Home ထိပ်တန်းသတင်း အ‌ပြောင်းအလဲများနှင့် လူငယ်ဆိုင်ရာ စာ‌ပေ‌ဟော‌ပြောပွဲ ပြီးစီး

အ‌ပြောင်းအလဲများနှင့် လူငယ်ဆိုင်ရာ စာ‌ပေ‌ဟော‌ပြောပွဲ ပြီးစီး

1612
စက်တင်ဘာလ ၇ရက်။ (‌ကေအိုင်စီ)

မွန်ပြည်နယ်မြို့ ‌မော်လမြိုင်မြို့တွင် ကရင်လူငယ်များ ဦးစီးကာ စက်တင်ဘာလ ၄ရက်‌နေ့တွင် ပြုလုပ်ပြီးစီးခဲ့သည့် စာ‌ပေ‌ဟော‌ပြောပွဲသို့ စာ‌ရေးဆရာနှစ်ဦးမှ အ‌ပြောင်းအလဲများနှင့် လူငယ်ဆိုင်ရာ အ‌ကြောင်းအရာများကို လာ‌ရောက်‌ဟော‌ပြောခဲ့ကြသည်။

၎င်းစာ‌ပေ‌ဟော‌ပြောပွဲကို ‌မော်လမြိုင်မြို့တွင်းရှိ မဟာမြိုင်လမ်း အ‌ဝေး‌ပြေးကားဂိတ်အနီးမှ ‌ရွှေမြင့်မိုရ်ဟိုတယ်ခမ်းမတွင် ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး စာ‌ရေးဆရာ‌ကျော်ဝင်းမှ “အ‌ပြောင်းအလဲ သုံးမျိုး”နှင့် ဆရာအတ္တ‌ကျော်က “အ‌ပြောင်းအလဲနှင့် ယ‌နေ့လူငယ်” ‌ခေါင်းစဉ်များ ဖြင့် ရန်ကုန်မှ လာ‌ရောက်‌ဟော‌ပြောခဲ့သည်ဟု တက်‌ရောက်ခဲ့သူ ဘားအံမြို့မှ ကရင်လူငယ်တစ်ဦးက ‌ပြောသည်။

“ဆရာ‌ကျော်ဝင်းက အ‌ပြောင်းအလဲသုံးမျိုးကို (projector)ဖြင့် ပြသကာ ကမ္ဘာ့နိုင်ငံ‌ရေးနှင့် မြန်မာနိုင်ငံ‌ရေး နှိုင်းယှဉ်ရှင်းပြခဲ့ပြီး ပထမ လှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း အ‌ကြောင်းများကို ရှု‌ထောင့်အမျိုးမျိုးဖြင့် အကျယ်တဝင့် ‌ဟော‌ပြောသွားပါတယ်။ ဆရာအတ္တ‌ကျော်က ‌တော့ ဒီ‌နေ့လူငယ်‌တွေမှာ အကျင့်ဆိုး‌တွေ ‌ပြောင်းလဲပြီး လူကြီး‌တွေဆီက ‌ရွှေအကျင့်ဆိုး‌တွေကို မဆက်ခံ၊ မကျင့်ကြံဖို့ ရှင်းပြ‌ပြောဆို သွားတယ်။”ဟု ‌ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံရှိ လူငယ်များနှင့် မြန်မာနိုင်ငံရှိ လူငယ်များ၏ EQ, EI, EL အ‌ကြောင်းတို့ကို နှိုင်းယှဉ်ကာ ‌ဟော‌ပြောသွားခဲ့သည်ဟု သူက ဆိုသည်။

‌မော်လမြိုင်မြို့ခံ အမျိုသမီးငယ်တဦးက “ကျမတို့‌တွေအ‌နေနဲ့ ဒီလိုပွဲမျိုး တက်‌ရောက်ခွင့်ရဖို့ ကြုံခဲလှပါတယ်။ ဒီ‌ဟော‌ပြောပွဲမှာ ဗဟုသု တ‌တွေ၊ ပညာ‌တွေ အများကြီး ရပါတယ်။ နိုင်ငံတကာအ‌ခြေအ‌နေနဲ့ မြန်မာနိုင်ငံအ‌ခြေအ‌နေ‌တွေကို သိရပါတယ်။ လူငယ်တ‌ယောက်အ ‌နေနဲ့ ဘယ်လို EQ စိတ် ဘယ်လိုထားရမလဲဆိုတာ သိခွင့်ရခဲ့တယ်။ ‌နောင်လည်း ဒီလိုပွဲမျိုး လုပ်‌စေချင်ပါ‌သေးတယ်။”ဟု ‌ပြောသည်။

စာ‌ပေ‌ဟော‌ပြောပွဲကို နံနက်(၉)နာရီခွဲမှ ‌နေ့လည် (၁၂)နာရီခွဲအထိ ပြုလုပ်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ‌ဟော‌ပြောသည့် အ‌ကြောင်းအရာများ အ‌ပေါ် တက်‌ရောက်လာကြသည့် လူငယ်များနှင့် အပြန်အလှန် ‌မေးမြန်း‌ဖြေကြားခြင်းများကို ည‌နေ (၄)နာရီခွဲအထိ အပြီးသတ် ကျင်းပ နိုင်ခဲ့သည်။

Photo-KIC (စာ‌ပေ‌ဟော‌ပြောပွဲ တက်‌ရောက်ခဲ့ကြသူများ)

ဆရာအတ္တ‌ကျော်က “ဒီလိုပွဲမျိုး ‌နောက်‌နောင်အများကြီး ‌ဟော‌ပြောချင်ပါ‌သေးတယ်။ လူငယ်‌တွေကို အခုလို ‌တွေ့ရတာ ကျ‌နော် အများ ကြီး ဝမ်းသာပါတယ်ဗျာ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထို‌နေ့က ကျင်းပပြုလုပ်ခဲ့သည့် စာ‌ပေ‌ဟော‌ပြောပွဲသို့ ‌မော်လမြိုင်မြို့ခံ လူငယ်များ၊ မွန်စာ‌ပေနှင့် ယဉ်‌ကျေးမှုအဖွဲ့သားများ၊ သံဖြူဇရပ်နှင့် ဘားအံမြို့များမှ ‌ဒေသခံလူငယ်များ စုစု‌ပေါင်း လူဦး‌ရေ ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။