Home သတင်း လက်ကျန် နိုင်ငံ‌ရေးအကျဉ်းသားများ လွှတ်‌ပေးရန် ညီ‌နောင်ပါတီ ထပ်မံ ‌တောင်းဆို

လက်ကျန် နိုင်ငံ‌ရေးအကျဉ်းသားများ လွှတ်‌ပေးရန် ညီ‌နောင်ပါတီ ထပ်မံ ‌တောင်းဆို

1671
‌အောက်တိုဘာလ ၁၇ရက်။ (‌ကေအိုင်စီ)

မြန်မာပြည်အတွင်းရှိ အကျဉ်း‌ထောင်များ၌ ကျန်ရှိ‌နေ‌သေး သည့် နိုင်ငံ‌ရေးအကျဉ်းသားများအားလုံးကို လွှတ်‌ပေးရန် ညီ‌နောင် တိုင်းရင်းသား ၅ပါတီက ‌ကြေညာချက် ထုတ်ပြန်ပြီး အစိုးရကို ‌တောင်းဆိုလိုက်သည်။

ညီ‌နောင် ၅ပါတီက နှစ်ရှည်လများ အပြစ်ဒဏ်ချမှတ်ခံ‌နေရသည့် ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသား‌ခေါင်း‌ဆောင်များ၊ ကိုမင်းကို နိုင်နှင့် ၈၈မျိုးဆက် ‌ကျောင်းသား‌ခေါင်း‌ဆောင်များ အပါအဝင် ကျန်‌နေ‌သေးသည့် နိုင်ငံ‌ရေးအကျဉ်းသားများကို လွှတ်‌ပေးရန် စသည့်အချက် ၄ချက်ပါ ‌ကြေညာချက်ကို ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် ထုတ်ပြန်ခဲ့သည်။

“ကျန်‌နေ‌သေးတဲ့ နိုင်ငံ‌ရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ ထပ်လွှတ်‌ပေးဖို့ ကျ‌နော်တို့ ထပ် ‌တောင်းဆိုတာဖြစ်တယ်။”ဟု မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ ဥက္ကဌ နိုင်‌ငွေသိန်းက ‌ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်‌ကြောင့် အကျဉ်းသားတချို့ လွှတ်‌ပေးခဲ့ပြီး‌နောက် ညီ‌နောင်တိုင်းရင်းသား ၅ပါတီ က ယင်းသို့ ‌တောင်းဆိုလိုက်ခြင်းဖြစ်သည်။

‌ကြေညာချက်တွင် တိုင်းရင်းသား‌ဒေသရှိ ပဋိပက္ခများကို ‌ဖြေရှင်းရန်အတွက် ညီ‌နောင်ပါတီအပါအဝင် ပညာရှင်များ အဖွဲ့အ စည်း အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်သည့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ ကျင်းပရန်၊ ညီ‌နောင် ၅ပါတီကို နိုင်ငံတကာ ဒီမိုက‌ရေစီပါတီ များနှင့် ‌တွေ့ဆုံခွင့်ရရန်နှင့် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦး‌အောင်‌ကျော်ဇံအား ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းလိုက် ခြင်းအ‌ပေါ် စိတ်မ‌ကောင်းမိ‌ကြောင်းလည်း ပါရှိသည်။

ထို့အပြင် ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် ဒီမိုက‌ရေစီ ကျင့်စဉ်နှင့်အညီ နိုင်ငံ‌ရေးပါတီ ထူ‌ထောင်ပြီး ‌ရွေး‌ကောက်ပွဲဝင်ရန် လည်း ညီ‌နောင် ၅ပါတီက တိုက်တွန်းထားသည်။

နိုင်ငံ‌ရေးအကျဉ်းသားများကူညီ‌စောင့်‌ရှောက်‌ရေးအသင်း(မြန်မာနိုင်ငံ) AAPP(Burma) မှ တွဲဖက်အတွင်း‌ရေးမှူး ကိုဘိုကြည် က “အမျိုးသား ပြန်လည် သင့်မြတ်‌ရေး တကယ်လိုလားလို့ရှိရင် ဗမာပြည်မှာ နိုင်ငံ‌ရေးအကျဉ်းသားရှိတယ်ဆိုတာ အသိအ မှတ်ပြုဖို့ လိုတယ်။ ပြီး‌တော့ နိုင်ငံ‌ရေးအကျဉ်းသား‌တွေကို ချွင်းချက်မရှိ လွှတ်‌ပေးဖို့လိုတယ်။ တိုင်းရင်းသား အကျဉ်းသား အပါ အဝင်‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရသစ် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ၂၀၁၁ခုနှစ်၊ ‌မေလက အကျဉ်းသား ၁၄,၆၀၀‌ကျော်ကို ပထမအကြိမ်အဖြစ် လွတ်ငြိမ်းခွင့်‌ပေးခဲ့သည်။ ယခု ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းသား ၆,၃၅၉‌ယောက် လွှတ်‌ပေးခဲ့ပြီး ယုံ ကြည်ချက်‌ကြောင့် အကျဉ်းကျခံ‌နေရသူ နိုင်ငံ‌ရေးအကျဉ်းသား ၂၀ဝခန့်သာ ပါဝင်‌နေ‌ကြောင်း AAPP က သတင်းထုတ်ပြန်ထား သည်။

ညီ‌နောင်တိုင်းရင်းသား ၅ပါတီတွင် ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်‌ရေးပါတီ၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက ‌ရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ တိုးတက်‌ရေးပါတီနှင့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီတို့ ပါဝင်သည်။