Home ထိပ်တန်းသတင်း ရန်ကုန်တွင် လူထု ၂၀၀‌ကျော် ဆန္ဒပြ

ရန်ကုန်တွင် လူထု ၂၀၀‌ကျော် ဆန္ဒပြ

1735
စက်တင်ဘာလ ၂၆ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

ရန်ကုန်မြို့ ‌မြောက်ဒဂုံ ၅ဝရပ်ကွက် မ‌ကွေး‌ကျောင်းတိုက်ဘက်မှ လူထု ၂၀ဝခန့်သည် ယ‌နေ့ ‌နေ့လည် ၁၁နာရီက နိုင်ငံ‌ရေး အကျဉ်းသား လွှတ်‌ပေး‌ရေး စာတမ်းပါ အဝါ‌ရောင် တီရှပ်အကျင်္ီများ ဝတ်ဆင်၍ ရန်ကုန်မြို့လယ်သို့ ချီတက်ဆန္ဒပြကြသည်။

အလားတူ ရန်ကုန်မြို့လယ်‌ခေါင် ဆူး‌လေ‌စေတီအနီးတွင်လည်း လူအင်အား ၅ဝခန့်ကလည်း အဝါ‌ရောင်တီရှပ်များ ဝတ်ဆင်ကာ ‌ရွှေတိဂုံ‌စေတီဘက်သို့ လမ်း‌လျှောက်ချီတက် ဆန္ဒပြခဲ့ကြသည်။

‌မြောက်ဒဂုံဘက် ဆန္ဒပြမှုကို ကိုယ်တိုင်ပါဝင်ခဲ့သူတဦးက “‌ရွှေဝါ‌ရောင် နှစ်ပတ်လည်နဲ့ မြစ်ဆုံကိစ္စ‌ကြောင့် ဆန္ဒပြတာ ဖြစ်တယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တီရှပ်အကျင်္ီတွင် “နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌ရေးကွန်ယက်၊ ဧရာဝတီကို ကယ်တင်ကြ၊ နိုင်ငံ‌ရေးအကျဉ်းသားများ တစ် ‌ယောက်မကျန် ချွင်းချက်မရှိလွှတ်” အစရှိသည့် စာတန်းများ ‌ရေးထိုးပါရှိသည်။ သို့‌သော် ဆန္ဒပြသူများအ‌နေဖြင့် နိုင်ငံ‌ရေး ‌ကြွေး ‌ကြော်သံ ‌အော်ဟစ်ခဲ့ခြင်း မရှိဘဲ တိတ်ဆိတ်စွာ ချီတက်ခဲ့ကြသည်ဟု ၎င်းက ဖြည့်စွက်‌ပြောဆိုသည်။

မနက်ဖြန် စက်တင်ဘာလ ၂၇ရက်‌နေ့သည် ၂၀၀၇ခုနှစ်က သံဃာ‌တော်များ ဦး‌ဆောင်သည့် ‌ရွှေဝါ‌ရောင် အ‌ရေးအခင်း၏ ၄နှစ်ပြည့် နှစ်ပတ်လည်‌နေ့လည်း ဖြစ်သည်။

ဆန္ဒပြပွဲတွင် NLD ပါတီဝင်‌ဟောင်းဖြစ်သူ ‌ဒေါ်‌နော်အုန်းလှနှင့် တွံ‌တေးမြို့မှ ကျူရှင်ဆရာ ဦး‌အောင်‌ဖေတို့ ဦး‌ဆောင်ခဲ့ပြီး အမျိုး သားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD အဖွဲ့ဝင်အချို့၊ ‌ကျောင်းသားကွန်ယက်အဖွဲ့ဝင်အချို့၊ ကုန်‌ဈေးနှုန်း ကျဆင်း‌ရေး ‌တောင်းဆိုသည့် အဖွဲ့အချို့၊ လူထုအချို့နှင့် အခြားနိုင်ငံ‌ရေး ပါတီအဖွဲ့ဝင်အချို့ ပါဝင်သည်ဟု သိရသည်။ ဦး‌အောင်‌ဖေသည် မကြာခဏ အစိုးရ အား တကိုယ်‌တော် ဆန္ဒပြ‌လေ့ရှိသူတစ်ဦး ဖြစ်သည်။

‌မြောက်ဒဂုံဘက် ဆန္ဒပြသူများသည် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာ‌အေးအနီး မိုး‌လေဝသနှင့် ဇလ‌ဗေဒရုံးအ‌ရောက် ‌နေ့လည် ၁နာရီတွင် သက်ဆိုင်ရာ မြို့နယ်ရဲမှူးက တားမြစ်ခဲ့သည်။

‌နေ့လည် ၂နာရီအချိန် မိုးရွာသည့်အတွက် ‌မြောက်ဒဂုံဘက် ဆန္ဒပြသူများသည် လူစုများ စတင် လူစု ခွဲကြသည်။ ဆန္ဒပြသူများကို အာဏာပိုင်များက တားဆီးမှုများ ရှိခဲ့‌သော်လည်း ယ‌နေ့ ‌နေ့လည်အထိ ဖမ်းဆီးမှု မရှိခဲ့‌ပေ။

Photo-www.yeaungthu.com (ဆန္ဒပြလူထုအချို့ ချီတက်‌နေစဉ်)

ယခု ဆန္ဒပြပွဲ‌ကြောင့် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် အစိုးရတို့၏ ပူး‌ပေါင်း လုပ်‌ဆောင်မှုများ၊ ‌တွေ့ဆုံ ‌ပြောဆိုမှုများအား ထိခိုက်မည်ကို စိုးရိမ်မှုရှိသဖြင့် မလုပ်သင့်ဟု ထင်မြင်မှုများလည်း ထွက်‌ပေါ်လျက်ရှိသည်။ ယင်းသို့ သ‌ဘောမတူ‌ကြောင်းကို သတင်းစာဆရာကြီး လူထုစိန်ဝင်းနှင့် အလဲဗင်းမီဒီယာ၏ အမှု‌ဆောင်အရာရှိချုပ် ‌ဒေါက်တာသန်းထွဋ်‌အောင်တို့က ‌ပြောဆို ‌ကြောင်း ပြည်တွင်းထုတ် အလဲဗင်းမီဒီယာ ဝက်ဘ်ဆိုက်တွင် ‌ဖေါ်ပြထားသည်။