Home ထိပ်တန်းသတင်း ‌ရေကာတာသစ် တည်‌ဆောက်‌ရေး ရပ်စဲ‌ပေးရန် ကရင်နီဖွံ့ဖြိုး‌ရေး သု‌တေသနအဖွဲ့ ‌တောင်းဆို

‌ရေကာတာသစ် တည်‌ဆောက်‌ရေး ရပ်စဲ‌ပေးရန် ကရင်နီဖွံ့ဖြိုး‌ရေး သု‌တေသနအဖွဲ့ ‌တောင်းဆို

2173
‌အောက်တိုဘာလ ၄ရက်။ (‌ကေအိုင်စီ)

ကရင်နီပြည်နယ်အတွင်း တိုးချဲ့တည်‌ဆောက်မည့် တရုတ်‌ရေကာတာ‌ကြောင့် ‌ရေလျှံပြီး တာကျိုးနိုင်သည့်အတွက် ‌ရေကာတာ စီမံကိန်းသစ် ၃ခုကို ရပ်စဲ‌ပေးရန်အတွက် ကရင်နီဖွံ့ဖြိုး‌ရေး သု‌တေသနအဖွဲ့က ‌ကြေညာချက်ထုတ်ကာ ယ‌နေ့ ‌တောင်းဆိုလိုက် သည်။

လတ်တ‌လော ကြုံ‌တွေ့‌နေရသည့် ‌ရေလွှမ်းမိုးမှုဒဏ်များ‌ကြောင့် ‌နောက်ထပ် ‌ရေကာတာသစ်များ တည်‌ဆောက်ခြင်းကို ရပ်စဲ ‌ပေးရန် ‌တောင်းဆိုခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ တာဝန်ခံ ခူး‌တော်ရယ်က ယခုလို ‌ပြောသည်။

သူက “ထိခိုက်ပျက်စီးမှု‌တွေ‌ပေးတဲ့ တရုတ်‌ရေကာတာ‌တွေကို ဆန့်ကျင်ကန့်ကွက်ဖို့ ကျ‌နော်တို့တနိုင်ငံလုံးက ပြည်သူ‌တွေရဲ့ ‌တောင်းဆိုသံနဲ့အတူ ပူး‌ပေါင်းပြီး ‌တောင်းဆိုတာ ဖြစ်တယ်။”ဟု ကရင်နီဖွံ့ဖြိုး‌ရေး သု‌တေသနအဖွဲ့၏ တာဝန်ခံ ခူး‌တော်ရယ်က ‌ပြောသည်။

မိုးဗြဲ‌ရေကာတာမှ ‌ရေလွှတ်ချမှု‌ကြောင့် လွိုင်‌ကော်မြို့နှင့် အနီးအနားတဝိုက်ရှိ ‌ကျေးရွာများ တလ‌ကျော်ကြာ ‌ရေလွှမ်းမိုးမှုဒဏ် ခံ‌နေရသည့်ကြားမှာပင် မြန်မာအစိုးရက တရုတ်တို့နှင့် ‌နောက်ထပ် ‌ရေကာတာသစ်များ တည်‌ဆောက်ရန် စာချွန်လွှာ ချုပ်ဆိုခဲ့ ခြင်းအ‌ပေါ် ကရင်နီပြည်သူများ စိုးရိမ်မှု ပိုတိုးလာ‌စေသည်။

မြန်မာအစိုးရနှင့် တရုတ်ဒါတန်း ‌ကော်ပို‌ရေးရှင်းတို့အကြား တည်‌ဆောက်မည့် ‌ရေကာတာအသစ်များမှာ သံလွင်မြစ်‌ပေါ်မှ မဂ္ဂါ ဝပ် ၆၀ဝရှိ ရွာသစ်‌ရေကာတာ၊ ပွန်‌ချောင်း‌ပေါ်မှ မီဂ္ဂါဝပ် ၁၃ဝရှိ ပွန်‌ချောင်း‌ရေကာတာနှင့် လွိုင်‌ကော်မြို့‌မြောက်ဖက် သဘက် ‌ချောင်း‌ပေါ်မှ မဂ္ဂါဝပ် ၁၁ဝရှိ သဘက်‌ချောင်း‌ရေတာတို့ ဖြစ်သည်။

ခူး‌တော်ရယ်က “မိုးသည်းထန်စွာ ရွာသွန်း‌တော့ ဆည်မှာ ‌ရေ‌တွေလျှံတယ်။ ဆည်က ‌ရေ‌တွေ ‌ဖောက်ချလိုက်‌တော့ ရွာ‌တွေ ‌ရေလွှမ်းကုန်တယ်။ ‌ရေကာတာသစ်ထပ်‌ဆောက်မယ်ဆိုရင် ပိုပြီး ဆိုးလာနိုင်မှာမို့ ဒုက္ခဖြစ်မှာကို ကျ‌နော်တို့ အလွန်စိုးရိမ်မိ တယ်။”ဟု ဆိုသည်။

မိုးဗြဲဆည် ‌ရေလွှတ်ချမှု‌ကြောင့် လွိုင်‌ကော်မြို့ အနီးတဝိုက်ရှိ ‌ကျေးရွာ (၃)ရွာမှ အိမ်‌ခြေ ၅၀၀‌ကျော်မှာ အိမ်‌ခေါင်မိုးထိ ‌ရေလွှမ်း မိုးခြင်း ခံခဲ့ရပြီး စပါးစိုက်ခင်း ဧက ၅၀၀‌ကျော်လည်း ‌ရေမြုပ်သွား‌ကြောင်း ‌ကြေငြာချက်မှာ ပါရှိသည်။

(Photo-KT) ကရင်နီ‌ဒေသရှိ မိုးဗြဲဆည်ကို ‌တွေ့မြင်ရစဉ်

ထို့အပြင် ‌ထောင်နှင့်ချီ‌သော ‌ဒေသခံများကလည်း ‌ကျေးရွာစွန့်ခွာကာ အိုးအိမ်မဲ့ဘဝ အ‌ခြေအ‌နေသို့ ‌ရောက်ရှိ‌နေသည့်တိုင် အစိုးရ အာဏာပိုင်များဘက်မှ တစုံတရာ အကူအညီ‌ပေးခဲ့ခြင်း မရှိ‌ပေ။

အဆိုပါ မိုးဗြဲ‌ရေတာကာအနီး စီမံကိန်းလုံခြုံ‌ရေးအတွက် စစ်တပ်တိုးချဲ့ချထားခြင်း၊ လျှပ်စစ်ရုံအနီး ‌ထောင်‌ပေါင်းများစွာ‌သော ‌မြေမြုပ်မိုင်းများ ချထားခြင်းတို့‌ကြောင့် ကရင်နီပြည်သူ ၁၂,၀၀ဝခန့်မှာ ‌ကောင်းကျိုးကို မခံစားရသည့်အပြင် ‌ရေ‌လှောင်ကန်အ တွင်း ‌ရေကြီးမှု‌ကြောင့် အိုးအိမ်‌ပြောင်း‌ရွှေ့ ‌နေထိုင်ရမှုများနှင့် ရင်ဆိုင်လာခဲ့ကြရသည်။

လတ်တ‌လော အ‌ခြေအ‌နေအရ ပြီးခဲ့သည့် စက်တင်ဘာလ ၃ဝရက်‌နေ့က လွှတ်‌တော်သို့ ‌ပေးပို့ခဲ့သည့် သမ္မတဦးသိန်းစိန်၏ မြစ်ဆုံဆည် ‌ရေကာတာ စီမံကိန်း ရပ်စဲ‌ရေး‌ကြေညာချက်အ‌ပေါ်လည်း ‌ကျေနပ်အားရ ကြိုဆို‌ကြောင်း ကရင်နီဖွံ့ဖြိုး‌ရေး သု‌တေ သနအဖွဲ့က ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။