စက်တင်ဘာလ ၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲရှိ ရွာတရွာအတွင်းသို့ ပြီးခဲ့သည့် စက်တင်ဘာလ ၄ရက်နေ့ က အစိုးရစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နွား ၄ကောင် ထိခိုက်သေဆုံးသည့်အပြင် ရွာသားများ၏ နေအိမ် များကိုလည်း သေနတ်ဖြင့် ရမ်းကားပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
ထိုနေ့က စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၅)လက်အောက်ခံ ခမရ(၅၄၃)တပ်ရင်းနှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုအပြီး စစ်တပ်ဘက်က ဘုရားသုံးဆူမြို့နယ်ခွဲရှိ ကျောက်ဂူကျေးရွာအတွင်းသို့ ၆၀-မမ လက်နက်ကြီးဖြင့် အချက် ၄ဝ ပစ်ခတ်ခဲ့ခြင်းကို ဒေသခံတစ်ဦးက ယခုလို ပြောသည်။
၎င်းက “ရွာသားတွေက အိမ်အောက်မှာရှိတဲ့ ကတုတ်ကျင်းထဲကို အကုန်လုံး ဝင်ပုန်းသွားတယ်။ စစ်တပ်က လက်နက်ကြီးအ လုံး ၄ဝတိတိ လိုက်ပစ်တော့ ရွာထဲမှာ ၁၃လုံးကျတယ်။ ရွာပြင်မှာ ၂၇လုံးကျတယ်။ ရွာမှာ နွားထီး ၂ကောင်သေတယ်။ နွားမ ၂ကောင် ဒဏ်ရာရတယ်။ အဲလိုပစ်ခတ်ပြီးတော့ စစ်တပ်က ရွာထဲကို ဝင်လာပြီး အိမ်တွေလိုက်ရမ်းပစ်တယ်။ ကတုတ်ကျင်းမှာ ပုန်းနေတဲ့ ရွာသားတယောက်ရဲ့ အကျီင်္အိတ်ထဲက ထိုင်းဘတ်ငွေ ၁,၀၀ဝလည်း လုယူလိုက်တယ်။”ဟု ပြောသည်။
တပ်ဖွဲ့ဝင်ဦးရေ ၁၀၀ကျော်ရှိ ခမရ ၅၄၃တပ်ရင်းသည် ဘုရားသုံးဆူဒေသတွင် တပ်အင်အား လာရောက်ဖြည့်ဆည်းရန် တက် လာရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၆) တပ်ခွဲ(၂)နှင့် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) (၉၀၂)တပ်ရင်း ပူးပေါင်းတပ်တို့အကြား ကျောက်ဂူနှင့် သက်ကယ်ကျေးရွာကြား တွင် မိနစ် ၂ဝနီးပါး ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကရင်တပ်ဖွဲ့ဘက်က ပြောသည်။
ဒီကေဘီအေ (၉၀၇)မှ စစ်ကြောင်းမှူး ဗိုလ်ကြီးစောအေဝမ်းက “အင်အား ၂၀ကျော်ပါတဲ့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့နဲ့ ခမရ (၅၄၃)တို့ ကျောက်ဂူမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်။ အစိုးရစစ်တပ်မှ ၂ဦးဒဏ်ရာ အပြင်းအထန်ရတယ်။ ကျနော်တို့ဘက် က ထိတာ မရှိဘူး။ အခုလည်း အဲဒီစစ်တပ်က တာတိန်ရွာမှာပဲ ရှိသေးတယ်။”ဟု ပြောသည်။
ထို့အပြင် ယနေ့ မွန်းလွဲ ၂နာရီကျော်တွင် အစိုးရစစ်တပ် စကခ(၅)လက်အောက်ခံ ခမရ(၅၆၆)တပ်ရင်းကို အဆိုပါ ကရင်ပူး ပေါင်းတပ်ဖွဲ့ဝင်များက ဘုရားသုံးဆူမြို့နယ်ခွဲရှိ မြိုင်သာယာနှင့် အပလုံရွာကြားတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ ယခုအချိန်ထိ နှစ် ဘက် ထိခိုက်သေဆုံးမှု မသိရသေးကြောင်း ဗိုလ်ကြီးစောအေဝမ်းက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၈ရက်နေ့ကလည်း အစိုးရစစ်တပ် စကခ(၅)လက်အောက်ခံ ခမရ(၅၆၆)တပ်ရင်းအား ကရင်ပူးပေါင်း တပ်ဖွဲ့တို့က ကျောက်ဂူကျေးရွာအနီးတွင် ဝင်ရောက်ချုံခိုတိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၁ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရရှိခဲ့သည်ဟု ကရင်တပ်ဖွဲ့ဘက်က ပြောသည်။
စက်တင်ဘာလ ၃ရက်နေ့ထုတ် အစိုးရသတင်းစာတွင် နယ်ခြားစောင့်ဖွဲ့စည်းပြီးနောက် ဒီကေဘီအေအဖွဲ့အစည်းဟူ၍ မရှိ တော့ကြောင်း အငြိမ်းစားယူခဲ့သည့် ဒီကေဘီအေတပ်မှူးဟောင်းများနှင့် ဖွဲ့စည်းထားသော ဘားအံမြို့ရှိ ကရင်ပြည်နယ် ဒီမို ကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP)၏ သဘောထား ဖော်ပြချက်ကို တုံ့ပြန်သက်သေပြသည့်အနေဖြင့် ယခုလို တိုက် ပွဲအရှိန်မြှင့်လာရခြင်းဖြစ်သည်ဟု ဒီကေဘီအေဘက်က ထုတ်ဖော်ပြောဆိုသည်။