‌ရောင်‌တော်လှန်‌ရေးမှာ ခရစ်ယာန်ဘာသာဝင်တ‌ယောက်ဖြစ်တဲ့ ကျ‌နော်က အခန်းကဏ္ဍမှာ ပါဝင်ခွင့်ရတဲ့အတွက်‌ကြောင့်မို့ အများကြီးပဲ ဂုဏ်ယူမိပါတယ်။ ဘယ်တိုင်းရင်းသား၊ ဘယ်ဘာသာဝင်မဆို တိုင်းပြည်အတွက် သူတို့ တတ်နိုင်တဲ့ဘက်က လုပ်‌ဆောင်တယ်လို့ပဲ ခံယူတယ်။”ဟု ‌ပြောသည်။

သူသည် ‌ရွှေဝါ‌ရောင်သံဃာ့အ‌ရေးအခင်းတွင် ဓါတ်ပုံမှတ်တမ်းရိုက်ခဲ့မှု‌ကြောင့် စစ်အစိုးရ အာဏာပိုင်များလက်‌အောက်မှ ပြည်ပသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရပြီး လက်ရှိတွင် အ‌မေရိကန်ပြည်‌ထောင်စု၊ နယူး‌ယော့ခ်ပြည်နယ် ဘတ်ဖလိုးမြို့တွင် အ‌ခြေချ ‌နေထိုင် လျှက်ရှိသည်။

“အ‌ခြေအ‌နေ‌ပေးရင် မြန်မာနိုင်ငံ နယ်စပ်‌ဒေသတ‌လျှောက်မှာ ဖြစ်ပျက်‌နေတဲ့ အ‌ကြောင်းအရာနဲ့ တိုင်းရင်းသားပြည်သူ‌တွေရဲ့ ဘဝ ‌တွေကို ပြန်လာပြီး ဓါတ်ပုံရိုက်ချင်‌သေးတယ်။”ဟု ‌စော‌လောအဲ့စိုးက ဆက် ‌ပြောသည်။

‌ရွှေဝါ‌ရောင်သံဃာအ‌ရေးအခင်းအတွင်း ၎င်းရိုက်ယူခဲ့သည့် သပိတ်‌မြှောက် ဆန္ဒပြ ကိုရင်(သံဃာ) တပါး၏ အပုံမှာ ကမ္ဘာ‌ကျော်ခဲ့သည်။

Click in fear မှတ်တမ်းရုပ်ရှင်တွင် ‌စော‌လော်အဲ့စိုး ကိုယ်ပိုင်အသံကို ‌နောက်ခံစကား‌ပြောထား၍ အ‌ကြောက်တရားကြားမှ ဓါတ်ပုံ သတင်း‌ထောက်တဦး၏ အမှန်တရား ထုတ်‌ဖော်ချင်စိတ်၊ ခရစ်ယာန်ဘာသာဝင်တဦးအ‌နေဖြင့် ပြည်သူများအ‌ပေါ် အနစ်နာခံသည့် ဗုဒ္ဓဘာသာရဟန်းများ၏ သတ္တိရှိမှုကို တန်ဖိုးထားသည့်စိတ်တို့ကို မှတ်တမ်းတင်ထားသည်။

“ကို‌လောအဲ့စိုးက ဘယ်သူ့ကိုမှ အင်တာဗျူး မ‌ပေးဘူးဗျ။ ကံ‌ကောင်းတာက ကျ‌နော်တို့ သွားဗျူးတာ‌တော့ ‌ပေးတယ်။ အင်တာဗျူး ပြီး ဒီဗွီဘီမှာ လွှင့်‌သေးတယ်။ မ‌ကောင်းဘူး။ ‌နောက်ပိုင်း သူ့ပုံ‌တွေ လိုက်ရှာတယ်။ သူ(ဓါတ်ပုံ)ရိုက်‌နေတဲ့ လမ်း‌ပေါ်မှာ‌တွေ၊ လှုပ် ရှားတဲ့ဟာ‌တွေ‌ပေါ့။ ၂၀၀၈မှာ သူ့ကို အင်တာဗျူးတယ်။ ၂၀၀၉မှ ပြီးတယ်။”ဟု စိုင်း‌ကျော်ခိုင်က ‌ပြောသည်။

ထို့အပြင် မှတ်တမ်းရုပ်ရှင်နှင့် ပတ်သက်၍ ဆက်လက်လုပ်‌ဆောင်ရန် စိတ်အားထက်သန်လျှက်ရှိပြီး လက်ရှိတွင် ကရင်ပြည်နယ်အ တွင်း ‌တောထဲ‌တောင်ထဲ၌ ‌ပြေးလွှားရင်း ‌မြေကြီး‌ပေါ် စာသင်‌နေရသည့် က‌လေးများ၏အ‌ကြောင်းကို ကိုယ်တိုင်သွား‌ရောက် မှတ် တမ်းတင် ရိုက်ကူးချင်‌ကြောင်း သူက ဆက်‌ပြောသည်။

စိုင်း‌ကျော်ခိုင်သည် လက်ရှိအချိန်တွင် ဒီမိုကရက်တစ်မြန်မာ့အသံ-DVB သတင်းဌာနတွင် အလုပ်လုပ်ကိုင်လျှက်ရှိသည်။