Home ထိပ်တန်းသတင်း ၂နှစ်အရွယ် က‌လေးငယ်အား အဓမ္မကျင့်သူ ဖမ်းဆီးခံရ

၂နှစ်အရွယ် က‌လေးငယ်အား အဓမ္မကျင့်သူ ဖမ်းဆီးခံရ

1980
စက်တင်ဘာလ ၂ဝရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ ရတ်ချဘူရီခရိုင် စွန်ဖုမြို့နယ်အတွင်းရှိ ထမ်းဟင်ဒုက္ခသည်စခန်းတွင် ၂နှစ်အရွယ် မိန်းက‌လေးအား အဓမ္မပြုကျင့်ခဲ့ သည့် ဦး‌လေး‌တော်စပ်သူအား ထိုင်းအာဏာပိုင်များ ယမန်‌နေ့က ဖမ်းဆီး‌ခေါ်‌ဆောင်သွားပြီဟု စခန်းမှ လာသည့်သတင်းများ အရ သိရသည်။

ထမ်းဟင်စခန်း ဇုံ(၃) ရပ်ကွက်(၁)တွင် ‌နေထိုင်သူ အသက် ၃၅နှစ်အရွယ် ‌စော‌ကျော်က‌ပေသည် ယမန်‌နေ့ ‌နေ့လည်က အရက်‌သေစာ ‌သောက်စားပြီးအပြန် မိမိအိမ်‌ရှေ့တွင် ‌ဆော့ကစား‌နေသည့် မိမိဇနီးဘက်မှ ‌တော်စပ်‌သော အသက် ၂နှစ်အ ရွယ် တူမ‌လေးအား ‌နေအိမ်တွင်း ‌ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့သည်ဟု ထမ်းဟင်စခန်းလုံခြုံ‌ရေးမှ အတွင်း‌ရေးမှူး ‌စောဖိုးလယ်၏ ‌ပြောပြချက်အရ သိရသည်။

“သူ အရက်မူးပြီး အိမ်ပြန်လာ‌တော့ သူ့တူမ‌လေးက အိမ်‌ရှေ့မှာ‌ဆော့‌နေတာကို‌တွေ့ပြီး အိမ်ထဲကို‌ခေါ်သွားတယ်။ က‌လေးနဲ့ ကစား‌နေတဲ့ သူ့အ‌ဖော်‌တွေကလည်း ဘာမှမသိကြဘူး။ ခဏကြာ‌တော့ က‌လေးမ‌လေးက ငိုပြီး ပြန်ထွက်လာတယ်။ အိမ်ကိုငို ပြီးပြန်လာတဲ့ က‌လေးကို သူ့အမျိုး‌တွေက ‌မေးကြည့်‌တော့ က‌လေးကလည်း အရမ်းငိုပြီး လူကြီး‌တွေ ကိုင်တာ‌တောင် မရဘူး။ အရမ်းနာ‌နေတယ်။ ‌နောက်‌တော့မှ ဖြစ်ခဲ့တာ‌တွေကို ‌ပြောပြတယ်။”ဟု ဆိုသည်။

ထိုက‌လေးငယ်အား စခန်းတွင်းရှိ ‌ဆေးရုံတွင် သွား‌ရောက်စစ်‌ဆေးကြည့်‌သောအခါ အဓမ္မကျင့်ခံထားရသည့် လက္ခဏာများ ‌တွေ့ရှိရသဖြင့် နိုင်ငံတကာ ကယ်ဆယ်‌ရေး‌ကော်မတီ(IRC)အဖွဲ့၏ အကူအညီဖြင့် စွန်ဖုမြို့နယ်‌ဆေးရုံသို့ ချက်ချင်း သွား ‌ရောက်ပို့‌ဆောင်‌ပေးခဲ့သည်ဟုလည်း ‌စောဖိုးလယ်က ဆက်‌ပြောသည်။

ထို‌နေ့ည‌နေ ၆နာရီအချိန်တွင် အရက်မူးကာ အိပ်‌ပျော်‌နေသည့် မုဒိမ်းမှုကျူးလွန်သူ ‌စော‌ကျော်က‌ပေကို သူ၏ ‌နေအိမ်၌ပင် ထိုင်းအာဏာပိုင်များက သွား‌ရောက်ဖမ်းဆီးခဲ့‌ကြောင်း စခန်းစီမံခန့်ခွဲ‌ရေးပရိုဂမ်(CMP)မှ ဝန်ထမ်းတဦးက ‌ပြောသည်။

“အဲ့ဒီ‌နေ့ည‌နေပိုင်း ၆နာရီအချိန်‌လောက်မှာ ထိုင်းပုလိပ် ၂‌ယောက်၊ ဒုက္ခသည်စခန်းဆိုင်ရာ ထိုင်းလုံခြုံ‌ရေး(‌အော‌စော်) ၁ ‌ယောက်နဲ့ စခန်းလုံခြုံ‌ရေးအဖွဲ့က တာဝန်ရှိသူ ၂‌ယောက်က သူ့ကို ဖမ်းသွားပြီး စွန်ဖုမြို့နယ်မှာရှိတဲ့ ရဲစခန်းမှာ သွားပို့လိုက် ကြတယ်။”ဟု ‌ပြောသည်။

‌စော‌ကျော်က‌ပေ၏ မိသားစုဝင်များမှာ တတိယနိုင်ငံသို့ သွား‌ရောက်‌နေကြပြီး ယခုဖြစ်ပျက်မှုအတွက် က‌လေးငယ်၏ မိဘ များက ‌စော‌ကျော်က‌ပေအား သတ်ပစ်ချင်သည့်အထိ နာကျည်း‌နေ‌ကြောင်း စခန်းတွင်း ‌နေထိုင်သူများက ‌ပြောဆို‌နေကြသည်။

Photo-KIC (ထမ်းဟင်ဒုက္ခသည်စခန်းတွင်း တ‌နေရာ)

ဒုက္ခသည်စခန်းများတွင် မုဒိမ်းမှု၊ လူသတ်မှု၊ မူးယစ်‌ဆေးဝါးမှုနှင့် လူကုန်ကူးမှု ပြဿနာများကို ထိုင်းနိုင်ငံ၏ တရားဥပ‌ဒေအ တိုင်း အ‌ရေးယူ‌ဆောင်ရွက်ရန် ထိုင်းအာဏာပိုင်များထံ အပ်နှံ‌လေ့ရှိပြီး ယခင်ကလည်း ထမ်းဟင်ဒုက္ခသည်စခန်းတွင် ဆယ် ‌ကျော်သက် မိန်းက‌လေးကို ကျူးလွန်သည့် မုဒိမ်းမှုတကြိမ် ဖြစ်ပွားခဲ့ဖူးသည်ဟုလည်း သိရသည်။

ဇုံ ၁၊ ၂၊ ၃ ဟူ၍ရှိပြီး ရပ်ကွက်‌ပေါင်း ၁၅ရပ်ကွက်ရှိသည့် ထမ်းဟင်ဒုက္ခသည်စခန်းတွင် လက်ရှိအချိန်၌ ဒုက္ခသည်ဦး‌ရေ ၈,၇၂၆ ဦးရှိသည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ(KRC)၏ မှတ်တမ်းအရ သိရသည်။