Home ထိပ်တန်းသတင်း KNU, KIA အဖွဲ့များ၏ ဖွံ့ဖြိုး‌ရေးစီမံကိန်းအ‌ပေါ် တားမြစ်‌နေမှုများကို LDB မှ ‌ထောက်ခံ

KNU, KIA အဖွဲ့များ၏ ဖွံ့ဖြိုး‌ရေးစီမံကိန်းအ‌ပေါ် တားမြစ်‌နေမှုများကို LDB မှ ‌ထောက်ခံ

1666
စက်တင်ဘာလ ၂၉ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထားဝယ်-ကန်ချနဘူရီ အ‌ဝေး‌ပြေး လမ်းမ ‌ဆောက်လုပ်‌ရေး ရပ်ဆိုင်းရန် တားမြစ်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ဧရာဝတီမြစ်ဆုံ‌ရေကာတာ တည်‌ဆောက်‌ရေး စီမံကိန်းအား ကန့်ကွက်ခဲ့သည့် ကချင်ပြည်လွတ်လပ်‌ရေးအဖွဲ့(KIO)တို့၏ ‌ဆောင်ရွက်မှုများကို ‌ထောက်ခံ‌ကြောင်း ဂျပန်နိုင်ငံအ‌ခြေစိုက် မြန်မာ့ဒီမိုက‌ရေစီအဖွဲ့ချုပ်(LDB)မှ ယမန်‌နေ့က ‌ကြေညာချက် နှစ်‌စောင် ထုတ်ပြန်ခဲ့သည်။

LDB ၏ ထုတ်ပြန်‌ကြေညာချက်များသည် မှန်ကန်သည့် လုပ်ရပ်တစ်ခုဖြစ်ပြီး မိမိတို့အ‌နေဖြင့် တိုင်းပြည်အကျိုးထိခိုက်‌စေမည့် လုပ်‌ဆောင်ချက်များကို ဝိုင်းဝန်းတားမြစ် ပိတ်ပင်သွားရခြင်းမှာ ပြည်သူအကျိုးအတွက်သာဖြစ်‌ကြောင်း KNU ၏ တွဲဖက်အ တွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက ယခုလို ‌ပြောသည်။

ဗိုလ်မှူး‌စောလှ‌ငွေက “ဒီ‌ဆောက်လုပ်‌ရေး‌တွေက ဘယ်‌နေရာ ဘယ်‌ဒေသမှာပဲလုပ်လုပ် အဓိက‌တော့ ပြည်သူလူထုအကျိုးကို ကြည့်ပြီး ပြည်သူ‌တွေအတွက် အကျိုးရှိမယ့် လုပ်‌ဆောင်ချက်‌တွေဆိုရင် ကျ‌နော်တို့အ‌နေနဲ့လည်း မတားဆီးပါဘူး။ အခုလည်း ကျ‌နော်တို့အ‌နေနဲ့ ပြည်သူလူထုအတွက် စဉ်းစားပြီး လုပ်‌ဆောင်‌နေတဲ့အ‌ပေါ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က ကျ‌နော်တို့ဆန္ဒ နဲ့ ထပ်တူဖြစ်ပြီး ‌ထောက်ခံအား‌ပေးတဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။”ဟု ‌ပြောသည်။

အီတာလျံထိုင်းကုမ္ပဏီမှ အ‌ကောင်အထည်‌ဖော်‌နေသည့် ထားဝယ်‌ရေနက်ဆိပ်ကမ်း တည်‌ဆောက်‌ရေးအတွက် ‌ထောက်ပံ့‌ရေး လမ်း‌ကြောင်းဖြစ်‌သော ၁၆ဝ ကီလိုမီတာရှိ‌သော ထားဝယ်-ကန်ချနဘူရီ အ‌ဝေး‌ပြေးလမ်းမသည် မြန်မာပြည်အတွင်းပိုင်းတွင် ကီလိုမီတာ ၁၃ဝရှည်လျားပြီး လမ်းမ‌တောက်‌လျှောက်တွင် ‌ဒေသခံ ကရင်တိုင်းရင်းသားပြည်သူများ မှီတင်း‌နေထိုင်‌သော ‌ကျေးရွာ ၁၃ရွာ၊ အသက်‌မွေးဝမ်း‌ကြောင်း ပြုလုပ်‌နေသည့် ဥယျာဉ်ခြံ‌မြေနှင့် ‌တောင်ယာ‌မြေများ ပျက်စီး‌ပျောက်ကွယ်သွားမည့် အန္တရာယ်ဖြင့် ရင်ဆိုင်‌နေရသည်ဟု LDB က ‌ထောက်ပြထားသည်။

ဧရာဝတီမြစ်ဆုံ‌ရေကာတာ တည်‌ဆောက်‌ရေးသည် ကချင်အကျိုးအတွက်သာမက မြန်မာတပြည်လုံး၏ အကျိုးအတွက် အ‌ရေးပါလှပြီး တစ်ဦး၏ပြဿနာအား တစ်ဦးက နားလည်‌ပေး‌နေသည့် LDB ၏ ‌ကြေညာချက်မှာ တပြည်လုံး၏ ငြိမ်းချမ်း‌ရေး အသွင်‌ဆောင်‌နေသည့်အတွက် အလွန်ဝမ်း‌မြောက်လှ‌ကြောင်း ကချင်ပြည်လွတ်လပ်‌ရေးအဖွဲ့(KIO)၏ ဒု နိုင်ငံခြား‌ရေးတာဝန် ခံ ဗိုလ်မှူးကြီးဂျိမ်း(စ်)လွန်း‌ဒေါင်က ‌ကေအိုင်စီကို ‌ပြောသည်။

“မြစ်ဆုံ‌ရေကာတာ တည်‌ဆောက်မှုဟာ တစ်ပြည်လုံးအ‌ရေးဖြစ်ပါတယ်။ ကချင်ပြည်ထဲမှာဆိုရင် ရွာ‌ပေါင်း ၆ဝနဲ့ လူ‌ပေါင်း ၂‌သောင်း‌လောက် ဒုက္ခ‌ရောက်ကြရမှာပါ။ ကချင်ပြည်တခုထဲ မဟုတ်ဘဲ မြစ်တစ်‌လျှောက်မှာ ‌နေထိုင်ကြတဲ့ လူမျိုးစုတိုင်း ဒုက္ခ ‌ရောက်ရမဲ့အ‌ရေးပါ။ ဒါ‌ကြောင့် ကျ‌နော်တို့အ‌နေနဲ့လည်း ဒီစီမံကိန်းကြီး ဆက်ပြီး မသွား‌အောင် ရပ်ထားတယ်။ ‌ရှေ့ဆက်ပြီး ‌တော့လည်း လူမျိုးစုအားလုံးနဲ့ ပူး‌ပေါင်းပြီး လုပ်‌ဆောင်သွားမှာပါ။”ဟု ဆိုသည်။

ထို့အပြင် ပြည်သူလူထုနှင့် ‌ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို လျစ်လျူရှုပြီး အတုအ‌ယောင်လွှတ်‌တော်တွင် ဆုံးဖြတ်ချက် ရယူမှုကို ကန့်ကွက်ကာ ‌ရေကာတာ ‌ဆောက်လုပ်ခြင်း စီမံကိန်းရပ်တန့်သွား‌စေမည့် KIO ၏ လိုအပ်‌သော လုပ် ‌ဆောင်မှုများကို ‌ထောက်ခံ‌ကြောင်းလည်း LDB က ဆိုသည်။

ဘိုးဘွားစဉ်ဆက် မြန်မာတိုင်းရင်းသားပြည်သူအားလုံး မှီတင်း‌နေထိုင်ခဲ့သည့် ဧရာဝတီမြစ်ကြီးမှာ မြစ်ဆုံ‌ရေကာတာ‌ကြောင့် ပျက်စီး‌ပျောက်ကွယ်သွားမည့် အန္တရာယ်ရှိသည့်အ‌ပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးအဖွဲ့များ၊ ပြည်တွင်းပြည်ပရှိ ပြည် သူအားလုံးနှင့် အဖွဲ့အစည်းများက ‌ရေကာတာ‌ဆောက်လုပ်ခြင်းကို အမြန်ဆုံး ရပ်ဆိုင်းရန် တင်ပြ ‌တောင်းဆိုခဲ့ကြသည်။

LDB ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ‌ကေအိုင်စီက ဂျပန်ရှိ LDB အဖွဲ့ဝင်များထံ ဆက်သွယ်‌မေးမြန်း‌သော်လည်း ဖုန်းကိုင် ‌ဖြေကြားမည့်သူ မရှိ‌ပေ။
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ကချင်ပြည်လွတ်လပ်‌ရေးအဖွဲ့(KIO)တို့သည် မြန်မာနိုင်ငံ ဒီမိုက‌ရေစီရရှိ‌ရေး၊ လူ့အခွင့် အ‌ရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်‌ထောင်စု ‌ပေါ်ထွန်းလာ‌ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်ကာ မြန်မာလူထုကြား၌ အခိုင် အမာ တည်ရှိ‌နေသည့် ‌တော်လှန်‌ရေးအဖွဲ့အစည်းအဖြစ် ‌လေးစား‌ကြောင်းကိုလည်း LDB က ထုတ်ပြန်‌ကြေညာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ရက်‌နေ့ကလည်း LDB အ‌နေဖြင့် မြန်မာအစိုးရစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်‌နေသည့် တိုးတက် ‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA)ကို ‌လေးစား‌ထောက်ခံ‌ကြောင်း ‌ကြေညာချက် ထုတ်ပြန်ခဲ့‌သေးသည်။