Home သတင်း မဲ‌ဆောက် ‌တောရဘုန်း‌တော် ကြီး‌ကျောင်းကို ထိုင်းအာဏာပိုင် များ ထိန်းသိမ်းထား

မဲ‌ဆောက် ‌တောရဘုန်း‌တော် ကြီး‌ကျောင်းကို ထိုင်းအာဏာပိုင် များ ထိန်းသိမ်းထား

1827
ဇန်နဝါရီ ၆ရက်၊ ၂၀၁၂။ ‌ရွှေသိုက်‌တော

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ ရှိ ‌တောရ ဘုန်း‌တော်ကြီး‌ကျောင်း တွင် မြန်မာဘုန်း‌တော်ကြီး များအကြား ဖြစ်ပွား‌နေသည့် ‌ကျောင်းတိုက် ဆိုင်ရာ ပြဿနာများကို ထိုင်းအာဏာပိုင်များက ယမန်‌နေ့တွင် ထိန်းသိမ်းထားလိုက်ပြီး ဖြစ်သည်။

မဲ‌ဆောက်တွင် သက်တမ်း ၁၁၁နှစ်ရှိ ‌တောရမြန်မာဘုန်း‌တော်ကြီး‌ကျောင်းမှ မြန်မာဘုန်း‌တော်ကြီးများအကြား ၂လ‌ကျော်ကြာ ဖြစ်ပွား‌နေသည့် ‌ကျောင်းတိုက်‌နေရာ လုယူမှုပဋိပက္ခကို မဲ‌ဆောက်မြို့နယ် အုပ်ချုပ်‌ရေးအဖွဲ့က ယမန်‌နေ့က လာ‌ရောက်ထိန်း သိမ်းလိုက်သည့်အတွက် ရှုတ်‌ထွေး‌နေသည့် အ‌ခြေအ‌နေများ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

သက်‌တော် ၆၅နှစ် ဝါ‌တော် ၄၅ဝါရှိ လက်ရှိ ‌ကျောင်းထိုင်ဆရာ‌တော် အရှင်မဟိန္ဒ၏ အုပ်ချုပ်မှုကို လက်မခံနိုင်သည့်အတွက် ‌ကျောင်းတိုက်ဝင်းအတွင်း သီးသန့်သီတင်းသုံး‌နေထိုင်သည့် အရှင်‌ခေမာ၊ သက်‌တော် ၇၄နှစ် ဝါ‌တော် ၅၄ဝါက လက်ရှိဆရာ ‌တော်အား ‌ကျောင်းတိုက်အတွင်းမှ ဖယ်ရှားရန် ကြိုးစားရာမှ ပြဿနာများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ‌ကျောင်း‌ဂေါပက အဖွဲ့ဝင် တဦးက ‌ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ တန်‌ဆောင်မုန်းလဆန်း ၈ရက်‌နေ့ကစပြီးဖြစ်တာ အဲဒီ‌နေ့မှာ လက်ရှိ ဆရာ‌တော်ဦးမဟိန္ဒက ကထိန်ခင်းတာကို ဦး‌ခေမာက ဘုန်းကြီး‌ကျောင်းတခုထဲမှာ ကထိန်နှစ်ခါ ခင်းလို့မရဘူးဆိုပြီး ထိုင်းပုလိပ်နဲ့ သွားတိုင်လို့ ကထိန်ပွဲပျက်သွားတယ်။ အဲဒါအပြင် ဘန်‌ကောက်က ထိုင်းသတင်းစာတိုက်တခုရဲ့ အကူအညီနဲ့ လက်ရှိဆရာ‌တော်ကို ‌မောင်းထုတ်ပြီး သူ့‌နေရာမှာ အခြားထိုင်းဘုန်း‌တော်ကြီးတစ်ပါးနဲ့ အစားထိုးဘို့ စီစဉ်တာကို ‌ကျောင်း‌ဂေါပကနဲ့ ‌ကျောင်းဒကာ‌တွေက မ‌ကျေနပ်ရာက‌နေ စခဲ့ တာပဲ။”ဟု ‌ပြောသည်။

နှစ်ဘက် ဆရာ‌တော်များအကြားမှ မ‌ကျေလည်မှု ပြဿနာများ‌ကြောင့် နှစ်ဘက်ဒကာများအကြားတွင် အဓိကရုဏ်းဖြစ်မည့် အ‌နေအထားသို့ ‌ရောက်ရှိလာခဲ့သည့်အတွက် ယမန်‌နေ့က မဲ‌ဆောက်အုပ်ချုပ်‌ရေးတာဝန်ရှိသူများ လာ‌ရောက်ထိန်းသိမ်း‌ပေးခဲ့ ပြီး ဘုန်း‌တော်ကြီးအရှင်‌ခေမာမှာ မြို့နယ်အုပ်ချုပ်‌ရေးအဖွဲ့များ မလာ‌ရောက်မီ ‌ကျောင်း‌တော်မှ တရက်ကြို၍ ထွက်ခွာသွားခဲ့ပြီး မဲ‌ဆောက်မြို့ပြင်ရှိ ဘွဲကလား‌ကျေးရွာ ထိုင်းဘုန်း‌တော်ကြီးတွင် ‌ရောက်ရှိ‌နေသည်ဟုသာ သိရသည်။

ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ အရှင်‌ခေမာကို ‌မေးမြန်းရန် ကြိုးစားဆက်သွယ်ခဲ့‌သော်လည်း မရရှိခဲ့‌ပေ။ ထို့အပြင် ယမန်‌နေ့က ဖြစ်ပွားခဲ့သည့် ‌ကျောင်းဝင်းအတွင်းမှ တင်းမာမှု‌ကြောင့် ‌ကျောင်းပြင်ပတွင် ထိုင်းရဲအချို့နှင့် အချုပ်ကားများ ‌နေရာယူထားကာ ဘုန်း‌တော်ကြီးအရှင်‌ခေမာ၏ အစီအစဉ်နှင့် ‌ကျောင်းဝင်းထဲ ‌ရောက်ရှိ‌နေသည့် ဘန်‌ကောက်သတင်းစာတိုက်တခုမှ ‌ခေါင်း ‌ဆောင်နှင့်အဖွဲ့ဝင်များကို မဲ‌ဆောက်ရှိ ထိုင်းရဲများက ‌ကျောင်းတိုက်အတွင်းမှ ထွက်ခွာ‌စေခဲ့သည်။

‌တောရ‌ကျောင်း ‌ဂေါပကအဖွဲ့ဝင်ကိုသိန်းက “ဒီကိစ္စ ဒီလိုဖြစ်ရတာ မြန်မာနိုင်ငံသား‌တွေအတွက် သိက္ခာအကြီးအကျယ်ကျရသ လို ‌ဒေသခံ‌တွေကြားမှာလည်း တကယ်အရှက်ရဘို့ ‌ကောင်းတယ်။”ဟု ဆိုသည်။

လက်ရှိတွင်‌တောရ‌ကျောင်းပြဿနာနှင့်ပတ်သက်၍ မဲ‌ဆောက်အုပ်ချုပ်‌ရေးရုံးက ကိုင်တွယ်လျှက်ရှိပြီး ‌ကျောင်းကို မဲ‌ဆောက် မြို့ရှိ ဝပ်ဒွန်းချိုင်း ဘုန်း‌တော်ကြီး‌ကျောင်းမှ ထိုင်းဆရာ‌တော်က ယာယီ တာဝန်ယူထိန်းသိမ်းထားသည်ဟု သိရသည်။

မဲ‌ဆောက်မြို့နယ်တွင် ‌ကျောင်းကြီးဘုန်း‌တော်ကြီး‌ကျောင်း(ဝပ်နဒါ)၊ ‌တောရ‌ကျောင်း (ဝပ်ပါ‌ကောင်)၊ မယ်‌တော်‌ကျောင်း (ဝပ် ထိုင်းဝထနားလမ်း)၊ ‌တောရ‌ကျောင်းသစ်(ဝပ်ပါမိုင်)၊ ထာ့အာ‌ကျောင်း အပါအဝင် မြန်မာဘုန်း‌တော်ကြီး‌ကျောင်း ၅‌ကျောင်းရှိပြီး
၎င်း‌တောရဘုန်း‌တော်ကြီး‌ကျောင်းတွင် ‌ကျောင်းစတည်ရှိချိန်မှစ၍ လက်ရှိဆရာ‌တော်အရှင်မဟိန္ဒ အပါအဝင် မြန်မာဘုန်း‌တော် ကြီး ၅ပါး ‌ကျောင်းထိုင်လာခဲ့သည်ဟု ‌ကျောင်း၏ နှစ် ၁၀ဝပြည့် အထိမ်းအမှတ်စာအုပ်တွင် ‌ဖော်ပြထားသည်။

‌နောက်ဆုံးရရှိသည့်သတင်းအရ ‌တောရ‌ကျောင်းတွင် ဖြစ်ပွားခဲ့သည့်ပဋိပက္ခသည် ထိုင်းတရားရုံးသို့ ‌ရောက်ရှိသွားပြီးဖြစ်သည် ဟု ‌တောရ‌ကျောင်းဆရာ‌တော်အရှင်မဟိန္ဒက ‌ပြောသည်။

၎င်းက “ဒီ‌နေ့မနက် ဘုန်းကြီး မဲ‌ဆောက်တရားရုံးကိုသွားပြီး လက်မှတ်သွားထိုးရတယ်။ တရားရုံးက ‌မေးတယ်။ ဘုန်းကြီး မဲ‌ဆောက်မှာ‌နေတာ ဘယ်‌လောက်ကြာပြီလဲဆို‌တော့ နှစ် ၄ဝရှိပြီးလို့ ပြန်‌ပြောလိုက်တယ်။ ဒီ‌လောက်ပါပဲ။ အခြား‌တော့ ဘာမှ မ‌မေးဘူး။”ဟု မိန့်ကြားသည်။

ထိုင်း‌ရှေ့‌နေတဦးက ထိုင်းတရားရုံးသို့ အမှု‌ရောက်ရှိသွားသည့်အတွက် ‌တောရ‌ကျောင်းနှင့် လက်ရှိဆရာ‌တော်၏ အ‌ခြေအ‌နေ မည်သို့ဖြစ်လာမည်ကို တပ်အပ် မခန့်မှန်းနိုင်‌ကြောင်း၊ အကယ်၍ ထိုင်းတရားရုံးက ထိုင်းတွင် နှစ် ၄ဝကြာ ‌နေထိုင်ခဲ့ခြင်းကို စာနာစဉ်းစား‌ပေးပါက ‌မျှော်လင့်ချက်ရှိနိုင်သည်ဟု ‌ပြောသည်။

ထိုင်းနိုင်ငံပြည်ထဲ‌ရေးဝန်ကြီးဌာနလက်‌အောက်ခံ သာသနာ‌ရေးဦးစီးဌာန၏ သတ်မှတ်ချက်အရ ထိုင်းနိုင်ငံတွင် ‌ကျောင်းထိုင် ဘုန်းကြီးသည် ထိုင်းနိုင်ငံသားဖြစ်ရမည်ဟု တရားဝင် သတ်မှတ်ထားသည်။