Home သတင်း အပစ်ရပ်ရန် ကြိုးပမ်း‌နေစဉ် ကရင်နီတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

အပစ်ရပ်ရန် ကြိုးပမ်း‌နေစဉ် ကရင်နီတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

1680
ဇန်နဝါရီလ ၇ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP) နှင့် မြန်မာအစိုးရတို့ အပစ်ခတ်ရပ်စဲရန် ကြိုးပမ်း‌နေသည့် ၂၀၁၂ ခုနှစ် ဆန်းပိုင်း ‌ရောက်ရှိလာသည်အထိ ကရင်နီ‌ဒေသအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာ‌နေဆဲ ဖြစ်သည်။

တပ်အင်အား ၇ဝခန့်ရှိ အစိုးရတပ် ခမရ(၄၂၈) တပ်ရင်းသည် KNPP တပ်များနှင့် KNPP လှုပ်ရှားရာ ဆိုတရှားမြို့နယ်၊ မယ်စ ပယ်နယ်‌မြေနှင့် ‌ဟွေပူး‌လောင်းဂွင်တွင် ယခုလဆန်းရက်တွင် တိုက်ပွဲ ၂ရက်စီ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ယခုလအတွင်း တိုက်ပွဲစုစု‌ပေါင်း ၄ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့‌ကြောင်း ကရင်နီပြည်တပ်မ‌တော် KNPP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက ‌ပြော သည်။

၎င်းက “တိုက်ပွဲက ‌လေးကြိမ်ဖြစ်ပွားပြီးပြီ။ တိုက်ပွဲမှာ နှစ်ဘက်စလုံး အ‌သေအ‌ပျောက်မရှိ‌သေးဘူး။ ‌နောက်ဆုံးဖြစ်တဲ့ပွဲမှာပဲ သူတို့ဘက်က တ‌ယောက်ဒဏ်ရာရသွားတယ်။ သူတို့ဘက်က စစ်ဆင်‌ရေးရှိ‌နေသ၍ ကျ‌နော်တို့နဲ့ တိုးရင်‌တော့ တိုက်ပွဲက ဖြစ် ပွားမှာပဲ။”ဟု ဆိုသည်။

ယင်းဆက်တိုက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ ဇန်နဝါရီလ ၁ရက်‌နေ့၊ ၂ရက်‌နေ့၊ ၅ရက်‌နေ့နှင့် ယမန်‌နေ့ မနက်ပိုင်းအထိ တကြိမ်စီ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်း‌ရေးအတွက် အပစ်ခတ်ရပ်စဲနိုင်ရန် ကြိုးပမ်း‌နေ‌သော်လည်း တစ်ဘက်တွင် အစိုးရတပ်တို့၏ စစ်ဆင်‌ရေးများရှိ‌နေသည့်အတွက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည့်အ‌ခြေအ‌နေတွင် ရှိပြီး ငြိမ်းချမ်း‌ရေးအတွက် အလှမ်း‌ဝေးအုံးမည်ဟု ဗိုလ်ချုပ်ဘီထူးက ‌ပြောသည်။

၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၉ရက်‌နေ့တွင် KNPP မှ ကာကွယ်‌ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး၊ ပါတီဗဟိုအလုပ်မှု‌ဆောင် ‌ကော် မတီဝင် ခူဖဲဘူးတို့နှင့် မြန်မာအစိုးရ ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုအဖွဲ့ ရထားပို့‌ဆောင်‌ရေး ဝန်ကြီး ဦး‌အောင် မင်း ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့နှင့် ငြိမ်းချမ်း‌ရေးအတွက် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်။

ပြည်‌ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုအဖွဲ့သည် ယခုလ ၅ရက်‌နေ့တွင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြပြီး လာမည့် ၁၂ရက်‌နေ့တွင်လည်း အပစ်ခတ်ရပ်စဲ‌ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးရန် ရှိသည်။

ထို့အတူ အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက် ‌ရေးပါတီ (KNPP) တို့နှင့်လည်း ထပ်မံ ‌တွေ့ဆုံရန်ရှိသည်ဟု သတင်းများ ထွက်‌ပေါ်‌နေသည်။

“ကျ‌နော်တို့နဲ့ ‌တွေ့ဖို့ ‌လော‌လောဆယ် ကမ်းလှမ်းလာတာ မရှိ‌သေး‌တော့ ‌ပြောဖို့‌တော့ခက်တယ်။ ဒါ‌ပေမယ့် ‌နောက်ထပ် ‌တွေ့ဖို့ ဆိုတာ‌တော့ ရှိတာ‌ပေါ့‌နော်။”ဟု ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ အတွင်း‌ရေးမှူး(၁) ခူဦးရယ်က ‌ပြောသည်။