Home ထိပ်တန်းသတင်း ပဒိုမန်းငြိမ်း‌မောင်ကိစ္စ တရုတ်နှင့် မြန်မာအစိုးရများထံ KNU တရားဝင် စုံစမ်းမည်မဟုတ်

ပဒိုမန်းငြိမ်း‌မောင်ကိစ္စ တရုတ်နှင့် မြန်မာအစိုးရများထံ KNU တရားဝင် စုံစမ်းမည်မဟုတ်

1672
စက်တင်ဘာလ ၁ရက်။ (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU၏ ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင် ‌ပျောက်ဆုံးလျက်ရှိခြင်းနှင့် ပတ်သက်၍ တရုတ်နှင့် မြန်မာအစိုးရတို့အား တရားဝင် ဆက်သွယ်‌မေးမြန်းမည့် အစီအစဉ် မရှိ‌သေးဟု KNU က ‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင်သည် ဇူလိုင်လ‌နှောင်းပိုင်းတွင် တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွား‌ရောက်သည့် ခရီးစဉ်မှ ပြန်လာစဉ် ‌ပျောက်ဆုံးခဲ့ သည်ဟု သိရှိရ‌သော်လည်း မည်သည့်နိုင်ငံ ‌ရောက်ရှိ‌နေသည်ကို အတည်မပြုနိုင်သဖြင့် တရားဝင် မ‌မေးမြန်းခြင်း ဖြစ်သည်ဟု KNU တွဲဖက် အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက ‌ကေအိုင်စီကို ‌ပြောသည်။

“ပဒိုမန်းငြိမ်း‌မောင် အဖမ်းခံရတဲ့ ကိစ္စဟာ ‌သေ‌သေချာချာ မသိ‌သေး‌တော့ လှမ်းမ‌မေး‌သေးဘူး။ ကျ‌နော်တို့ အတည်ပြုလို့ ရရင် ‌တော့ ကျ‌နော်တို့လူကို နင်တို့ (တရုတ်နှင့် မြန်မာအစိုးရ) ဆွဲတယ်လို့ ‌ပြောလို့ရတယ်။ အဲဒါဆိုရင် လှမ်း‌မေးလို့ ရတယ်။”ဟု ရှင်းပြ သည်။

တရုတ်နိုင်ငံ ကူမင်းမြို့မှ ထိုင်းနိုင်ငံသို့ ပြန်အဝင် ‌လေဆိပ်တွင် ထိုင်းလူဝင်မှုကြီးကြပ်‌ရေးက ၎င်းကို ပြန်ဝင်ခွင့်မပြုဘဲ ကူမင်းသို့ ပြန်ပို့ခဲ့ရာမှ ထပ်မံ အဆက်အသွယ် မရရှိ‌တော့ပဲ ‌ပျောက်ဆုံး‌နေခြင်း ဖြစ်သည်ဟု ၎င်းက ဆက်‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင်သည် ယခုနှစ် ဇွန်လအတွင်း အစိုးရတပ်နှင့် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော် (KIA) တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် သွား‌ရောက်‌လေ့လာခဲ့သည်ဟုလည်း သိရသည်။

သူသည် KNU နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆက်ဆံ‌ရေးကိစ္စရပ်များတွင် အ‌ရေးပါသူ တဦးလည်း ဖြစ်သည်။

ထို့အပြင် ၎င်းသည် အမျိုးသား ဒီမိုကရက်တစ် တပ်‌ပေါင်းစု NDF၏ တာဝန်ရှိသူတစ်ဦးဖြစ်သကဲ့သို့ တိုင်းရင်းသားတပ်ဖွဲ့များနှင့် ပူး‌ပေါင်းဖွဲ့စည်းထားသည့် ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်‌ကောင်စီ (UNFC)တွင်လည်း ‌ကော်မတီဝင်တဦး ဖြစ်သည်။

၁၉၆ဝခုနှစ်ဝန်းကျင် ‌တော်လှန်‌ရေး အစိုးရလက်ထက် နိုင်ငံ‌ရေးလှုပ်ရှားမှု‌ကြောင့် ပဒိုမန်းငြိမ်း‌မောင်သည် ကိုကိုးကျွန်း နိုင်ငံ‌ရေး အကျဉ်းစခန်းသို့ အပို့ခံရသည်။ ထိုသို့ အကျဉ်းကျခံ‌နေရစဉ်ကာလအတွင်း အကျဉ်းသားများ၏ အခွင့်အ‌ရေးအတွက် အစာငတ်ခံ ဆန္ဒပြရာတွင် အကြိမ်ကြိမ် ပါဝင်ခဲ့သူဖြစ်သည်။

အကျဉ်းကျခံရာ ကိုကိုးကျွန်းမှ ပဒိုမန်းငြိမ်း‌မောင်သည် ဘဝတူ အကျဉ်းသား မန်း‌အောင်ကြည်၊ ကို‌အောင်‌ငွေတို့နှင့် အတူ မိုင်‌ပေါင်း ၂၀၀‌ကျော် ပင်လယ်ပြင်ခရီးကို ဖြတ်သန်းထွက်‌ပြေးနိုင်ခဲ့သည်။ သို့‌သော် တနသင်္ာရီကမ်းရိုးတန်း၊ ‌ရေးမြို့နယ်သို့အ‌ရောက်တွင် အာ ဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထိုအ‌တွေ့အကြုံများကို ‌ရေးသားထားသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်‌သောအခါ’အမည်ရှိ စာအုပ်ကို ၂၀၀ဝပြည့်နှစ်က ထုတ်‌ဝေခဲ့သည်။ ၁၉၈၂ခုနှစ်ကလည်း ‌မော်လမြိုင် အကျဉ်း‌ထောင်တွင် သူပုန်ဆက်သွယ်မှု ပုဒ်မဖြင့် ‌ထောင်ဒဏ် ၃နှစ် ကျခံခဲ့ရ ‌သေးသည်။